按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

IFI Network+ National Museum of Natural Science ၏ ဈေးပွဲတော် ၊ ၂၀၂၃ ခုနှစ် ရွှေ့ပြောင်းအခြေချသူများ ယဥ်ကျေးမှုပေါင်းစုံ ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ကြိုဆိုခဲ့သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/14
  • 點閱次數:21

င်ငံသားသစ် တိုးတက်ရေးအချက်အလက် ဝဘ်ဆိုက် (IFI Network+)  ဈေးပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့ (တနင်္ဂနွေနေ့) National Museum of Natural Science တွင် ကျင်းပခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာန၏ “ထိုင်ဝမ်အလယ်ပိုင်းကို ရွှေ့ပြောင်းအခြေချသူများ၏ နှလုံးသားစွမ်းအားများဖြင့် ထွန်းလင်းတောက်ပစေမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရွှေ့ပြောင်းအခြေချသူများ၏ လှုပ်ရှားမှုကို ကြိုဆိုခဲ့သည်။ IFI Network+ သည် ပွဲကျင်းပသည့်နေရာတွင် ကွန်ပျူတာဖြင့်ပြသခြင်း၊  ဈေးပွဲတော်အခင်းအကျင်းနှင့် စိတ်ဝင်စားစရာကောင်းသည့် ကတ်အသုံးပြုသော အမေးအဖြေဂိမ်းကစားခြင်းတို့မှတဆင့် အများပြည်သူများကို နိုင်ငံသားသစ် တိုးတက်ရေးအချက်အလက် ဝဘ်ဆိုက်နှင့်ပတ်သက်ပြီး ပိုမိုနားလည်အောင် လုပ်ဆောင်ပေးခဲ့သည်။

ပွဲကျင်းပသည့်နေ့တွင် အများပြည်သူများသည် စိတ်ဝင်စားစရာကောင်းသည့် အမေးအဖြကဏ္ဍတို့တွင် တက်ကြွစွာ ပါဝင်ခဲ့ကြပြီး ပွဲဈေးတန်းတစ်လျှောက်တွင်လည်း လူသူအများတန်းစီခဲ့ကြသည်။ တာဝန်ကျဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် ပြည်သူများမှ IFI Network+ သည် မည်သည့်ဘာသာစကား (၇) မျိုးထည့်သွင်းထားသနည်း၊ မည်သည့်ခေါင်းစဥ်ကြီး (၈) မျိုးရှိသနည်းနှင့် IFI Network+ ၏ နာမည်အရှည်ကောက်စသည့် မေးခွန်းများကို ဖြေဆိုခဲ့ကြသည်။ ထိုမှတဆင့် မှန်ကန်စွာ ဖြေဆိုနိုင်သူများသည် IFI Network+ မှ ပေးအပ်သော ဆုများကို ရရှိခဲ့ကြသည်။ ပွဲတော်သို့ လာရောက်ကြသူများနှင့် တာဝန်ကျဝန်ထမ်းများမှ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြသည့်အတွက် ပျော်ရွှင်စွာ ကစားနိုင်ခဲ့ကြပြီး IFI Network+ အတွက်လည်း အမှတ်တရကောင်းများကို ချန်ခဲ့နိုင်သည်။


top