按 Enter 到主內容區
:::

回培力新住民資訊網首頁

လူမှုဖူလုံရေး
:::

ထောင်ယွမ်မြို့၏သားဖွားထောက်ပံ့ငွေ

  • 回上一頁
  • 友善列印
字型大小:
  • 地點:北部
  • 發布日期:
  • 單位:Taoyuan City Government
  • 更新日期:2020/08/18
  • 點閱次數:341

မိခင် သို့မဟုတ်ဖခင်၏အိမ်ထောင်စုသည် ထောင်ယွမ်မြို့တွင်တစ်နှစ်နှင့်အထက်ရှိပြီး လက်ရှိလည်းတည်ရှိနေသေးသည့်ရင်သွေးငယ်များ သားဖွား

ထောက်ပံ့ငွေလျှောက်၍ရသည်။

၁။ ထောင်ယွမ်မြို့ရှိအိမ်ထောင်စုမှတ်ပုံတင်ရုံးအသီးသီးတွင် မွေးစာရင်းသွားသွင်းပါ။

၂။ ပြည်ပတွင်မွေးဖွားသူများဖြစ်ပါက ပြည်တွင်းသို့ပြန်လာပြီးချိန်တွင် ထောင်ယွမ်မြို့ရှိအိမ်ထောင်စုမှတ်ပုံတင်ရုံးအသီးသီးတွင် ပထမဆုံးအကြိမ်

အိမ်ထောင်စုဇယားသွင်းပါ။

(အိမ်ထောင်စုဇယားသက်တမ်းကို နောက်ဆုံးအကြိမ်ထောင်ယွမ်မြို့သိုအိမ်ထောင်စုဝင်လာသည့်ရက်မှစ၍ ကလေးမွေးသည့်နေ့အထိတွက်သည်။)

ထောက်ပံ့ကြေးငွေ(ရင်သွေးငယ်၏မွေးစာရင်းအလိုက်ပေးသွားမည်ဖြစ်သည်။)

၁။ တစ်သားမွေးဆိုလျှင် ထိုင်ဝမ်ငွေ(၃၀၀၀၀)

၂။ အမွှာဆိုလျှင် ရင်သွေးတစ်ဦးကိုထိုင်ဝမ်ငွေ(၃၅၀၀၀)စီ

၃။ သုံးမွှာပူးနှင့်အထက်ဆိုလျှင် ရင်သွေးတစ်ဦးကိုထိုင်ဝမ်ငွေ(၄၅၀၀၀)စီ

ထောင်ယွမ်မြို့၏မွေးဖွားခြင်းထောက်ပံ့ကြေးနှင့်ပတ်သက်သည့် သတ်မှတ်ချက်များကို ထောင်ယွမ်မြို့အစိုးရ လူမှုရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှကြေညာ

ထားသည်များသာ အမှန်ဖြစ်သည်။

top