按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

တရုတ်နိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ပျံ့နှံ့မှုအခြေအနေမှာ နှေးကွေးလာပြီး “နေရာသတ်မှတ်၍ စစ်ဆေးခြင်း၊ စစ်ဆေးမှုကို တက်ကြွစွာ လက်ခံခြင်း” ဆိုသည့်အစီအမံကို ဖေဖော်ဝါရီလ ၁၆ရက်နေ့မှစတင်၍ ရုတ်သိမ်းခဲ့သည်။ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ် - 19 ကပ်ရောဂါအခြေအနေသည် မြင့်မားနေဆဲဖြစ်သောကြောင့် ပြည်တွင်းအဝင် (အထွက်) ခရီးသွားများအတွက် အခမဲ့ အိမ်တွင်းအမြန်စစ်ဆေးကိရိယာများကို မတ်လကုန်အထိ ပေးရန် သက်တမ်းတိုးထားသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2024/02/22
  • 點閱次數:28

တရုတ်ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်အရ တရုတ်ပြည် တောင်ပိုင်း၊ မြောက်ပိုင်းတွင် တုပ်ကွေးကဲ့သို့သော ရောဂါများ အတွက် ဆေးဝါးကုသမှုခံယူနှုန်းမှာ ယခုနှစ် (၂၀၂၄) ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင်မူ လေးပတ်ဆက်တိုက်ကျဆင်းလာခဲ့ခြင်း၊ တုပ်ကွေးမဟုတ်သော အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးပျံ့နှံ့မှုသည် နည်းပါးခြင်းစသည်တို့ကို တွေ့ရှိရကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင် (အောက်ပိုင်းတွင် စီဒီစီ ဟု အတိုချုပ်၍ ခေါ်ဝေါ်သွားမည်) မှ ထုတ်ပြန်ထားသည်။ သို့ဖြစ်ပါ၍ မူလအစောပိုင်းတွင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ခဲ့သော “နေရာသတ်မှတ်၍ စစ်ဆေးခြင်း၊ စစ်ဆေးမှုကို တက်ကြွစွာ လက်ခံခြင်း” အစီအမံဖြစ်သော တရုတ်နိုင်ငံ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ပျံ့နှံ့မှုအခြေအနေအတွက် တိုးမြှင့်ခဲ့သော စစ်ဆေးမှုများကို အကဲဖြတ်ပြီးနောက် ဖေ‌ဖော်ဝါရီလ ၁၆  ရက်နေ့မှ စတင်ပြီး ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့် ယမန်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ ကျွန်ုပ်တို့ နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် 4 ခုဖြစ်သော (ထိုင်ပေ၊ ထောင်ယွမ်၊ ထိုင်ကျုံးနှင့် ကောင်းရှုံ) တို့တွင် အဆိုပါ အစီအမံကို စတင်ခဲ့သည်ကို စီဒီစီမှ ရှင်းပြခဲ့သည်။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုဒေသများမှ ဝင်ရောက်လာသော ခရီးသွားများတွင် (တုပ်ကွေးကဲ့သို့သော‌ရောဂါ) လက္ခဏာရှိနေသောသူများအနေဖြင့် လေဆိပ်ရှိ ‌ရောဂါစစ်ဆေးမှုအတွက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများတွင် “မိမိဆန္ဒအရ ပူးပေါင်းဆောင်ရွက်မှု” ဖြင့် နှာခေါင်းတို့ဖက် နမူနာများကို စစ်ဆေးစေနိုင်ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ စုစုပေါင်း လူပေါင်း ၅၈၆ ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ရရှိသည့် နမူနာအများစုမှာ တုပ်ကွေးဗိုင်းရပ်စ် ( ၆၄ % ) ၊ ကိုရိုနာဗိုင်းရပ်စ် ( ၁၈ % ) တို့ဖြစ်သည်။ တရုတ်နိုင်ငံမှ ပေါ်ပေါက်သော သို့မဟုတ် ပုံမှန်မဟုတ်သော ရောဂါပိုးများကို မတွေ့ရှိပါ။ စီဒီစီမှ ခရီးသွားများမှ အဆိုပါ စစ်ဆေးမှုအစီအမံကို ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ မနက်ဖြန်မှစတင်၍ တရားဝင်ဖယ်ရှားပေးသွားမည်ဖြစ်ပြီး ပုံမှန်အဖျားစစ်ဆေးမှုနှင့် ကွာရန်တင်းအစီအမံများကိုသာ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်သည်။

