按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

တစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ ကို ဇွန်လ ၂၈ရက် အထိ တိုးချဲ့လိုက်ပြီး ရပ်ကွက်ကာကွယ်ရေးမျဥ်းအား တင်းကျပ်စွာစောင့်ရှောက်နိုင်ရန်အလို့ငှာ သက်ဆိုင်ရာကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/06/08
  • 點閱次數:285

ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာမှ ယနေ့ (၇) ရက်နေ့တွင်

ပြည်တွင်းကပ်ရောဂါကူးစက်မှု ဆက်လက်ပြင်းထန်နေပါသဖြင့်

တစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ ကို ဇွန်လ ၂၈ရက် အထိ တိုးချဲ့လိုက်ပြီး

ရပ်ကွက်ကာကွယ်ရေးမျဥ်းအား တင်းကျပ်စွာစောင့်ရှောက်နိုင်ရန်အလို့ငှာ

တစ်နိုင်ငံလုံးရှိပြည်သူများနှင့် အစိုးရမှ

အတူတကွဆက်လက်ပူးပေါင်းလုပ်ကိုင်သွားဖို့လိုကြောင်း ကြေငြာခဲ့သည်။

သက်ဆိုင်ရာနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

 

 

Ÿ   အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများကို အချိန်ပြည့်တပ်ဆင်ထားရမည်။

နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများကို ဖြောင်းဖြတော့မည်မဟုတ်ပဲ

ခြွင်းချက်မရှိ ဒဏ်ငွေဆောင်စေမည်။

Ÿ   ဖွင့်လှစ်ခွင့်မရှိသော အပန်းဖြေဖျော်ဖြေရေးနေရာများကို တင်းကြပ်စွာစစ်ဆေးမည်။

မလိုက်နာသူများကို တင်းကြပ်စွာအရေးယူဆောင်ရွက်မည်။

Ÿ   အစားအသောက်များကို ပါဆယ်ဝယ်ယူခြင်း၊ စတိုးဆိုင်များနှင့် စူပါမတ်ကက်များတွင်

လူဦးရေကန့်သတ်ခြင်းများကို လုပ်ဆောင်မည်။ ပြည်သူများအနေဖြင့် တစ်ကြိမ်တည်း

အလုံအလောက်ဝယ်ယူခြင်းဖြင့် ဈေးဝယ်ယူမှုအကြိမ်ကို လျှော့ချမည်။

Ÿ   မင်္ဂလာဧည့်ခံပွဲများနှင့် အသုဘအခမ်းအနားများကို မကျင်းပရပါ။

Ÿ   ဘာသာရေးစုဝေးမှုများကို အပြည့်အဝဆိုင်းငံ့ထားမည်။

ဘာသာရေးအဆောက်အအုံများကို ယာယီပိတ်ထားမည်။

Ÿ   အပန်းဖြေဖျော်ဖြေရေးနေရာများ၊ ပြပွဲကစားပွဲရုံများနှင့် ပညာဆည်းပူးရာနေရာများကို

ပိတ်ထားရမည်။

Ÿ   အဆောက်အအုံအတွင်း၌ လူ၅ဦး၊ အဆောက်အအုံပြင်ပ၌ လူ၁၀ဦး ထက်ပိုသော

စုဝေးခြင်း (အတူနေ မိသားစုဝင်များမပါပါ) နှင့် လူမှုရေးအရတွေ့ဆုံခြင်းများ

မပြုလုပ်ခြင်း။ မလိုအပ်သောသွားလာမှု၊ ပွဲလမ်းသဘင်များ၊ လူစုလူဝေးများကို

ရှောင်ကြဥ်ခြင်း။

Ÿ   မိမိ၏တကိုယ်ရည် ကျန်းမာရေးအား

ဂရုပြုစောင့်ကြည့်ခြင်း။(ရောဂါလက္ခဏာများပေါ်ပေါက်လာပါက

အမြန်ဆုံးဆေးကုသမှုခံယူပါ)

