按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

ကျန်းမာရေးအာမခံဌာနမှ နှစ်ကူးကာလအတွင်း နာတာရှည်ရောဂါများအတွက် ဆေးစာများကို 10 ရက်စာ စော၍ ထုတ်ယူနိုင်ကြောင်း သတိပေးထားသည်။ နှစ်သစ်ကိုလည်း စိတ်အေးချမ်းသာစွာ ကျင်းပနိုင်မည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部中央健康保險署
  • 更新日期:2024/02/02
  • 點閱次數:25

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်ပြီး ပိတ်ရက်မှာ 7 ရက်ကြာမြင့်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ‌ဆေးရုံဆေးခန်းများမှ ကြည့်ရှုစစ်ဆေးပေးချိန်များ လျှော့ချခြင်း သို့မဟုတ် ဆေးခန်းပိတ်ခြင်း၊ ဆေးဝါးပေးဝေခြင်း ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားခြင်းများကို လုပ်ဆောင်မည်ဖြစ်သည်။ ဗဟိုကျန်းမာရေးအာမခံဌာန (နောက်ပိုင်းတွင် ကျန်းမာရေးဌာနဟု အတိုကောက် ခေါ်ဝေါ်သွားမည်။) မှ နာတာရှည်ရောဂါသည်များအတွက် စဥ်ဆက်မပြတ် ဆေးဝါးရယူရန်လိုအပ်သူများအနေဖြင့် ဆေးဝါးပြတ်တောက်ခြင်းမှ ကာကွယ်နိုင်ရန် စည်းမျဥ်းများကို ဖြေလျှော့ပေးသွားရန် ဥပမာများဖြင့် ဖော်ပြထားသည်။ အကယ်၍ ပြည်သူအနေဖြင့် ပြီးခဲ့်သည့်အကြိမ် (ပြီးခဲ့သည့်လ) ဆေးပေးသည့် အရေအတွက်၏ နောက်ဆုံးတစ်ရက် (သောက်သုံးကုန်ဆုံးမည့်ရက်) သည် နှစ်သစ်ကူးကာလ 2024 ခုနှစ် ဖေဖော်ဝါရီလ 8 ရက်နေ့မှ 2024 ခုနှစ် ဖေဖော်ဝါရီလ 14 ရက်နေ့အတွင်း ဖြစ်ပါက နှစ်သစ်ကူးပွဲတော်မတိုင်မီ 10 ရက်အလို (2024ခုနှစ် ဇန်နဝါရီလ 29ရက်နေ့ (အပါအဝင်) မှစတင်၍) တွင် ဆရာဝန်ထံတွင် ဆေးစာထုတ်ရန် သို့မဟုတ် ‌နောက်လအတွက် ဆေးများကို ကြိုထုတ်ထားနိုင်မည်ဖြစ်သည်။

ကျန်းမာရေးဌာနမှ အမျိုးသားကျန်းမာရေးအာမခံဆေးဝါးကုသရေး လုပ်ထုံးနည်းလမ်းဥပဒေများအရ “နာတာရှည်ရောဂါအတွက် ဆေးစာ” သည် ဆရာဝန်များဘက်မှ လူနာများအတွက် တည်ငြိမ်သော အခြေအနေရှိစေရန် ထုတ်ပေးသော ဆေးညွှန်းများကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိတွင် “စဥ်ဆက်မပြတ် နာတာရှည်ရောဂါများအတွက် ဆေးစာ” ကာလဆိုသည်မှာ ဆရာဝန်ဘက်မှ အမှန်တကယ် ဆေးပေးသော ရက်ဖြင့် တွက်ချက်ခြင်းဖြစ်သည်။ အများဆုံးမှာ ရက်ပေါင်း 90 ဖြစ်ပြီး အကြိမ်အလိုက် ပမာဏကို ချိန်ညှိပေးမည်။ တစ်ကြိမ်လျှင် ရက်ပေါင်း 30 အတွင်း သောက်သုံးရမည့် ဆေးပမာဏဖြစ်သည်။ နာတာရှည်ရောဂါများအတွက် စဥ်ဆက်မပြတ်ဆေးစာများကို ကိုင်ဆောင်ထားသူများသည် နောက်ဆုံးတစ်ခေါက် ဆေးဝါးထုတ်ပေးထားသော ကာလ မကုန်ဆုံးမီ 10 ရက်အတွင်း သွားရောက်မှသာလျှင် ဤဆေးညွှန်စာဖြင့် နောက်တစ်လ၏ ဆေးစာများကို ထုတ်ယူနိုင်မည်ဖြစ်သည်။

2024 ခုနှစ် နှစ်သစ်ကူးပွဲတော် အားလပ်ရက်အတွင်း နာတာရှည်ရောဂါ စဥ်ဆက်မပြတ် ဖြစ်ပွားနေသော လူနာများအနေဖြင့် ဆေးဝါးမှီဝဲမှု မပြတ်စေရန်နှင့် စိတ်အေးချမ်းသားစွာ နှစ်သစ်ကို ကြိုဆိုဖြတ်သန်းနိုင်ကြစေရန် ဆေးဝါးများကို ကြိုတင် ထုတ်ယူထားကြရန် ထပ်မံ သတိပေးအပ်ပါသည်။


top