按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

အဆက်မပြတ် အပူချိန် ကျဆင်းလာတဲ့အတွက် မိမိကိုယ်ကို နွေးထွေးအောင် ဘယ်လို ပြုလုပ်သင့်သလဲ။ သယ်ဆောင်ရ လွယ်ကူတဲ့ အပူပေးပစ္စည်းတွေကို အသုံးပြုတဲ့အခါ လိုက်နာသင့်တဲ့ အခြေခံ မူ (၂) ခု နှင့် အပူချိန် ကျဆင်းလာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိက အချက် (၈) ချက် ရှိပါတယ်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/28
  • 點閱次數:38

အပူချိန် နိမ့်ကျလာပြီ။ သက်ကြီးရွယ်အိုများ၊ သွေးတိုး၊  သွေးအဆီများ၊ ဆီးချိုရှိသူများ၊ မွေးကင်းစကလေးငယ်များအပြင် အိမ်မှ စောစောထွက်ပြီး နောက်ကျမှ အိမ်ပြန်သူများ သို့မဟုတ် ညဆိုင်းအလုပ်လုပ်ကြသူများအနေဖြင့် “ပြင်ပ” အပူချိန် ကွာခြားချက်ကို အထူးဂရုပြုသင့်ကြောင်း အမျိုးသားကျန်းမာ‌ရေးဦးစီးဌာနမှ  ပြောကြားထားပါတယ်။ ရုတ်တရက် သွေးပေါင်ချိန်မြင့်တက်လာခြင်းကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ “အခန်းတွင်း” အပူချိန်ကွာခြားချက်အတွက် တံခါးများနှင့် ပြတင်းပေါက်များကို လုံးဝအလုံပိတ်လို့ မရသည်ကို အထူးဂရုပြုပါ။ လေဝင်လေထွက် အထိုက်အသင့် ရှိရန် လိုအပ်ပြီး အိမ်ရာထရာတွင် “နှေး ၊ နွေး ၊ ထ ၊ ဝတ် ၊ လျှောက်” ဆိုတဲ့ အချက်ကိုလည်း လိုက်နာရမည်ဖြစ်ပါတယ်။ သယ်ဆောင်ရလွယ်ကူသော အပူပေးပစ္စည်းများသည် ဈေးကွက်တွင် အလွန်များပြားပြီး ၎င်းတို့ကို အသုံးပြုရာတွင် လိုက်နာရမည့် အချက် (၂) ချက် ရှိပါတယ်။ ပထမတစ်ချက်မှာ အချိန်အကြာကြီး အသုံးမပြုသင့်ပါ။ ဒုတိယတစ်ချက်မှာ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရမည်။ ဤသတိပေးထားသည့် အချက်တွေကို လိုက်နာခြင်းဖြင့် အေးချမ်းသော ရာသီဥတုကို ဘေးကင်းစွာ ဖြတ်ကျော်ပါ။ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာများ ထွက်ပေါ်လာပါက ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။

အပူချိန် ကျဆင်းလာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိက အချက် (၈) ချက် ရှိကာ ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းသည်။

1. ပတ်ဝန်းကျင် - အိမ်တွင်းရှိ အိပ်ခန်းများ၊ ရေချိုးခန်းများနှင့် ဧည့်ခန်းများကဲ့သို့သော သက်ကြီးရွယ်အိုများ ချော်လဲလွယ်သည့် နေရာများတွင် မီးရောင်များ ထွန်းလင်းထားဖို့ လိုပြီး ကြမ်းပြင်တွင်လည်း လမ်းလျှောက်သည့်အခါ အတားအဆီးမျိုးဖြစ်စေနိုင်သည့် အရာများကို စုပြုံမထားပါနှင့်။ ရာသီဥတုအေးသည့်အခါ သွေးလည်ပတ်မှုမှာ ပုံမှန်ထက်ပို၍ နှေးကွေးသွားသည့်အတွက် ခေါင်းမူးခြင်း သို့မဟုတ် နှလုံးမအီမသာဖြစ်ခြင်း စသည့်အချက်များကို အထူးဂရုပြုသင့်ပါတယ်။ ခန္ဓာကိုယ်နွေးထွေးအောင် လုပ်ဆောင်သည့်အပြင် လေဝင်လေထွက် အထိုက်အလျောက်ထားရှိပေးခြင်းကလည်း အထူးပင် အရေးကြီးပါတယ်။

