按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

ယာဥ်မတော်တဆမှုဒေတာအချက်အလက်ကို အွန်လိုင်းတွင် ဒေါင်းလုဒ်လုပ်ခြင်း ၊ ကျန်းမာရေးအာမခံကတ်အတည်ပြုခြင်းကို အသစ်ထည့်သွင်းထားခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:其他
  • 更新日期:2024/03/25
  • 點閱次數:24

တရုတ်သင်္ချိုင်းကန်တော့ပွဲ ရောက်လာတော့မည်ဖြစ်သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အများပြည်သူများအား မြို့ခရိုင်အစိုးရအသီးသီး၏ “ကုသိုလ်ဖြင့် ရွှေကိုအစားထိုးခြင်း” နှင့် “ငွေစက္ကူများကို တစ်နေရာတည်းတွင် စုရှို့ခြင်း” စသည့်နည်းလမ်းများကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။ ဤနည်းများသည် လေထုထဲတွင် ကျပန်း မီးရှို့ကြောင့် မီးလောင်ကျွမ်းမှု၊ လေထုညစ်ညမ်းမှုတို့ကို ရှောင်ကြဉ်နိုင်ပြီး မိမိကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်သလို ပတ်ဝန်းကျင် ကာဗွန်ညစ်ညမ်းမှုကို လျှော့ချရာတွင်လည်း အထောက်အကူဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအက်ဥပဒေ ချိုးဖောက်ခြင်း သို့မဟုတ် မတော်တဆမီးလောင်မှုဖြစ်ပွားခြင်းအတွက် အပြစ်ပေးခံရခြင်းများမှလည်း ရှောင်ရှားနိုင်သည်။ သို့မဟုတ်ပါက မတော်တဆ မီးလောင်ကျွမ်းမှုဖြစ်စေသည့်အတွက် အရပ်ဘက် သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ တာဝန်များကို ခံယူရမည်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မကြာသေးမီကာလအတွင်း တရုတ်သင်္ချိုင်းသန့်ရှင်းရေးလုပ်သည့် အချိန်ကို ဝင်ရောက်လာပြီဖြစ်ကြောင်းထောက်ပြထားသည်။ တစ်ချိန်တည်းမှာပင် နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီနှင့် နွေဦးရာသီများ၏ လေထုညစ်ညမ်းမှု ရာသီကုန်ဆုံးချိန်ဖြစ်သော်ငြားလည်းပဲ ရာသီဥတုထူးခြား အခြေအနေကြောင့် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် လေအရည်အသွေးချို့ယွင်းမှု ရှိနေတတ်သေးသည်။ ထို့အပြင် တရုတ်သင်္ချိုင်းကန်တော့ပွဲတွင် ငွေစက္ကူများကို မီးရှို့ခြင်းကြောင့် မီးလောင်မှုကို ဖြစ်ပွါးစေနိုင်သလို ထိုမှတဆင့် လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး လေထုအရည်အသွေးကိုလည်း ဆိုးဝါးလာစေသည်။ ဤသည်မှာလည်း မီးသတ်သမားများကို ပင်ပန်းနွမ်းနယ်စေပြီး အခြားသော ကပ်ဘေးအန္တရာယ်ကယ်ဆယ်မှု စွမ်းရည်အပေါ်လည်း သက်ရောက်မှု ရှိတတ်သည်။ သို့ဖြစ်ပါဦ ပတ်ဝန်းထိန်းသိမ်းကာကွယ်ရေးဝန်ကြီးဌာနနှင့် မြို့ခရိုင်အသီးသီးမှ “ကုသိုလ်ဖြင့် ရွှေကို အစားထိုးခြင်း” ဖြင့် သဘာဝအတွက် ကောင်းမွန်သော ကန်တော့မှုမျိုးကို ပြောင်းလဲရန် ကြိုးစားမိတ်ဆက်လျက်ရှိသည်။ အများပြည်သူများအား ငွေစက္ကူများကို ဝယ်ယူမီးရှို့ရာတွင် အသုံးပြုမည့်ငွေအစား အလွယ်တကူဝယ်ယူ၍ရသည့် စတိုးဆိုင်များတွင် မီဒီယာလုပ်ငန်းသုံးစက်များတွင် လှူဒါန်းကြရန် တိုက်တွန်းထားသည်။ ပြီးခဲ့သည့် (2023) ခုနှစ် လှူဒါန်းထားသော ငွေပမာဏသည် ထိုင်ဝမ်ဒေါ်လာ 64 သန်း (အောက်ပါပုံအတိုင်း) ကျော်သွားပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတဖြစ်စသလို ဘိုးဘွားများကိုလည်း ရိုသေရာရောက်သည့်အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်သည်။

