按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

အရက်သောက်ပြီး ကားမောင်းခြင်းသည် အများပြည်သူ အန္တရာယ်ကို ချိုး‌ဖောက်သည့်အတွက် ထိုင်ဝမ်တွင် အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/21
  • 點閱次數:28

နမူနာအမှုတွဲ

ဗီယက်နမ်နိုင်ငံမှ ထိုင်ဝမ်သို့ အလုပ်လုပ်ကိုင်ရန် လာရောက်သော မစ္စတာငုရင်သည် တစ်ခါတွင် အဆောင်၌ ဘီယာ ၃ ဗူး သောက်ပြီး သူငယ်ချင်းကို ဆိုင်ကယ်ပေါ်တင်ပြီး ဆိုင်ကယ်မောင်းရာ လမ်းဆုံလမ်းခွတွင် မထင်မှတ်ဘဲ ဘတ်စ်ကားအသေးကို ဝင်တိုက်မိသည်။ ထို့နောက်မှ သက်ဆိုင်ရာရဲဝန်ထမ်းများ ရောက်ရှိလာပြီး စစ်ဆေးရာ မစ္စတာငုရင်အား လေမှုတ်ထုတ်ရသည့်ကိရိယာဖြင့် အရက်သောက်သုံးခြင်း ရှိမရှိ စစ်ဆေးရာ ရလဒ်မှာ တစ်လီတာလျှင် ၀.၅၃ မီလီဂရမ်ပမာဏရှိခဲ့သည့်အတွက် အရက်သောက်သုံးပြီး မောင်းနှင်ခြင်းကြောင့် ပြစ်မှုကျူးလွန်ခဲ့သည်ဟု သတ်မှတ်ခဲ့သည်။


ခွဲခြမ်းစိတ်ဖြာခြင်း

 မစ္စတာငုရင်သည် အရက်သောက်ပြီး လမ်းပေါ်တွင် ဆိုင်ကယ်မောင်းရာမှ ယာဥ်မတော်တဆဖြစ်ခဲ့သည့်အတွက် အများပြည်သူအန္တရာယ်ဖြစ်စေသည့်ပြစ်မှုကို ကျူးလွန်ခဲ့ပြီးဖြစ်သည်။ ပြစ်မှုဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့်အပြင် လေမှုတ်ထုတ်သည့် အရက်သောက်သုံးခြင်းရှိမရှိတိုင်းတာရာတွင်လည်း အရက်ပါဝင်မှုဟာ တစ်လီတာလျှင် ၀.၂၅ မီလီဂရမ် သို့မဟုတ် သွေးတွင်းအရက်ပါဝင်မှု ၀.၀၅ ရာခိုင်နှုန်းထက် ကျော်လွန်သည့်အတွက် ထောင်ဒဏ် ၃ နှစ် ထက်မပိုသော ၊ ထို့အပြင် ‌ထောင်ဒဏ်အပြင် ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၃ သိန်းအောက်ကို ပေးဆောင်ရမည်ဖြစ်သည်။

 ထိုင်ဝမ်တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသည် အကယ်၍ အရက်သောက်သုံးပြီး လမ်းပေါ်တွင် ယာဥ်မောင်းသည့်အတွက် တရားရုံးမှ အပြစ်ရှိကြောင်း ကောက်ချက်ချပါက အလုပ်သမားဝန်ကြီးဌာနမှလည်း သူတို့၏ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို ချက်ချင်း ရုပ်သိမ်းပြီး မိမိတို့နေရပ်နိုင်ငံသို့ ပြန်လည်ရန် အမိန့်ပေးမည်ဖြစ်သည့်အတွက် ထိုင်ဝမ်တွင် အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ထိခိုက်ဆုံးရှုံးမည်ဖြစ်သည်။

top