အပူချိန် အပူ၊ အအေး ကွာခြားမှု ကြီးမားသဖြင့် ဘေးကင်းလုံခြုံစေရန် နှလုံး အေးစက်ခြင်းမှ ကာကွယ်ပြီး နွေးနွေးထွေးထွေး ရှိစေပါ။
- 地點:臺灣
- 發布日期:
- 單位:衛生福利部
- 更新日期:2024/03/13
- 點閱次數:33
ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ 2022 ခုနှစ် နိုင်ငံသား သေဆုံးရသည့်အကြောင်းအရာ စစ်တမ်းအရ ပျှမ်းမျှအားဖြင့် 22 မိနစ်လျှင် လူ 1 ဦးသည် နှလုံးရောဂါဖြင့် သေဆုံးလျက်ရှိသည်။ အပူချိန် အပူ၊ အအေး ကွာခြားမှု ကြီးမားသဖြင့် အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ အများပြည်သူအား အအေးမိခြင်းမှ ကာကွယ်ရန် အစီအမံများကို အထူးလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာရှင်များ၊ (သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ သွေးချိုရောဂါ) စသည့်ရောဂါ သုံးမျိုး ရှိသူများ ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်းစသည်တို့ကို ဖြစ်ပွားခဲ့ဖူးသော မိသားစုဝင်များနှင့် အိမ်တွင် သက်ကြီးရွယ်အိုများ ရှိပါက အထူးဂရုပြုရမည်ဖြစ်သည်။ အမျိုးသားကျန်းမာရေးဝန်ကြီးဌာမှ အေးသောရာသီဥတုမျိုးတွင် “ဆိုးကျိုးမရှိ ကောင်းကျိုးသာရှိသော” နည်းလမ်းများကို ဖော်ပြပေးထားသည်။
သင့်လျော်သောအရေးယူမှုပြုလုပ်ပါ။
1. မျှတသော အစားအစာကို စားသုံးခြင်း - အဆီနည်းသော ၊ အချိုနည်းသော ၊ အငံနည်းသော (ဒီ ၃ မျိုး ဖြစ်သော) အစားအစာများကို ရွေးချယ်ပါ။
2. ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း - အရွယ်ရောက်ပြီးသူများအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး မိနစ် 150 ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။
3. လုံလောက်သော အိပ်စက်မှုကို ရယူခြင်း - အရွယ်ရောက်ပြီးသူများအနေဖြင့် တစ်နေ့လျင် 7-9 နာရီ အိပ်စက်ပါ။
မကောင်းတဲ့အခြေအနေတွေကို ရှောင်ပါ။
1. ဆေးလိပ်သောက်သုံးခြင်းမှ ရှောင်ကြဥ်ပြီး အရက်သောက်သုံးခြင်းကို လျှော့ချခြင်း - ဆေးလိပ်သောက်သုံးခြင်းသည် သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်တို့ကို တိုးစေပြီး နှလုံးသွေးကြောများကို ဆိုးရွားစွာ ထိခိုက်စေသည်။ ရေနွေးကြမ်း သို့မဟုတ် ရေကို အရက်အစားထိုးအဖြစ် သောက်သုံးပြီး ကျန်းမာရေးကို ဂရုစိုက်ပါ။
2. သင့်လျော်သော ခါးလုံးပတ်ကို ထိန်းညှိထားခြင်း - အဝလွန်ခြင်းသည် သွေးတိုး၊ ဆီးချို ၊ သွေးချိုဖြစ်ပွားမှုတို့ကို မြှင့်တက်စေနိုင်သဖြင့် အမျိုးသားများအနေဖြင့် ခါးလုံးပတ်ကို <90 စင်တီမီတာ (35 လက်မခန့်) ၊ အမျိုးသမီးများအနေဖြင့် ခါးလုံးပတ် <80 စင်တီမီတာ (31 လက်မခန့်) သာ ရှိစေပါ။
3. သွေးတိုး၊ ဆီးချို ၊ သွေးချိုတို့မှ ကာကွယ်ခြင်း - သွေးပေါင်ချိန် <140/90mmHg ၊ အစားမစာခင် သွေးတွင်းအဆီဓာတ် <126mg/dl ၊ လျော့နည်းသော လီပိုပရိုတင်းနှင့် ကိုလက်စတော <160mg/dl တို့အဖြစ် ထိန်းညှိပါ။
အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ သွေးတိုး၊ ဆီးချို ၊ သွေးချို အစောပိုင်းအဆင့်များတွင် ထင်ရှားသော ဝေဒနာများကို ပုံမှန်အားဖြင့် မတွေ့မြင်ရသဖြင့် အများပြည်သူများအနေဖြင့် မိမိရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ခြင်းကို သဘောပေါက်ရန် မလွယ်ကူကြောင်း သတိပေးထားသည်။ သို့ဖြစ်ပါ၍ တစ်နှစ်လျှင် တစ်ကြမ် 722 နိယာမအတိုင်း လိုက်နာဖို့နှင့် မိမိ၏ ကိုယ်ပိုင်သွေးပေါင်ချိန်ကို တိုင်းတာဖို့ အကြံပြုထားသည်။ “7” ရက် ဆက်တိုက် မနက်အိပ်ရာထပြီးချိန်နောက်နှင့် အိပ်ရာမဝင်ခင် တစ်ကြိမ်စီ တိုင်းတာပါ။ စုစုပေါင်း (2) ကြိမ်တိုင်းတာပြီး အဆိုပါ (2) ကြိမ်တိုင်းတာမှု၏ ပျှမ်းမျှတန်ဖိုးကို ရယူပါ။ လေဖြတ်ခြင်း သို့မဟုတ် နှလုံးသွေးကြောပိတ်ခြင်း စသည့် သံသယလက္ခဏာများ ပေါ်ထွက်လာပါက 119 သို့ ချက်ချင်း ဖုန်းဆက်ခေါ်ဆိုပြီး အရေးပေါ်ကုသမှုကို ခံယူခြင်းအားဖြင့် အဖိုးတန်အသက်ကို ပြန်လည်ရရှိစေနိုင်မည်ဖြစ်ပြီး နောက်ဆက်တွဲဝေဒနာများကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။