ထို့အပြင် မြို့ခရိုင်အစိုးရအသီးသီးမှ တရုတ်သင်္ချိုင်းကန်တော့ပွဲကာလအတွင်း သက်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ဥပမာ။ ။ နိုင်ငံတစ်ဝှမ်းရှိ မြို့ခရိုင်အသီးသီးတွင် “စုဆောင်းထားသော ငွေစက္ကူများကို တစ်နေရာတည်းတွင် စုသည်းမီးရှို့ပေးသည့်ဝန်ဆောင်မှု” ကို စီစဉ်ပေးထားသည်။ အသေးစိတ်အချက်အလက်အတွက် မြို့ခရိုင်အသီးသီးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနများသို့ ဆက်သွယ်စုံစမ်းနိုင်သည်။  ရှင်းကျုမြို့၊ ယွင်လင်ခရိုင်၊ လျန်ကျန်းခရိုင်များတွင် “အမွှေးတိုင် လျှော့ချရေး” ပညာပေးများကို လုပ်ဆောင်လျက်ရှိသည်။ ဖင်တုန်းခရိုင်အစိုးရအောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ မီးသတ်ဌာန၊ မြို့ပြရေးရာရုံးနှင့် ရဲဌာနများတွင် “တရုတ်သင်္ချိုင်းပွဲတော်ကာလအတွင်း မီးဘေးလုံခြုံရေးကြိုတင်ပြင်ဆင်မှု၊ လမ်းညွှန်မှုအစီအစဉ်” တို့ကို တစ်ပြိုင်နက် အကောင်အထည်ဖော်ကြပြီး စစ်ဆေးရေနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့ကို အားကောင်းစေသည်။ ထို့အပြင် အွန်လိုင်းမှတဆင့် ဘိုးဘွားများကို ကန်တော့ခြင်းဝန်ဆောင်မှုတို့ကို ထားရှိပေးထားပြီး အများပြည်သူအနေဖြင့်လည်း မြို့ခရိုင်အစိုးရအသီးသီးမှ ပေးဆောင်ထားသော အချက်အလက်များကို လေ့လာပြီး သင့်လျော်သောနည်းလမ်းများကိုလည်း ရွေးချယ်နိုင်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဌာနမှ အများပြည်သူများအား လေဟာပြင်တွင် မီးရှို့ခြင်းသည် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအက်ဥပဒေအရ တားမြစ်ထားပြီး ချိုးဖောက်သူအား ထိုင်ဝမ်ဒေါ်လာ 1,200 မှ 1 သိန်းအထိ ဒဏ်ငွေချမှတ်နိုင်ကြောင်း သတိပေးထားသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဌာနမှ မီးလောင်သည့်နေရာများကို စောင့်ကြည့်ရန် ဂြိုလ်တုများကို အသုံးပြုလျက်ရှိသည်။ မြို့ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဌာနများမှလည်း အမြင့်ပေါ်မှ  AI ရုပ်ပုံမီးခိုးဖမ်းရိုက်စနစ်များကို စဉ်ဆက်မပြတ် တပ်ဆင်ခဲ့သည်။ ဤစနစ်သည် 24 နာရီလုံး လည်ပတ်လျက်ရှိပြီး 360 ဒီဂရီ စောင့်ကြည့်နိုင်ပြီး လေဟာပြင်တွင် မီးလောင်မှု ဖြစ်စဉ်များကို အလိုအလျောက် စစ်ဆေးသိရှိနိုင်ပြီး စစ်ဆေးရန် ဝန်ထမ်းများကိုလည်း ချက်ချင်းစေလွှတ်နိုင်သည်ဖြစ်သည်။ သင်္ချိုင်းကန်တော့ပွဲ ဘိုးဘွားများကို ကန်တော့ခြင်းသည် ရိုးရာဓလေ့တစ်ခုဖြစ်သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနများမှ သတိပေးခြင်းနည်းဖြင့် အဓိကလက်စွဲဆုပ်ကိုင်ထားသော်လည်း ငွေစက္ကူရှို့ခြင်းကြောင့် မီးလောင်မှုများဖြစ်ပေါ်လာပြီး ပြင်းထန်သောအခြေအနေဖြစ်ပါက ပြစ်မှုဆိုင်ရာဥပဒေတစ်ခုဖြစ်သော အများပြည်သူကို အန္တရာယ်ရှိစေသည့် ရာဇဝတ်များညှိစွန်းနိုင်ပြီး လျော်ကြေး၊ နစ်နာမှုများတောင်းဆိုလာနိုင်သောကြောင့် ပြည်သူများသတိထားရန်လိုအပ်ပါသည်။


top