按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

“ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ” စနစ်သစ် စတင်နေပြီ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部
  • 更新日期:2024/03/20
  • 點閱次數:27

လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို တားဆီးထိန်းချုပ်ခြင်းသည် မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။ “ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ”ရှိ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တားဆီးထိန်းချုပ်ရေး ဥပဒေသစ်ကို မတ်လ 8 ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ စနစ်သစ်၏ ကြိုတင်ကာကွယ်ရေးတွင် အလုပ်ရှင်များ၏ အသိပညာနှင့် တာဝန်ကို အားကောင်းလာစေရုံသာမက အလုပ်ရှင်များက ကျူးလွန်ခြင်းခံရသူထံမှ တိုင်ကြားချက်ကို လက်ခံသည်ဖြစ်စေ ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအခြေအနေများကို ကြားနာသည်ဖြစ်စေ အလုပ်ရှင်များသည် ချက်ချင်းနှင့် ထိရောက်ပြီး မှန်ကန်သော ကုစားမှုများကို ပြုလုပ်ပေးပါမည်ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်။ ထို့အပြင် ပြင်ပအများပြည်သူ အာဏာပိုင်တိုင်းကြားချက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ်ကို ဖွဲ့စည်းထားပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်သူ၏ အမြင့်ဆုံး တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အလုပ်ရှင်အတွက် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ကျူးလွန်ခံရသူများကို အဓိက ကာကွယ်ပေးထားပြီး လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်စဥ်များ မဖြစ်ပွားစေရန် တားဆီးရန် ပါဝင်သည်။

အလုပ်သမားဝန်ကြီးဌာနမှ “ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ” ကို 2023 ခုနှစ် ဩဂုတ်လ 16 ရက်နေ့တွင် ပြောင်းလဲပြင်ဆင်ခဲ့သည်။ သက်ဆိုင်ရာ ဥပဒေခွဲများကို လေ့လာနိုင်ရန် အစည်းအဝေး 20 ကျော်ကို လုပ်ဆောင်ခဲ့ပြီး ခေါ်ယူခဲ့ပြီး” ကျား-မ တန်းတူ အလုပ်လုပ်ကိုင်ခွင့် ရရှိရေး ဥပဒေ အကောင်အထည်ဖော်ရေး အသေးစိတ်အချက်အလက်များ” နှင့် “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို တားဆီးနိုင်ရန် အစီအမံများ” အတွင်းရှိ ပြောင်းလဲရမည့် ဥပဒေခွဲ 7 ချက်ကို ဆွေးနွေးနိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလားတူမျိုး ဆွေးနွေးမှုများအတွက် ဖိတ်ကြားခဲ့သည်။ ထို့အပြင် လုပ်ငန်းအရွယ်အစားပေါ်မူတည်၍ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို တားဆီးရန်အတွက် အတွင်းပိုင်းရှိ အစီအမံများ ချမှတ်ရာတွင် လုပ်ငန်းအဖွဲ့အစည်းများအား ကူညီရန်အတွက် “လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတားဆီးကာကွယ်ရေးအစီအမံများ၊ တိုင်ကြားချက်နှင့် စည်းကမ်းစည်းမျဥ်းပုံစံများ” 3 မျိုးကို အထောက်အပံ့ပေးထားပြီး “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တိုင်းကြားမှုကို ကိုင်တွယ်ဖြေရှင်းရန် လမ်းညွှန်”ကို ကိုးကားနိုင်ရန်အတွက်လည်း ပြုစုထားသည်။

ထို့အပြင် ဥပဒေအသစ်အရ အလုပ်ရှင်များသည် ကျူးလွန်ခြင်းခံရသူ၏ တိုင်ကြားချက်ကို လက်ခံရရှိသည့်အခါ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု၏ ရလဒ်အား ကျူးလွန်ခံရသူ အလုပ်သမား ပေးထားသည့် မြို့ သို့မဟုတ် ခရိုင် (မြို့) ရှိ တာဝန်ရှိသူများထံ အကြောင်းကြားရန် လိုအပ်သည်။ အလုပ်သမားဝန်ကြီးဌာနမှ “လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတို်ကြားရေးစနစ်” (ဝဘ်ဆိုက် - https://shwn.mol.gov.tw/personal/login) ကို တည်ဆောက်ခဲ့ပြီး ပိုမိုအဆင်ပြေပြီး လုံခြုံသော အွန်လိုင်းပလက်ဖောင်းတစ်ခုကို ဖန်တီးပေးထားသည်။ လုပ်ငန်းအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအတွက် တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးသည့်အခါ ကျား-မ အသိပညာပေးမှုဖြင့် ပြင်ပ ပညာရှင်များထံမှ အကူအညီများကို ရယူရန် လိုအပ်လျက်ရှိသေးသည်။ အလုပ်သမားဝန်ကြီးဌာနမှ တည်ဆောက်ထားသော “လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုစုံစမ်းစစစ်ဆေးရေး ကျွမ်းကျင်ပညာရှင်ဒေတာဘေ့စ်” (ဝဘ်ဆိုက် - https://gepd.mol.gov.tw) အတွင်းတွင် ရှာဖွေနိုင်သည်။

