按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

IFI Network+ ဝဘ်ဆိုက်လှုပ်ရှားမှု - ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုးနှင့် ပတ်သက်သည့် မေးခွန်းများ၏ အဖြေရလဒ်များ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/12/14
  • 點閱次數:23

က။ လှုပ်ရှားမှု အမည်

ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုးနှင့် ပတ်သက်သည့် မေးခွန်းများ


ခ။ လှုပ်ရှားမှု အချိန်ကာလ

(၁) လှုပ်ရှားမှု အချိန် - ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ထိ

(၂) လှုပ်ရှားမှု အွန်လိုင်းပေါ်သို့ ရောက်ရှိသည့်အချိန် - ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့

(၃) ဆုရရှိသူများ ကြေညာသည့်နေ့ - ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့


ဂ။ လှုပ်ရှားမှု ဖော်ပြချက်

ပ‌ဟေဠိဂိမ်းမှတဆင့် အများပြည်သူများအနေဖြင့် ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုး ပြဌာန်းခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနားလည်မှုကို မြှင့်တင်ပေးရုံသာမက အစိုးရ၏ ကျား-မ တန်းတူညီမျှမှုရှိရေး မူဝါဒများကို မြှင့်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် အောင်မြင်မှုများကို နားလည်စေနိုင်သည်။ IFI Network+ တွင်လည်း လူတိုင်းနီးပါး အလွယ်တကူ နားလည်နိုင်သည့် အချက်အလက်များကို ထည့်သွင်းပေးခြင်းအားဖြင့် အများပြည်သူများအနေဖြင့်လည်း အဆိုပါ ဝဘ်ဆိုက်၏ လက်တွေ့ကျမှုနှင့် အဆင်ပြေမှုများကိုပါ  ရရှိစေနိုင်မည်ဖြစ်သည်။


ဃ။ မေးခွန်းပုံစံ ဖန်တီးမှု

စုစုပေါင်း မေးခွန်း လေးခု ရှိပြီး မေးခွန်းများနှင့် အဖြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

မေးခွန်း 1 – “ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ” ၏ မူလနာမည်မှာ “ကျား-မ တန်းတူညီမျှ အလုပ်လုပ်ကိုင်ခွင့်ရှိရေး ဥပဒေ” ဖြစ်သည်။ ဦးစီးဌာနမှာ အလုပ်သမားဝန်ကြီးဌာန ဖြစ်သည်။ အကျုံးဝင်သည့်နေရာမှာ အလုပ်ခွင် (အလုပ်တက်ချိန်၊ ဆင်းချိန် မခွဲခြားပါ) ဖြစ်ပြီး အကျုံးဝင်သည့် လူပုဂ္ဂိုလ်မှာ အလုပ်ရှင်၊ အလုပ်သမား (အလုပ်သင်အပါအဝင်) ဖြစ်သည်။

အဖြေ 1 - ဟုတ်ပါသည်။

မေးခွန်း 2 – “ကျား-မ တန်းတူညီမျှ ပညာဆည်းပူးခွင့်ရှိရေး ဥပဒေ” ၏ ဦးစီးဌာနမှာ ပညာရေးဝန်ကြီးဌာန ဖြစ်သည်။ အကျုံးဝင်သည့်နေရာမှာ ကျောင်းဝင်း အတွင်းဖြစ်ပြီး အကျုံးဝင်သည့် လူပုဂ္ဂိုလ်မှာ တစ်ဘက်တွင် ကျောင်းအုပ်ရေး၊ သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ နှင့် တစ်ဘက်တွင် ကျောင်းသားကျောင်းသူများ ဖြစ်သည်။

အဖြေ 2 - ဟုတ်ပါသည်။

မေးခွန်း 3 – “လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဥပဒေ” ၏ ဦးစီးဌာနမှာ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဖြစ်သည်။ အကျုံးဝင်သည့်နေရာမှာ အများပြည်သူပိုင်နေရာနှင့် အခြားနေရာများ ဖြစ်ပြီး အကျုံးဝင်သည့် လူပုဂ္ဂိုလ်မှာ နှစ်ဦးနှစ်ဘက်တွင် တိကျသော ဆက်ဆံရေးမရှိသူများ ဖြစ်သည်။

အဖြေ 3 - ဟုတ်ပါသည်။

မေးခွန်း 4 - ကျေးဇူးပြု၍ အထက်ဖော်ပြပါ ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ ပြောင်းလဲပြီးနောက် ဥပဒေသစ်နှင့် စနစ်သစ်၏ အဓိက ရည်မှန်းချက် သုံးချက်မှာ ဘာပါလဲ။

• ကျူးလွန်သူများအား “ထိရောက်မှု” ရှိသော ဒဏ်ခတ်အရေးယူမှုနှင့် ပြစ်ဒဏ်များကို အားကောင်းအောင် လုပ်ဆောင်မည်။

• သားကောင်ဖြစ်သွားသူများအား “ဖော်ရွေမှု” ရှိသော အခွင့်အရေး၊ အာမခံရှိရေးနှင့် ဝန်ဆောင်မှုများကို ပြီးပြည့်စုံအောင် လုပ်ဆောင်မည်။

• ကျွမ်းကျင်ပြီး “ယုံကြည်စိတ်ချနိုင်မှု” ရှိသော လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ်ကို တည်ဆောက်မည်။