ဒိပြင် လက်ရှိတွင် တရုတ်ပြည်မကြီး COVID-19 ကပ်ရောဂါအခြေအနေမှာ နိမ့်ပါးအခြေအနေတွင်ရှိသော်လည်း လတ်တလောတွင် အာရှ-ပစိဖိတ်နှင့် အရှေ့တောင်အာရှဒေသများတွင် COVID-19 ကူးစက်မှုနှုန်းမှာ မြင့်မားလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော ဂျပန်နိုင်ငံတွင် ကူးစက်မှုနှုန်းမှာ မြှင့်တက်လျက်ရှိသည်။ ထို့ကြောင့် ယခုနှစ် မူလ ဇန်နဝါရီလ ၃ရက်နေ့တွင် ထောင်ယွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဇန်နဝါရီလ ၁၇ရက်နေ့တွင် ကောင်းရှုံအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကျင်းမိန်ဆိပ်ကမ်း လင့်ခ်၃ခု တို့တွင် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်၍ ပြည်တွင်းအဝင် (အထွက်) ခရီးသွားများအတွက် အခမဲ့ အိမ်တွင်းအမြန်စစ်ဆေးကိရိယာများကို ပေးခြင်းကို မတ်လ ၃၁ရက်နေ့ အထိ ပေးရန် သက်တမ်းတိုးထားသည်။ ဖေဖော်ဝါရီလ ၁၄ရက်နေ့အထိ ခရီးသွားများ အမြန်စစ်ဆေးကိရိယာထုတ်ယူမှုဦးရေမှာ ၁.၁၄သန်းအထိ ရောက်ရှိခဲ့ပြီး လူအများ၏ အသိအမှတ်ပြုမှုကို ရရှိကြောင်းလည်း ဖော်ပြထားသည်။

စီဒီစီမှ နိုင်ငံတကာအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ပျံ့ပွားနေကြောင်းကို သတိပေးထုတ်ပြန်ထားသည်။ နိုင်ငံသားခရီးသွားများအနေဖြင့် ခရီးသွားနေစဥ်အတွင်း မိမိ၏ ကျန်းမာရေးအခြေအနေကို အထူးဂရုပြုသင့်သည်။ ပြည်တွင်းသို့ ဝင်ရောက်ချိန်တွင် ကိုယ်ပူခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများရှိပါက လေဆိပ်၊ ဆိပ်ကမ်းရှိ ကွာရန်တင်းတာဝန်ထမ်းဆောင်နေသူများထံ တက်ကြွစွာ အကြောင်းကြားပြီး အဖျားစစ်ဆေးခြင်းနှင့် ကျန်းမာရေးအကဲဖြတ်ခြင်းများကို လုပ်ဆောင်သင့်သည်။ ပြည်တွင်းသို့ ဝင်ရောက်လာပြီးနောက် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ ဆက်လက်ရှိနေသေးပါက သို့မဟုတ် ပို၍ ဆိုးဝါးလာပါက နှာခေါင်းစည်းတပ်ဆင်ပြီး ဆရာဝန်များထံ သွားရောက်၍ ဆေးကုသမှုအမြန်ဆုံးခံယူပါ။ ထို့အပြင် ခရီးသွားမှတ်တမ်း၊ ထိတွေ့မှုမှတ်တမ်းများကို ဆရာဝန်များ အကဲဖြတ်ပြီး ဆေးကုသရန်အတွက် တက်ကြွစွာ ပြောပြပေးခြင်းဖြင့် မိမိအပြင် မိမိ၏ အတူ နေထိုင်လျက်ရှိသော မိသားစုသူငယ်ချင်းများ၏ လုံခြုံမှုကိုလည်း ကာကွယ်ပေးသင့်သည်။

top