လေဟာပြင်တွင် အလုပ်လုပ်ကြသော လုပ်သားများ ပျားတုပ်ခြင်းအန္တရာယ်ကို အထူးဂရုပြုသင့်သည် (ပျားတုပ်ခြင်း အန္တရာယ်)
- 地點:臺灣
- 發布日期:
- 單位:內政部移民署
- 更新日期:2024/01/19
- 點閱次數:23
ဆောင်းဦးနှင့် ဆောင်းရာသီသည် ပျားပေါက်များအတွက် မျိုးပွားခြင်းနှင့် အသိုက်တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ကြသော ရာသီဖြစ်သလို ပျားများ အစုလိုက် အပြုံလိုက် ရန်အပြုဆုံးကာလလည်း ဖြစ်သည်။ ပျားတူ (ဗက်စပါပျား) အတုပ်ခံရခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးကို အဆိပ်ဖြစ်စေသည့် တုန့်ပြန်မှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ ပို၍ ပြင်းထန်သော အခြေအနေမျိုးတွင် ဓါတ်မတည့်မှုကြောင့် ရှော့ခ်ရပြီး အသက်ဆုံးပါးသည့်အထိ ဖြစ်ပေါ်နိုင်သည်။
အကယ်၍ သင့်အလုပ်သည် လေဟာပြင်တွင် လုပ်ရသည်ဆိုပါက သင့်အနေဖြင့် -
•လုပ်ငန်းခွင်တစ်ဝိုက်တွင် ကင်းလှည့်နေကြသည့် ပျားများ သို့မဟုတ် ပျားလပို့ပုံစံနှင့်တူသည့် အရာဝတ္ထုများ ရှိမရှိကို အထူးဂရုပြုသင့်သည်။
•ချောမွေ့ပြီး အရောင်ဖျော့သော လက်ရှည်များကို ဝတ်ဆင်သင့်သည်။
•အကယ်၍ ပျားအုပ်စုများကို တွေ့ရှိပါက ကြောက်ရွံ့ခြင်း သို့မဟုတ် ဦးစွာ တိုက်ခိုက်ခြင်းများ မပြုလုပ်ပါနှင့်။ ဘေးမှ တဖြည်းဖြည်း ကွေ့ရှောင်ပြီး သွားသင့်သည်။