Ÿ   စီးပွားရေးအဆောက်အအုံများနှင့် အစိုးရရုံးများ။    

။လူအဝင်အထွက်ကန့်သတ်ခြင်း။ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊

လူမှုဆက်ဆံရေးအကွာအဝေးအား သတ်မှတ်ထားခြင်း။

Ÿ   လုပ်ငန်းခွင်များ၊အလုပ်ဌါနများ။ ။လုပ်ငန်းခွင်များ၌ လုပ်ငန်းဆက်လက်

လည်ပတ်နိုင်ရေးအတွက် သတ်မှတ်ထားသော

ကူးစက်ရောဂါကာကွယ်ရေးစည်းမျဥ်းများအား လိုက်နာခြင်း၊ တကိုယ်ရည်နှင့်

လုပ်ငန်းပတ်ဝန်းကျင် သန့်ရှင်းရေးအား စီမံခန့်ခွဲခြင်း၊

လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် စီမံချက်များ

စတင်အကောင်အထည်ဖော်ခြင်း(လုပ်ငန်းခွင်နေရာ ရွှေ့ဆိုင်းခြင်း၊

ရုံခန်းထဲတွင်နေရာအကွာအဝေးခြားပြီး အလုပ်လုပ်ခြင်း၊ အလုပ်ချိန်ပြောင်းလဲ၍

အလုပ်တက်ခြင်း။)

Ÿ   အများပြည်သူ အသုံးပြုသောနေရာများ၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ်များ၌

သန့်ရှင်းရေးအတွက်ပိုးသတ်ဆေးဖြန်းခြင်းတို့ကို အလေးထားပြုလုပ်ခြင်း။

 

ညွှန်ကြားရေးစင်တာမှ ယခုရက်ပိုင်းအတွင်း ဆေးရုံနှင့်

ကာလရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများအား ကူးစက်မှုကိစ္စရပ်များနှင့်ပတ်သက်၍

တစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ အောက် ဖြေလျှော့ပေးသည့်အချိန်အထိ

တစ်နိုင်ငံလုံးရှိဆေးရုံများကို (ခြွင်းချက်အခြေအနေများမှလွဲ၍)

ဆေးရုံသို့လူနာလာရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်စေပြီး ဆေးရုံတက်ရောက်နေသည့်

အတွင်းလူနာများနှင့်အတူ လိုက်ပါနိုင်သည့်လူဦးရေကိုလည်း

တစ်ယောက်အဖြစ်ကန့်သတ်ထားကြောင်း ပြောကြားခဲ့သည်။

ကာလရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများအနေဖြင့်လည်း နေထိုင်သူများကို

လာရောက်ကြည့်ရှုခွင့်ကို ဆိုင်းငံ့ထားခြင်းအပြင် ထူးခြားအခြေအနေ

မလိုအပ်သည့်အခြေအနေမျိုးတွင်လည်း မလာရောက်ကြရန်တောင်းဆိုထားသည်။

နေထိုင်သူများအား ခွင့်ယူ၍အပြင်သွားခြင်းကိုလည်း အတတ်နိုင်ဆုံးမလုပ်ဆောင်စေရန်၊

အဝင်အထွက်ကြီးကြပ်မှုကို အလေးထားလုပ်ဆောင်ပြီး

မလိုအပ်သည့်လူအဝင်အထွက်များ မဖြစ်စေရန်နှင့် တစ်ချိန်တည်းမှာပင် COVID-19

ထိတွေ့မှုအန္တရာယ်အခြေအနေများကို အမိအရယူနိုင်ရန်အလို့ငှာ

နေ့စဥ်ကျန်းမာရေးဝန်ထမ်း၊ ပြုစုစောင့်ရှောက်မည့်သူ၊ အဖော်ပြုနေထိုင်ပေးမည့်သူတို့၏

ကိုယ်အပူချိန်နှင့် ကျန်းမာရေးစောင့်ကြပ်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန်

ပြောကြားခဲ့သည်။

 

ညွှန်ကြားရေးစင်တာမှ ယခုအချိန်သည် ကပ်ရောဂါကာကွယ်တားဆီးရေး၏

အရေးကြီးဆုံးအခြေအနေဖြစ်သည့်အတွက် ပြည်သူများနှင့် အစိုးရ ဟန်ချက်ညီညီ

ကပ်ရောဂါကာကွယ်နိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာလျင်

ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကို

ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

top