2. နွေးနွေးထွေးထွေးထားခြင်း - မည်သည့်အချိန်အခါတွင်မဆို အိပ်ရာထချိန်တိုင်း “နှေး ၊ နွေး ၊ ထ ၊ ဝတ် ၊ လျှောက်” ဆိုသည့် စာလုံး ၅ လုံးပါ ပုံသေနည်းကို မှတ်သားထားဖို့ လိုပါတယ်။ ညဘက် အိပ်ရာဝင်သည့်အခါတွင်လည်း အနွေးထည်ကို ဦးစွာ ပြင်ဆင်ထားဖို့လိုပြီး အလွယ်တကူ ယူနိုင်သည့် အိပ်ရာဘေးတွင် ထားထားသင့်ပါတယ်။ မည်သည့်အချိန်ပဲဖြစ်ဖြစ် အိပ်ရာထချိန်မှာ အိပ်ရာပေါ်မှာ ခြေလက်‌လေးချောင်း သို့မဟုတ် အကြောပြေ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပါ။ ဤနည်းဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှုကို လုပ်ဆောင်ပြီးမှ ထပြီး ကုတင်ပေါ်မှာ ခဏထိုင်ပါ။ အဝတ်အစားတွေ ဝတ်ဆင်ပြီးမှ ဖြည်းဖြည်းချင်း ထပါ။ အိပ်ရာထပြီးနောက်တွင် လှုပ်ရှားမှုကို ခပ်သွက်သွက် လုပ်ဆောင်ခြင်းကို မပြုလုပ်ပါနှင့်။ ထို့အပြင် ရေနွေးသောက်ပြီး ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ဆောင်ပါ။

3. အစားအသောက် - ရာသီဥတုအေးတဲ့အခါ အစားအသောက် သို့မဟုတ် ဆေးဖက်ဝင်ဖြည့်စွက်စာပါဝင်တဲ့ ဟင်းရည် သို့မဟုတ် ဟင်းပွဲကို ရွေးချယ်ပါ။ အကယ်၍ အရက်ပါဝင်ပါက ခန္ဓာကိုယ်အပူချိန်နှင့် ပြင်ပပတ်ဝန်းကျင်အပူချိန် ကွာခြားချက်ကို အထူးဂရုပြုသင့်ပါတယ်။ ဒါ့အပြင် ဟင်းချိုသောက်သုံးတဲ့အခါမှာလည်း အစာပြွန်ပျက်စီးခြင်းမှ ကာကွယ်နိုင်ရန် ဟင်းချို၏ အပူချိန်ကို ၆၅ ဒီဂရီထက် မကျော်လွန်ပါစေနှင့်။

4. ရေပူစိမ်ခြင်း - အစားစားပြီးနောက် သို့မဟုတ် အရက်သောက်သုံးပြီးမှ ရေပူ ချက်ချင်း စိမ်ခြင်းမှ ရှောင်ကြဥ်ပါ။ အနည်းဆုံး ၂ နာရီ ခြားသင့်သလို ရေအပူချိန်မှာလည်း ၄၀ ဒီဂရီထက် မကျော်သင့်ပါ။ နောက်ပြီး တစ်ယောက်တည်း ရေပူစိမ်ခြင်းသည် လုံးဝမသင့်လျော်သည်ကို အထူးဂရုပြုပါ။

