按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

ယခုနှစ်အတွင်း ပြည်တွင်း၌ ဦးနှောက်အမြှေးရောင်ရောဂါ ကူးစက်ပျံ့နှံ့မှု ပထမဆုံး အတည်ပြုလူနာပေါ်ထွက်လာခဲ့သည်။ အများပြည်သူများအနေဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ရောဂါလက္ခဏာနှင့်ပတ်သက်၍ သံသယရှိသူများ တတ်နိုင်သမျှ ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ကြောင့် တိုက်တွန်းထားသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2024/03/29
  • 點閱次數:30

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (အောက်တွင် စီဒီစီဟူ၍သာ ဖော်ပြသွားမည်) မှ ယခုနှစ် (2024) ခုနှစ်အတွင်း ပြည်တွင်း၌ ပထမဆုံး ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ပွားမှုကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဤဖြစ်ပွားမှုမှာ မြောက်ပိုင်းဒေသရှိ (၄) နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပြီး သူမတွင် နိုင်ငံခြားခရီးသွားမှတ်တမ်း မရှိခဲ့ပါ။ ယခုနှစ် (2024) ခုနှစ် မတ်လအစောပိုင်းတွင် ချောင်းဆိုးခြင်းနှင့် နှာခေါင်းပိတ်ခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ သူမတွင် ပေါ်ပေါက်လာခဲ့သည်။ တစ်ပတ်အကြာတွင် ချောင်းဆိုးခြင်းလက္ခဏာမှာ ပိုမိုဆိုးရွားလာပြီး အဖျားတက်ခြင်း၊ အော့အန်ခြင်းနှင့် ခန္ဓာကိုယ်အားနည်းခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်လာခဲ့ကာ ဆေးခန်းများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း သူမ၏ အခြေအနေ ကောင်းမွန်ခဲ့ခြင်း မရှိပါ။ သို့ဖြစ်ပါ၍ ဆေးရုံတွင် ဆေးကုသမှုကို 15 ရက်နေ့မြောက်၌ ခံယူခဲ့ပြီး စမ်းသပ်စစ်ဆေးခြင်းမှတစ်ဆင့် ဦးနှောက်အမြှေးရောင်ရောဂါကူးစက်မှုကို ဆေးရုံမှ အတည်ပြုထုတ်ပြန်ခဲ့သည်။ လက်ရှိ သူမ၏ အခြေအနေသည် တည်ငြိမ်လျက်ရှိနေပါသည်။

စီဒီစီမှ ဦးနှောက်အမြှေးရောင်ရောဂါ၏ အဓိကကူးစက်သည့်လမ်းကြောင်းမှာ ရောဂါပိုးရှိသူ သို့မဟုတ် သယ်ဆောင်သူ၏ လည်ချောင်းနှင့် နှာခေါင်းအတွင်းမှ အရည်များ သို့မဟုတ် အစက်များကို ထိတွေ့ခြင်းအားဖြင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ပုံမှန်အားဖြင့် အနီးကပ် သို့မဟုတ် ကြာရှည်စွာ ထိတွေ့မှု ရှိမှသာ ထိရောက်သော ကူးစက်မှုကို ဖြစ်ပေါ်စေသည်။ ကျန်းမာသော သူများအနေဖြင့် ရောဂါလက္ခဏာမပြဘဲ နှာခေါင်းနှင့် လည်ချောင်းများတွင်သာ ဘက်တီးရီးယားများ ရှိနေတတ်ပြီး အနည်းငယ်သာ ရောဂါကူးစက်ခြင်းကို ခံရနိုင်သည်။ ခုခံအားစနစ် နည်းပါးသူတွေအနေဖြင့် ရောဂါဖြစ်နိုင်ချေဟာ ပို၍များပြီး ခန္ဓာကိုယ်အတွင်း ရောဂါလက္ခဏာမပြဘဲ ကိန်းအောင်းနေနိုင်သည့်ကာလမှာ ခန့်မှန်းခြေအားဖြင့် 2 ရက်မှ 10 ရက်အထိဖြစ်ပြီး အဖျားကြီးခြင်း၊ ပြင်းထန်သောခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ သွေးယိုစီးခြင်းတို့ ဖြစ်ပေါ်တတ်သည်။ တစ်ခါတစ်ရံတွင် မေ့မြောခြင်းလက္ခဏာများလည်း ဖြစ်ပေါ်တတ်သည်။ ပြင်းထန်သော အခြေအနေများတွင် နှလုံးရှော့ခ်ဖြစ်ကာ အသက်ဆုံးပါးနိုင်ပြီး ပဋိဇီဝဆေး ကုသမှုခံယူရန် လိုအပ်သည်။ အသက် 1 နှစ်အောက် ကလေးငယ်များတွင် ဦးနှောက်အမြှေးရောင်ခြင်းကဲ့သို့သော ပုံမှန်လက္ခဏာများမရှိဘဲ အဖျားတက်ခြင်း၊ အော့အန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ငိုခြင်း၊ အစာကျွေးရခက်ခဲခြင်းစသည့် လက္ခဏာများပေါ်ထွက်သည်။ သို့မဟုတ် ဖောရောင်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သော လက္ခဏာများ ပေါ်ထွက်တတ်ပြီး လည်ပင်းတောင့်တင်းသောလက္ခဏာမှာမူ မဖြစ်မနေ ပေါ်ထွက်မည်တော့ မဟုတ်ပါ။

စီဒီစီမှ ဆောင်းရာသီနှင့် နွေဦးရာသီများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေများသောရာသီဖြစ်သောကြောင့် လူများလွန်းသော သို့မဟုတ် လေဝင်လေထွက်မကောင်းသောနေရာများတွင် အချိန်ကြာကြာ နေထိုင်၊ ထိတွေ့ခြင်းများကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ ထို့အပြင် ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချနိုင်စေရန် လက်နှင့် အသက်ရှူလမ်းကြောင်း သန့်ရှင်းရေးတို့ကို အထူးဂရုပြုသင့်ကြောင်းကိုလည်း ဖော်ပြထားသည်။ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက ရောဂါအခြေအနေပိုဆိုးလာခြင်းမှ ကာကွယ်နိုင်ရန် စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို ခံယူရန် အလွန်လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ဆရာဝန်၊ သမားတော်များအား ရောဂါဖြစ်ပွားမှုများကို စောလျင်စွာ သတင်းပို့ရန်နှင့် လိုအပ်သည့်အခါတွင် ပဋိဇီဝဆေးကုသမှုကို စီမံဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။ သက်ဆိုင်ရာအချက်အလက်များကို ပိုမိုသိရှိလိုပါက စီဒီစီ ဝက်ဘ်ဆိုဒ် (https://www.cdc.gov.tw) သို့ ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် စုံစမ်းမေးမြန်းခြင်းတို့ကို လုပ်ဆောင်နိုင်ပြီး ကူးစက်ရောဂါကာကွယ်ရေးအထူးဟော့တ်လိုင်း 1922 (0800-001922) သို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။


top