按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

နိုင်ငံသားသစ်တို့၏ IFI Network+ “နိုင်ငံသားသစ်များ ပျော်ပျော်ရွှင်ရွှင် ရေးခြယ်ကြမယ် - Belle အင်္ကျီသစ်လဲပြီ” လှုပ်ရှားမှု

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/22
  • 點閱次數:37

IFI Network+ ဟာ သင်နှင့်အတူ နှစ်တိုင်းရဲ့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီတွေကို အတူတူ ဖြတ်ကျော်ခဲ့ပြီး လိုအပ်နေသူများအတွက် သူတို့၏ စွမ်းရည်ကို မြှင့်တင်ရန်၊ လားရာအသစ်များကို လမ်းညွှန်ရန်တို့ကို ကူညီပေးလျက်ရှိပါတယ်။ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ လာဘ်ကောင် အသစ်စက်စက်ဖြစ်တဲ့ “Belle” လေးကတော့ အားလုံးကို တိတ်တဆိတ် ကာကွယ်အဖော်ပြုနေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Belle လေး 2024 ခုနှစ်မှာ တောက်တောက်ပြောင်ပြောင်နဲ့ ပေါ်ထွက်လာဖို့အတွက် Belle ကို ပရော်ဖက်ရှင်နယ်ကျကျ ဇာတ်ကောင်အသစ်ကို သင်ကိုယ်တိုင် ရေးဆွဲပေးရမှာဖြစ်သလို အင်္ကျီသစ်ကိုလည်း သင်ကိုယ်တိုင် လဲပေးရမှာပဲ ဖြစ်ပါတယ်။ IFI Network+ “ဆေးခြယ်ခြင်း” ဆိုတဲ့ ပျော်ရွှင်စရာပွဲတော်မှာ ပါဝင်ကြပြီး မဲနှိုက်ကံစမ်းခွင့်မှာလည်း ပါဝင်ကြပါစို့။ နောက်ပြီး ဆုကြီးတွေကို အိမ်ကို အလွယ်တကူ သယ်သွားကြပါစို့။ 

1. လှုပ်ရှားမှုအမည် - နိုင်ငံသားသစ်များ ပျော်ပျော်ရွှင်ရွှင် ရေးခြယ်ကြမယ် - Belle အင်္ကျီသစ်လဲပြီး

2. လှုပ်ရှားမှုအချိန်ဇယား - 

(1) လှုပ်ရှားမှုကာလ - 2023 ခုနှစ် ဒီဇင်ဘာလ 19 ရက်နေ့ မှ 2024 ခုနှစ် ဇန်နဝါရီလ 31 ရက်နေ့ထိ 

(2) မဲနှိုက်မည့်နေ့ - 2024 ခုနှစ် ဖေ‌ဖော်ဝါရီလ 7 ရက်နေ့ မတိုင်မီ

(3) ဆုကြေညာမည့်နေ့ - 2024 ခုနှစ် ဖေ‌ဖော်ဝါရီလ 20 ရက်နေ့ မတိုင်မီ

(4) ဆုပေးမည့်နေ့ - 2024 ခုနှစ် မတ်လ 2 ရက်နေ့ (အကြီးစားပွဲကြီးတွင် ဆုများကို ထုတ်ယူပါ။)

3. ပွဲစီစဥ်သူနှင့် ကျင်းပသူ -

(1) ပွဲစီစဥ်သူ - ပြည်ထဲရေးဝန်ကြီးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာန

(2) ကျင်းပသူ - E-service Information Corporation

4. လှုပ်ရှားမှုနည်းလမ်းများ - 

(1) အများပြည်သူအနေဖြင့် IFI Network+ ဝဘ်ဆိုက်မှ Belle မျဥ်းစက်ရုပ်ပုံ (JPG သို့ PDF ဖိုင် ၊ ကြိုက်ရာ သုံးပုံထဲမှတစ်ပုံရွေး) ပြီး ဒေါင်းလုတ်လုပ်ပါ။ စက္ကူဖြင့် ပရင့်ထုတ်ပြီး သို့မဟုတ် အွန်လိုင်းပေါ်တွင် ‌ဆေးရေးခြယ်ပြီး Belle ရဲ့ အပြင်အင်္ကျီကို အရောင်ပြောင်းပေးပါ။ မတူညီသည့် အလုပ်တာဝန်ထမ်းဆောင်နေသည့် ဇာတ်ကောင်တစ်ခုအဖြစ် ပြောင်းလဲပြီးပါက ပလက်ဖောင်းပေါ်တွင် အပ်လုတ်လုပ်ဆောင်နိုင်ပါပြီ။

(2) ရုပ်ပုံကို အပ်လုတ်လုပ်ချိန်တွင် IFI Network+ အတွက် စာတစ်ကြောင်း ချန်ခဲ့ပေးပါ။ ဥပမာ။ ။ IFI Network+ အပေါ် ‌ကျေးဇူးတင်စကားနှင့် ဆုတောင်းစကား၊ IFI Network+ ၏ သက်ရောက်မှု ၊ IFI Network+ နှင့် သင့်အကြားက ဆက်နွယ်မှုစဖြင့် ... စာသား၊ အကြောင်းအရာ ကန့်သတ်ချက်မရှိပါ။  ဒါပေမယ့် အနည်းဆုံး စာလုံးရေ ၁၀ လုံးအထက် ရေးခဲ့ပေးပါ။

(3) အထက်ပါအကြောင်းအရာများကို လုပ်ဆောင်ပြီး ခေါင်းစဥ်နှင့်ကိုက်ညီသူများသည် မဲနှိုက်ရန် အရည်အချင်း ပြည့်ဝသူဖြစ်ပါသည်။ ဤအကြိမ်လှုပ်ရှားမှုသည် လူဝင်မှုကြီးကြပ်ရေးဌာနအတွင်း ပွင့်လင်းမျှတသော မဲနှိုက်သည့်အစီအစဥ်ကို ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို 2024 ခုနှစ် အကြီးစားပွဲတွင် ဆုလက်ခံရယူရန် ဖိတ်ကြားသွားမည်ဖြစ်သည်။

5. လှုပ်ရှားမှုခေါင်းစဥ်နှင့် ကန့်သတ်ချက်များ -

(1) လက်ရာသည် လာဘ်ကောင် Belle ၏ မျဥ်းစက်ရုပ်ပုံတွင် ဆေးရေးခြယ်ရမည်ဖြစ်သည်။ Belle အတွက် အင်္ကျီဒီဇိုင်းအသစ်ကို ရေးဆွဲပေးရမည်ဖြစ်ပြီး အလုပ်တာဝန်ကို ထမ်းဆောင်နေသောဇာတ်ကောင်အဖြစ် ဖန်တီးပေးရမည်ဖြစ်သည်။ အခြားသော မျဥ်းစက်အဖြူရောင်နေရာများတွင် မိမိစိတ်ကြိုက် စိတ်ကူးစိတ်သန်းနှင့်အညီ ပုံဖော်ဖန်တီးနိုင်သည်။ Belle ၏ အဓိက ခန္ဓာကိုယ်ကိုတော့ မဖုံးအုပ်မိပါစေနှင့်။

(2) ရုပ်ပုံခေါင်းစဥ်တွင် လက်ရာ၏ အမည်ကို ရေးဖြည့်ရန် လိုအပ်သည်။ ထို့အပြင် ဓာတ်ပုံကို အပ်လုတ်လုပ်ပြီးနေက် ရုပ်ပုံဖော်ပြချက်တွင် IFI Network+ အတွက် မှတ်ချက်ချန်ပေးခဲ့ရမည်ဖြစ်သည်။ ချန်ခဲ့သော စာလုံးအရေအတွက်သည် ဆယ်လုံးအထက် ဖြစ်ရမည်။ စာမချန်ခြင်း သို့မဟုတ် စာလုံးအရေအတွက် ဆယ်လုံး မပြည့်ပါက လှုပ်ရှားမှု ခေါင်းစဥ်နှင့် ကိုက်ညီခြင်းမရှိပါ။