5. လေ့ကျင့်ခန်း - လေ့ကျင့်ခန်းလုပ်ရာတွင် ခန္ဓာကိုယ်သွေးပူလေ့ကျင့်ခန်းကို ဦးစွာ လုပ်ဆောင်ရမည်။ ဆေးလိပ်သောက်သုံးခြင်း၊ အရက်သောက်သုံးခြင်း၊ အဝလွန်ခြင်း သို့မဟုတ် နာတာရှည်ရောဂါရှိခြင်း သို့မဟုတ် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေများတဲ့သူတွေအနေဖြင့် နည်းနည်းနောက်ကျပြီးမှ အိမ်ပြင်ကို သွားရောက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အိမ်တွင်းမှာပဲ ရိုးရိုးလေ့ကျင့်ခန်းလုပ်ခြင်းတို့ကို လုပ်သင့်ပါတယ်။ အကယ်၍ အပြင်ကို သွားရောက်ပြီး လေ့ကျင့်ခန်းလုပ်ဆောင်လိုပါက သူငယ်ချင်းမိတ်ဆွေနဲ့အတူတူ သွားရောက်လုပ်ဆောင်သင့်ပါတယ်။ ဤနည်းဖြင့် တစ်ယောက်ကိုတစ်ယောက် ဖေးမဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

6. ဆေးဝါးများကို အချိန်မှန် သောက်သုံးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း - မိမိရဲ့ သွေးတွင်းသကြားဓာတ်၊ သွေး‌ပေါင်ချိန်နှင့် အခြားအချက်အလက်များကို ပုံမှန်တိုင်းတာပြီး မှတ်တမ်းတင်ထားရပါမယ်။ ဒါ့အပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန် ဆေးကို သောက်သုံးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ 

7. သင့်ကျန်းမာရေးအာမခံကတ်နှင့်အတူ အ‌ရေးပေါ်ဆေးဝါးများကို အမြဲသယ်ဆောင်ထားခြင်း - အပြင်သွားသည့်အခါတွင် ကိုယ်နှင့်အပါ ကျန်းမာရေးအာမခံကတ်ပြားကို ကိုင်ဆောင်ထားသင့်သလို မိမိပုံမှန် သွားနေကျဆေးရုံ‌၊ ကုသမှတ်တမ်း၊ ဆေးမတည့်မှုမှတ်တမ်းနှင့် အခြားအချက်အလက်များကိုလည်း မှတ်တမ်းတင်ထားပါ။ အကယ်၍ ဆရာဝန်မှ အရေးပေါ် ဆေးဝါးများကို ညွှန်ကြားထားပါက ကိုယ်နှင့်အတူ အမြဲ သယ်ဆောင်သွားရပါမယ်။

8. မူမမှန်သည့်အရာတစ်ခုခု ရှိပါက ဆေးကုသမှု ချက်ချင်း ခံယူခြင်း - ခန္ဓာကိုယ်တွင် ရင်ဘတ်တင်းကျပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ ရင်တုန်ခြင်း ၊ အသက်ရှူရန်ခက်ခဲခြင်း ၊ ပျို့အန်ခြင်း ၊ ချွေးစေးကျခြင်း ၊ ခေါင်းမူးခြင်း သို့မဟုတ် မူးမေ့ခြင်း စသည့် လက္ခဏာများ သို့မဟုတ် လေဖြတ်ခြင်းရှိနိုင်သည့် လက္ခဏာတစ်ခုခု ထွက်ပေါ်လာပါက “ပြုံးခြင်း ၊ လက်မြှောက်ခြင်း ၊ မင်္ဂလာလို့ ပြောခြင်း” စသည်တို့ကို မလုပ်ဆောင်နိုင်ပါက မိမိကိုယ်တိုင် ကားမမောင်းဘဲ ၁၁၉ ကို ချက်ချင်း ဖုန်းဆက်ပြီး အဆိုပါ လက္ခဏာများ ထွက်ပေါ်လာသည့်အချိန်ကို မှတ်သားထားပြီး ရွှေရောင်ကုသမှု အချိန်ဖြစ်သည့် ၃ နာရီအတွင်း ဆေးကုသမှုကို အမြန်ဆုံးခံယူပါ။


top