အလုပ်သမားဝန်ကြီးဌာနမှ လုပ်ငန်းဌာနအရွယ်အစား ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ အလုပ်ရှင်မှ လုပ်ငန်းခွင်တွင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအခြေအနေများကို ကောင်းမွန်စွာ သိရှိထားရန်လိုအပ်ပြီး တက်ကြွစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ မိမိကိုယ့်ကိုယ်ကိုလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းခံရသူ၏ ခံစားချက်ကို ကိုယ်ချင်းစာ ခံစားတတ်ရန်လိုအပ်ပြီး ဤကဲ့သို့သော အခြေအနေမျိုး မဖြစ်ပွားစေရန် ရှောင်ရှားသင့်သည်။ တစ်ချိန်တည်းမှာပင် မေးမြန်းတိုင်ပင်ခြင်း၊ ဆေးဝါးကုသခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မေးမြန်းတိုင်ပင်ခြင်း စသည့် ထောက်ပံ့မှုမျိုးကို ပေးထားသည်။ ထို့အပြင် လိုအပ်သော ရှင်းလင်းမှုများကို လုပ်ဆောင်ခြင်း သို့မဟုတ် ဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ရမည်။ မိမိ၏ ကိုယ်ပိုင်အမြင်ဖြင့် ဆုံးဖြတ်ခြင်းများမပြုလုပ်ရန်၊ ဖြေရှင်းရန် မလိုအပ်ခြင်း သို့မဟုတ် အချိန်ဆွဲဖြေရှင်းမျိုး မရှိစေရန် အထူးမှတ်သားထားရမည်။ ဤကဲ့သို့သော အပြုအမူများသည် “ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ” ကို ချိုးဖောက်ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ ဤအကြိမ် ဥပဒေပြင်ဆင်မှုသည် အကြီးစားပြင်ဆင်မှုမျိုးဖြစ်ပြီး အစောပိုင်း အကောင်အထည်ဖော်ချိန်တွင် အသိပညာမြှင့်တင်ပေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖြည့်စွက်ပြောကြားထားသည်။ လုပ်ငန်းခွင် အားလုံးရှိ အလုပ်ရှင်များ၊ အလုပ်ရှာဖွေသူများနှင့် အလုပ်သမားများသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းမှ ကာကွယ်ခြင်းဆိုင်ရာ မှန်ကန်သော အယူအဆများကို ချမှတ်ထားရမည်။ လုပ်ငန်းခွင်အတွင်း လူအချင်းချင်း ဆက်ဆံရေး၊ အချင်းချင်း လေးစားမှုနှင့် အမှန်တကယ် ဖော်ရွေသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်။ လုပ်ငန်းအဖွဲ့အစည်းများတွင် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြစ်စဥ်များကို ကိုင်တွယ်ဖြေရှင်းချိန်တွင် မသေချာမှုများရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံတွင် အကူအညီတောင်းခံနိုင်သည်။ ဤဌာနမှ သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းအရင်းအမြစ်များ သို့မဟုတ် အသိပညာပေးအကြောင်းအရာများကိုလည်း ထောက်ပံ့ပေးထားသည်။ ဤဌာန၏ အချက်အလက်ဝဘ်ဆိုက်များရှိ မူလစာမျက်နှာ/ မေးမြန်းခြင်းဧရိယာ/ အလုပ်သမားအခြေအနေ/ လုပ်ငန်းခွင်အတွင်း ကျားမတန်းတူရေးဥပဒေ/ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတားဆီးကာကွယ်ရေးနှင့် လုပ်ငန်းခွင်တွင် တန်းတူဆက်ဆံရေး/ အခွင့်အရေးများကို (ဝဘ်ဆိုက် - https://www.mol.gov.tw/1607/28162/28166/28268/28272/lpsimplelist) တွင် ကိုးကားဖော်ပြထားသည်။


top