ကျန်းမာရေးစောင့်ရှောက်မှု
ငလျင်ဒဏ်မှ အသက်ကို ကာကွယ်နိုင်ရန် အဆင့် 3 ဆင့်
- 地點:臺灣
- 發布日期:
- 單位:勞動部勞動力發展署
- 更新日期:2024/04/26
- 點閱次數:19
မကြာသေးမီ နှစ်များအတွင်း အကြီးစားငလျင် လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်ဖြစ်ရပ်များကို မကြာခဏ ကြားနေရသည်။ ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်မှုနှုန်း များသည်။ ငလျင်လှုပ်ခတ်နေချိန်အတွင်း စိတ်လှုပ်ရှား မလွန်ကဲစေပါနှင့်။ အနီးအနားရှိ တောင့်တည်းခိုင်ခံသော ပရိဘောဂများကို ရှာဖွေပြီး ဦးခေါင်းကာကွယ်မှုကို အသားပေး လုပ်ဆောင်ပါ။
• မှောက်ထား ၊ • အုပ်ထား ၊ • ငြိမ်ထား
အကယ်၍ သင့်ဘေးအနီးအနားတွင် ရွေ့လျားနိုင်သော အထောက်အကူများ သို့မဟုတ် ဝှီးချဲများကို အသုံးပြုနေသော သူများရှိပါက အောက်ပါတို့ကို သတိထားပေးပါ။
• ထောက်ထား ၊ • အုပ်ထား ၊ • ငြိမ်ထား
အကယ်၍ အကူအညီလိုအပ်ပါက အထူးလိုင်းဖြစ်သော 1955 သို့မဟုတ် 119 စသည့် တရားဝင် ချန်နယ်များသို့ ဆက်သွယ်ပြီး အကူအညီ ရယူပါ။