按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

ဓာတ်ငွေ့ယိုစိမ့်မှုအတွက် အရေးပေါ် လုပ်ဆောင်ရမည့် အဆင့် 4 ဆင့် (ဓာတ်ငွေ့ကို လုံခြုံစွာ အသုံးပြုမည်)

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部勞動力發展署
  • 更新日期:2024/03/01
  • 點閱次數:28

သတင်းတွေမှာ အမြဲလိုလို ဓာတ်ငွေ့မတော်တဆ ပေါက်ကွဲမှုကို မြင်နေရတယ်။ ဤအတွက် ထိခိုက်ဒဏ်ရာ၊ သေဆုံးမှုနဲ့ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတတ်တယ်။ နေ့စဥ်ဘဝမှာ မတော်တဆ ဓာတ်ငွေ့ပေါက်ကွဲမှု  ကို ဘယ်လို ကာကွယ်ရမလဲ။

ထိုင်ဝမ်မှာ လုပ်ငန်းပိုင်ရှင်တွေက ဓာတ်ငွေ့ထဲကို အနံ့ဆိုးဓာတ်ငွေ့ တစ်မျိုးထည့်ပေးလေ့ရှိတယ်။ ဒါကြောင့် အဲဒီလိုမျိုး အနံ့ ရပြီဆိုတာနဲ့ ဓာတ်ငွေ့ယိုစိမ့်နေပြီဆိုတာ သိနိုင်တယ်။ ဒီလိုအချိန်မျိုးမှာ

•မီးဖို၊ ဓာတ်ငွေ့အိုးနဲ့ ဓာတ်ငွေ့ပိုက်လိုင်းအဖွင့်အပိတ်တွေကို ပိတ်ရမယ်။ ဂရုတစိုက် လုပ်ဖို့လိုပြီး ညင်ညင်သာသာ လုပ်ဆောင်ရမယ်။

•မီး သို့မဟုတ် လျှပ်စစ်ပစ္စည်းများကို မသုံးပါနှင့်။

•လေဝင်လေထွက်ကောင်းအောင် တံခါးနှင့် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။

•119 ကို ဖုန်းဆက်ခေါ်ဆိုခြင်း သို့မဟုတ်  ဓာတ်ငွေ့ကုမ္ပဏီကို ဖုန်းဆက်ပြီး နေရာတွင် လာရောက်ဖြေရှင်းပေးခြင်းတို့ကို တောင်းဆိုပါ။


top