လူမှုဖူလုံရေးထောင်ယွမ်မြို့၏သားဖွားထောက်ပံ့ငွေ點閱:342မိခင် သို့မဟုတ်ဖခင်၏အိမ်ထောင်စုသည် ထောင်ယွမ်မြို့တွင်တစ်နှစ်နှင့်အထက်ရှိပြီး လက်ရှိလည်းတည်ရှိနေသေးသည့်ရင်သွေးငယ်များ သားဖွား ထောက်ပံ့ငွေလျှောက်၍ရသည်။ ၁။ ထောင်ယွမ်မြို့ရှိအိမ်ထောင်စုမှတ်ပုံတင်ရုံးအသီးသီးတွင် မွေးစာရင်းသွားသွင်းပါ။ ၂။ ပြည်ပတွင်မွေးဖွားသူများဖြစ်ပါက ပြည်တွင်းသို့ပြန်လာပြီးချိန်တွင် ထောင်ယွမ်မြို့ရှိအိမ်ထောင်စုမှတ်ပုံတင်ရုံးအသီးသီးတွင် ပထမဆုံးအကြိမ် အိမ်ထောင်စုဇယားသွင်းပါ။ (အိမ်ထောင်စုဇယားသက်တမ်းကို နောက်ဆုံးအကြိမ်ထောင်ယွမ်မြို့သိုအိမ်ထောင်စုဝင်လာသည့်ရက်မှစ၍ ကလေးမွေးသည့်နေ့အထိတွက်သည်။) ထောက်ပံ့ကြေးငွေ(ရင်သွေးငယ်၏မွေးစာရင်းအလိုက်ပေးသွားမည်ဖြစ်သည်။) ၁။ တစ်သားမွေးဆိုလျှင် ထိုင်ဝမ်ငွေ(၃၀၀၀၀) ၂။ အမွှာဆိုလျှင် ရင်သွေးတစ်ဦးကိုထိုင်ဝမ်ငွေ(၃၅၀၀၀)စီ ၃။ သုံးမွှာပူးနှင့်အထက်ဆိုလျှင် ရင်သွေးတစ်ဦးကိုထိုင်ဝမ်ငွေ(၄၅၀၀၀)စီ ထောင်ယွမ်မြို့၏မွေးဖွားခြင်းထောက်ပံ့ကြေးနှင့်ပတ်သက်သည့် သတ်မှတ်ချက်များကို ထောင်ယွမ်မြို့အစိုးရ လူမှုရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှကြေညာ ထားသည်များသာ အမှန်ဖြစ်သည်။
更新日期:
2024年5月18日
|