6. လှုပ်ရှားမှုအဆင့်ဆင့်

(1) ဤလှုပ်ရှားမှုဝဘ်ဆိုက်သို့ သွားရောက်ပြီး Belle ‌ဆေးရောင်ခြယ်မျဥ်းစက်ကို ဒေါင်းလုတ်လုပ်ပါ။

(2) စက္ကူဖြင့် ပရင့်ထုတ်ပြီး သို့မဟုတ် အွန်လိုင်းတွင် ဆေးရောင်ခြယ်ခြင်းကို လုပ်ဆောင်ပါ။ ဤနည်းဖြင့် Belle ကို တာဝန်ထမ်းဆောင်နေသော ဇာတ်ကောင်ထင်ဟပ်စေသည့် အဝတ်ကို ဝတ်ဆင်ပေးပါ။

(3) လှုပ်ရှားမှုပလက်ဖောင်းသို့ သွားရောက်ပြီး ရုပ်ပုံကို အပ်လုတ်လုပ်ပြီး လက်ရာအမည်ကို ရေးသွင်းပါ။ ရုပ်ပုံဖော်ပြချက်တွင် IFI Network+ အတွက် ဆုတောင်းစကားနှင့် ကျေးဇူးတင်စကားချန်ခဲ့ပေးပါ။ အနည်းဆုံး စာလုံးရေ ဆယ်လုံးဖြစ်ရမည်။ 

7. လှုပ်ရှားမှုပလက်ဖောင်း -https://feversocial.com/46526/IFI-29265

8. လှုပ်ရှားမှုဆုကြေး - ဂျာမနီနိုင်ငံထုတ် ရေစစ်ခရားအိုး 1 ခု နှင့် ရေစစ် 8 ခု ပါသော စက် တစ်ခု ၊ နှိပ်စက်ခေါင်း 4 မျိုးပါသော နှိပ်စက် 5 ခု။

9. ဂရုပြုရမည့်အချက်များ - 

(1) LINE@ တွင် သူငယ်ချင်းအဖြစ် အပ်ပြီး မဲနှိုက်သည့်အစီအစဥ်တွင် ပါဝင်ပါ။ အကောင့်တစ်ခုလျှင် မဲတစ်ကြိမ်သာ နှိုက်ခွင့်ရှိသည်။

(2) စစ်ဆေးအကဲဖြတ်ပြီးနောက် ဆုရရှိသူသည် လှုပ်ရှားမှုခေါင်းစဥ်နှင့် ကိုက်ညီမှု မရှိပါက ပွဲစီစဥ်သူမှ ဆုကြေးကို မပေးအပ်ပိုင်ခွင့် ရှိသည်။

(3) သင့်လျော်မှုမရှိသော လက်ရာရုပ်ပုံစာသားများဖြစ်ပါက ပွဲစီစဥ်သူမှ ဖယ်ရှားပိုင်ခွင့် ရှိသည်။

(4) ဤလှုပ်ရှားမှု၏ လက်ဆောင်ပစ္စည်းများကို ပေးပို့ပေးမည့်ဒေသများ - ထိုင်ဝမ် ၊ ဖုန်ဟူ ၊ ကျင်းမိန် ၊ မားကျူကျွန်းများသာ

(5) အကယ်၍ ဆဲဆိုသော ၊ အကောင်းမြင်သဘောမဆောင်သော ၊ ရည်ရွယ်ချက်ရှိရှိ အမည်ဂုဏ်သိက္ခာကို ဖျက်စီးလိုသော စသည့် စကားများပါခြင်းတို့သည် မဲနှိုက်ခွင့်ရှိသည့် အရည်အချင်းနှင့် ကိုက်ညီမည်မဟုတ်ပါ။

(6) ပွဲစီစဥ်သူမှ နောက်ဆုံး ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း ၊ အဆိုပါလှုပ်ရှားမှုကို ဖယ်ရှားခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။


top