အဖြေ 4 - ဟုတ်ပါသည်။


င။ လှုပ်ရှားမှု ရလဒ်

(၁) ပါဝင်သူ အရေအတွက်

လှုပ်ရှားမှုတွင် စုစုပေါင်း 424 ဦး ပါဝင်ခဲ့သည်။

(၂) မှန်ကန်စွာ ဖြေဆိုနိုင်သူ အရေအတွက်

မေးခွန်း လေး ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူ အရေအတွက်မှာ 408 ဦး ဖြစ်ပြီး 96% ရှိပါသည်။

မေးခွန်း သုံး ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူ အရေအတွက်မှာ 13 ဦး ဖြစ်ပြီး 3% ရှိပါသည်။

မေးခွန်း နှစ် ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူ အရေအတွက်မှာ 3 ဦး ဖြစ်ပြီး 1% ရှိပါသည်။

မေးခွန်း တစ် ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူ အရေအတွက်မှာ 0 ဦး ဖြစ်ပြီး 0% ရှိပါသည်။

မေးခွန်း လေး ခုကို မှန်ကန်စွာ ဖြေဆိုနိုင်သူ၏ ရာခိုင်နှုန်းမှာ အများဆုံး ဖြစ်သည်။

(၃) လျင်မြန်စွာ ဖြေဆိုခြင်း

1~30စက္ကန့်အတွင်း စုစုပေါင်း 335 ဦး ၊ ရာခိုင်နှုန်း 79% ။

31~60စက္ကန့် အတွင်း စုစုပေါင်း 58 ဦး ၊ ရာခိုင်နှုန်း 14% ။

61စက္ကန့်နှင့်အထက်အတွင်း စုစုပေါင်း 31 ဦး ၊ ရာခိုင်နှုန်း 7% ။

အဖြေကို 1~30 စက္ကန့် အတွင်း ဖြေဆိုနိုင်သူ၏ ရာခိုင်နှုန်းမှာ အများဆုံး ဖြစ်သည်။

(၄) မှားယွင်းစွာ ဖြေဆိုနိုင်မှု အရေအတွက်

မှားယွင်းစွာဖြေဆိုမှုကြိမ်ရေ 0 ကြိမ်သည်  စုစုပေါင်း 408 ဦး ၊ ရာခိုင်နှုန်း 96% ။

မှားယွင်းစွာဖြေဆိုမှုကြိမ်ရေ 1 ကြိမ်  သည် စုစုပေါင်း 13 ဦး ၊ ရာခိုင်နှုန်း 3% ။

မှားယွင်းစွာဖြေဆိုမှုကြိမ်ရေ 2 ကြိမ် သည် စုစုပေါင်း 3 ဦး ၊ ရာခိုင်နှုန်း 1% ။

အဖြေကို မှားယွင်းမှာ ဖြေဆိုသူ၏ကြိမ်ရေ 0 ကြိမ်၏ ရာခိုင်နှုန်းမှာ အများဆုံး ဖြစ်သည်။


၆။ လှုပ်ရှားမှု နိဂုံး

စစ်တမ်းရလဒ်များအရ ဖြေဆိုသူ အများစုမှာ ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုးခေါင်းစဥ်နှင့်ပတ်သက်ပြီး ကောင်းမွန်စွာ နားလည်သိရှိထားသည်ကို တွေ့ရှိရပြီး အဖြေများကို မှန်ကန်စွာ ဖြေဆိုနိုင်ခြင်း၊ လျင်မြန်စွာ ဖြေဆိုနိုင်ခြင်းနှင့် မှားယွင်းသည့်အကြိမ်အရေနည်းခြင်းတို့ကို တွေ့မြင်ရပါသည်။ ဤသည်မှာ ဖြေဆိုထားသူများအနေဖြင့် အဆိုပါခေါင်းစဥ်ကို ကျယ်ပြန့်စွာ၊ လျင်မြန်စွာနားလည်သိရှိထားသည်ကို ထင်ဟပ်စေပါသည်။ ထိုအထဲတွင် မှန်ကန်စွာ ဖြေဆိုနိုင်ခြင်းမရှိသူ အနည်းငယ် ရှိပါသည်။ အနာဂတ်တွင် IFI Network+ ဝဘ်ဆိုက်၏ လှုပ်ရှားမှုပရိုမိုးရှင်းနှင့် လူအများသိရှိမြင်သာလာစေရန် တိုးမြှင့်ခြင်းတို့မှတဆင့် အများပြည်သူများအနေဖြင့် ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုးအပေါ် နားလည်သိရှိစေမည်။ ထို့အပြင် ကျယ်ပြန့်စွာ နားလည်မှုနှင့် ပံ့ပိုးမှုတို့ကိုလည်း သေချာစေမည်။ အကျဉ်းချုပ်အားဖြင့် ဤစစ်တမ်းသည် ကျား-မ တန်းတူညီမျှမှုရှိရေး ဥပဒေ (၃) မျိုးခေါင်းစဥ်အပေါ် အများပြည်သူများ၏ ကောင်းမွန်သော နားလည်သိရှိမှုကို ဖော်ပြထားသည့်အပြင် အနာဂတ်တွင်လည်း နောက်ဆက်တွဲပညာရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အထောက်အပံ့ပြုထားသေးသည်။


top