按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

အာဖရိကဝက်အပြင်းဖျားရောဂါအပါအဝင် အခြားနိုင်ငံရပ်ခြားတိရိစ္ဆာနိမှဖြစ်သော ကြီးမားသောကူးစက်ရောဂါများ ကျွန်ုပ်တို့နိုင်ငံသို့ ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထိုင်ဝမ်သို့လာရောက်သော နိုင်ငံခြားသားများ ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီပေးကြပါရန်

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2024/01/08
  • 點閱次數:27

၁။ နိုင်ငံတကာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါသည် လွန်စွာ ပြင်းထန်နေဆဲဖြစ်ပယခုရက်ပိုင်းအတွင်းတွင် တရုတ်ပြည်မကြီး၌ ကပ်ရောဂါအခြေအနေမှာ ပိုမိုပြင်းထန်လာခဲ့သည့်အတွက် ဝက်စျေးနှုန်းများ ဆက်တိုက်ကျဆင်းလာသည်။ နှစ်ကုန်တော့မည်ဖြစ်သည့်အတွက် မွေးမြူရေးအသားထွက်ကုန်များကို ၀ယ်လိုသည့် အားမှာလည်း တိုးမြင့်လျက်ရှိသည်။ သို့ဖြစ်ပါ၍ တရားမဝင် တိရစ္ဆာန်ထွက်ကုန်များ သယ်ဆောင်လာသည့် ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသည်များအတွက် ဒဏ်ကြေးငွေ ပေးဆောင်ရသည့် အမှုအရေအတွက်မှာလည်း တိုးမြင့်လျက်ရှိသည်။

တရုတ်နှစ်ကူး နွေဦးပွဲတော်အတွင်း အိမ်ပြန်လာကြမည့်သူများနှင့် လက်ဆောင်ပေးသည့် ဓလေ့ထုံးစံများကြောင့် ကျွန်ုပ်တို့နိုင်ငံအတွင်းသို့ အာဖရိကဝက်အပြင်းဖျားရောဂါ ကျူးကျော်ဝင်ရောက်လာခြင်းမှ ကာကွယ်နိုင်ရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြမည့် ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံခြားသားအိမ်ထောင်ဖက်၊ နိုင်ငံခြားသားနှင့် နိုင်ငံခြားသားကျောင်းသားများအား အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရာတွင် ကူညီပေးနိုင်သည့် ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ပြည်တွင်းသို့ ဝင်ရောက်သည့်အခါ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ သို့မဟုတ် လေယာဥ်ပေါ်မှ တည်ခင်းကျွေးမွေးသော အစားအစာများကို ပြည်တွင်းသို့ မှားယွင်းစွာ သယ်ဆောင်လာပါက ပြည်တွင်းသို့ မဝင်ရောက်မီ အမှိုက်ပုံးထဲတွင် စွန့်ပစ်ခြင်း သို့မဟုတ် အကောက်ခွန်ကို မဖြတ်မီတွင် စွန့်ပစ်ထားရမည်ဖြစ်သည်။

(၂) လွန်ခဲ့သော ၃ နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံ (ဒေသ) အတွင်းမှ ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါက ပထမအကြိမ်တွင် ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ချမှတ်ခြင်း ခံရမည်။ ဒုတိယအကြိမ် ဥပဒေထပ်မံချိုးဖောက်ပါက ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ချမှတ်ခြင်း ခံရမည်။ အကယ်၍ ဒဏ်ငွေချမှတ်ခြင်းခံရသော သူသည် ထိုင်ဝမ်၌ နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိသောသူဖြစ်ပါက ထိုနေရာတွင်ပင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)ကို ပေးဆောင်ရမည်။ အကယ်၍ ပေးဆောင်နိုင်ခြင်းမရှိပါက တိရစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဗျူရို (ကာကွယ်ရေးဗျူရိုဟုသာ ဖော်ပြသွားမည်)  ဌာနခွဲမှ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ဆောင်ကာ ပြည်ဝင်ခွင့်မှ ငြင်းပယ်ခြင်းခံရမည်ဖြစ်သည်။

(၃) ပြည်ပရှိ မိသားစု၊ ဆွေမျိုးနှင့် သူငယ်ချင်းများကို ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများကို အမြန်ချောပို့ သို့မဟုတ် စာတိုက်မှ မပေးပို့ပါရန် အသိပေးအကြောင်းကြားထားပါ။ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံဒေသအတွင်းမှ စာတိုက်မှတဆင့် ဝက်သားထွက်ကုန်များကို ပေးပို့သယ်‌ဆောင်လာပါ ပထမအကြိမ်တွင် ရှာဖွေစစ်‌ဆေးတွေ့ရှိပါက ပါဆယ်ထုတ်လက်ခံသိမ်းဆည်းမည့်သူထံမှ ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ကို ဒဏ်ငွေအဖြစ် ပေး‌ဆောင်စေမည်။ ဒုတိယအကြိမ်နှင့်အထက် ရှာဖွေစစ်ဆေးတွေ့ရှိပါက ပြင်းထန်သောဒဏ်ငွေဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကို ချမှတ်ခြင်း ခံရမည်။

၃။ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းဆိုင်ရာ အချက်အလက်များကို အမျိုးသားကာကွယ်ရေးနှင့် စစ်ဆေးရေးအေဂျင်စီ၏ အာဖရိကဝက်အပြင်းဖျားရောဂါသတင်း အချက်အလက်ဧရိယာ  (https://asf.aphia.gov.tw/ws.php?id=17894) တွင် ဒေါင်းလုဒ်လုပ်နိုင်၍ အသုံးပြုနိုင်သည်။ “အတွေ့များသော ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများ သယ်ဆောင်လာတတ်သည့် တိရစ္ဆာန်များ၊ အပင်များ သို့မဟုတ် ၎င်းတို့၏ ထုတ်ကုန်များဆိုင်ရာ ကွာရန်တင်းစည်းမျဉ်း အကိုးအကားဇယား" ကို (https://www.aphia.gov.tw/ws.php?id=10719) တွင် ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုနိုင်သည်။

top