ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍတစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ ကို ဇွန်လ ၂၈ရက် အထိ တိုးချဲ့လိုက်ပြီး ရပ်ကွက်ကာကွယ်ရေးမျဥ်းအား တင်းကျပ်စွာစောင့်ရှောက်နိုင်ရန်အလို့ငှာ သက်ဆိုင်ရာကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်။點閱:291ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာမှ ယနေ့ (၇) ရက်နေ့တွင် ပြည်တွင်းကပ်ရောဂါကူးစက်မှု ဆက်လက်ပြင်းထန်နေပါသဖြင့် တစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ ကို ဇွန်လ ၂၈ရက် အထိ တိုးချဲ့လိုက်ပြီး ရပ်ကွက်ကာကွယ်ရေးမျဥ်းအား တင်းကျပ်စွာစောင့်ရှောက်နိုင်ရန်အလို့ငှာ တစ်နိုင်ငံလုံးရှိပြည်သူများနှင့် အစိုးရမှ အတူတကွဆက်လက်ပူးပေါင်းလုပ်ကိုင်သွားဖို့လိုကြောင်း ကြေငြာခဲ့သည်။ သက်ဆိုင်ရာနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများကို အချိန်ပြည့်တပ်ဆင်ထားရမည်။
နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများကို
ဖြောင်းဖြတော့မည်မဟုတ်ပဲ ခြွင်းချက်မရှိ ဒဏ်ငွေဆောင်စေမည်။ ဖွင့်လှစ်ခွင့်မရှိသော အပန်းဖြေဖျော်ဖြေရေးနေရာများကို တင်းကြပ်စွာစစ်ဆေးမည်။
မလိုက်နာသူများကို တင်းကြပ်စွာအရေးယူဆောင်ရွက်မည်။ အစားအသောက်များကို ပါဆယ်ဝယ်ယူခြင်း၊ စတိုးဆိုင်များနှင့် စူပါမတ်ကက်များတွင် လူဦးရေကန့်သတ်ခြင်းများကို လုပ်ဆောင်မည်။
ပြည်သူများအနေဖြင့် တစ်ကြိမ်တည်း အလုံအလောက်ဝယ်ယူခြင်းဖြင့်
ဈေးဝယ်ယူမှုအကြိမ်ကို လျှော့ချမည်။ မင်္ဂလာဧည့်ခံပွဲများနှင့် အသုဘအခမ်းအနားများကို မကျင်းပရပါ။ ဘာသာရေးစုဝေးမှုများကို အပြည့်အဝဆိုင်းငံ့ထားမည်။
ဘာသာရေးအဆောက်အအုံများကို
ယာယီပိတ်ထားမည်။ အပန်းဖြေဖျော်ဖြေရေးနေရာများ၊ ပြပွဲကစားပွဲရုံများနှင့် ပညာဆည်းပူးရာနေရာများကို ပိတ်ထားရမည်။ အဆောက်အအုံအတွင်း၌ လူ၅ဦး၊ အဆောက်အအုံပြင်ပ၌ လူ၁၀ဦး ထက်ပိုသော စုဝေးခြင်း (အတူနေ မိသားစုဝင်များမပါပါ) နှင့် လူမှုရေးအရတွေ့ဆုံခြင်းများ မပြုလုပ်ခြင်း။ မလိုအပ်သောသွားလာမှု၊
ပွဲလမ်းသဘင်များ၊ လူစုလူဝေးများကို ရှောင်ကြဥ်ခြင်း။ မိမိ၏တကိုယ်ရည် ကျန်းမာရေးအား ဂရုပြုစောင့်ကြည့်ခြင်း။(ရောဂါလက္ခဏာများပေါ်ပေါက်လာပါက အမြန်ဆုံးဆေးကုသမှုခံယူပါ) စီးပွားရေးအဆောက်အအုံများနှင့် အစိုးရရုံးများ။ ။လူအဝင်အထွက်ကန့်သတ်ခြင်း။ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူမှုဆက်ဆံရေးအကွာအဝေးအား သတ်မှတ်ထားခြင်း။ လုပ်ငန်းခွင်များ၊အလုပ်ဌါနများ။ ။လုပ်ငန်းခွင်များ၌ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရေးအတွက် သတ်မှတ်ထားသော ကူးစက်ရောဂါကာကွယ်ရေးစည်းမျဥ်းများအား လိုက်နာခြင်း၊ တကိုယ်ရည်နှင့် လုပ်ငန်းပတ်ဝန်းကျင် သန့်ရှင်းရေးအား စီမံခန့်ခွဲခြင်း၊ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် စီမံချက်များ စတင်အကောင်အထည်ဖော်ခြင်း(လုပ်ငန်းခွင်နေရာ ရွှေ့ဆိုင်းခြင်း၊ ရုံခန်းထဲတွင်နေရာအကွာအဝေးခြားပြီး အလုပ်လုပ်ခြင်း၊ အလုပ်ချိန်ပြောင်းလဲ၍ အလုပ်တက်ခြင်း။) အများပြည်သူ အသုံးပြုသောနေရာများ၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဥ်များ၌ သန့်ရှင်းရေးအတွက်ပိုးသတ်ဆေးဖြန်းခြင်းတို့ကို အလေးထားပြုလုပ်ခြင်း။
ညွှန်ကြားရေးစင်တာမှ ယခုရက်ပိုင်းအတွင်း ဆေးရုံနှင့် ကာလရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများအား ကူးစက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးကပ်ရောဂါသတိပေးချက်အဆင့် ၃ အောက် ဖြေလျှော့ပေးသည့်အချိန်အထိ တစ်နိုင်ငံလုံးရှိဆေးရုံများကို (ခြွင်းချက်အခြေအနေများမှလွဲ၍) ဆေးရုံသို့လူနာလာရောက်ကြည့်ရှုခွင့်ကို ပိတ်ပင်စေပြီး ဆေးရုံတက်ရောက်နေသည့် အတွင်းလူနာများနှင့်အတူ လိုက်ပါနိုင်သည့်လူဦးရေကိုလည်း တစ်ယောက်အဖြစ်ကန့်သတ်ထားကြောင်း ပြောကြားခဲ့သည်။ ကာလရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများအနေဖြင့်လည်း နေထိုင်သူများကို လာရောက်ကြည့်ရှုခွင့်ကို ဆိုင်းငံ့ထားခြင်းအပြင် ထူးခြားအခြေအနေ မလိုအပ်သည့်အခြေအနေမျိုးတွင်လည်း မလာရောက်ကြရန်တောင်းဆိုထားသည်။ နေထိုင်သူများအား ခွင့်ယူ၍အပြင်သွားခြင်းကိုလည်း အတတ်နိုင်ဆုံးမလုပ်ဆောင်စေရန်၊ အဝင်အထွက်ကြီးကြပ်မှုကို အလေးထားလုပ်ဆောင်ပြီး မလိုအပ်သည့်လူအဝင်အထွက်များ မဖြစ်စေရန်နှင့် တစ်ချိန်တည်းမှာပင် COVID-19 ထိတွေ့မှုအန္တရာယ်အခြေအနေများကို အမိအရယူနိုင်ရန်အလို့ငှာ နေ့စဥ်ကျန်းမာရေးဝန်ထမ်း၊ ပြုစုစောင့်ရှောက်မည့်သူ၊ အဖော်ပြုနေထိုင်ပေးမည့်သူတို့၏ ကိုယ်အပူချိန်နှင့် ကျန်းမာရေးစောင့်ကြပ်မှုများကို ဆက်လက်လုပ်ဆောင်သွားကြရန် ပြောကြားခဲ့သည်။
ညွှန်ကြားရေးစင်တာမှ ယခုအချိန်သည် ကပ်ရောဂါကာကွယ်တားဆီးရေး၏ အရေးကြီးဆုံးအခြေအနေဖြစ်သည့်အတွက် ပြည်သူများနှင့် အစိုးရ ဟန်ချက်ညီညီ ကပ်ရောဂါကာကွယ်နိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာလျင် ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကို
ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
更新日期:
2024年5月19日
|