နောကျဆုံးရသတငျး
ဆောင်းရာသီတွင် အအေး လွန်ကဲခြင်း - ပြင်ပတွင် အလုပ်လုပ်သူများ နွေးနွေးထွေးထွေး နေိုကြရန် အထူးသတိထားရမည်။
- 地點:臺灣
- 發布日期:
- 單位:內政部移民署
- 更新日期:2024/02/02
- 點閱次數:26
တောင်ထူထပ်သော၊ ကမ်းရိုးတန်း၊ ဆောက်လုပ်ရေး သို့မဟုတ် စိုက်ပျိုးရေးနှင့် ငါးဖမ်းဒေသစသည့် ပြင်ပများတွင် အလုပ်လုပ်နေကြသော အလုပ်သမားအနေဖြင့် အအေးလွန်ကဲခြင်းကြောင့် မတော်တဆမှု ဖြစ်နိုင်ချေမှာ အလွန်မြင့်မားသည်။ သို့ဖြစ်ပါ၍ လုပ်ငန်းခွင်တွင် ဘေးကင်းစေရန် အလို့ငှာ နွေးထွေးမှုရှိစေသည့် အစီအမံများကို ပြုလုပ်ရန် အထူးအရေးကြီးပါသည်။
• နွေးထွေးသော အဝတ်အစားများကို ဝတ်ဆင်ပါ။ ပို၍ နွေးထွေးမှု ရှိစေရန် အထပ်ထပ်ဝတ်ဆင်ခြင်းနည်းလမ်းကို အသုံးပြုရန် အကြံပြုပါသည်။
• နေထိုင်မကောင်းပါက အလုပ်လုပ်ခြင်းမှ ခေတ္တရပ်နားပြီး နွေးထွေးသော နေရာတွင် အနားယူပေးပါ။
• ရေနွေးပူပူ သို့မဟုတ် သောက်စရာပူပူလေးများကို သောက်သုံးခြင်းဖြင့် ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်ပေးပါ။
• အလုပ်မစတင်ခင်နှင့် အလုပ်ချိန်အတွင်း အရက်ယမကာ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။