按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါကာကွယ်ရေး
:::

တရုတ်ပြည်မကြီး၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် ထောင်ယွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် “သတ်မှတ်ထားသော စောင့်ကြည့်စစ်ဆေးရုံများ ထားရှိထားပြီး စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ခြင်းကို အားပေးလျက်ရှိသည်”

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2023/12/11
  • 點閱次數:29

ရောဂါထိန်းချုပ်ရေးဌာနမှ တရုတ်ပြည်မကြီး၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် “သတ်မှတ်ထားသော စောင့်ကြည့်စစ်ဆေးရုံများ ထားရှိထားပြီး စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ခြင်းကို အားပေးလျက်ရှိသည်” ဆိုသည့် အစီအမံများကို စတင်အကောင်အထည်ဖော်ခြင်းပဖြစ်သည်။ တရုတ်ပြည်မကြီးမှလာသော ခရီးသည်များသည် အသစ်ဖြစ်ပေါ်လာသော သို့မဟုတ် မူလ‌ရောဂါပိုးများမှ ပြောင်းလဲသွားသော အခြေအနေများရှိမရှိကို စောင့်ကြည့်ရန်အတွက် ရောဂါထိန်းချုပ်ရေးဌာနမှ ထိုင်ပေ၊ ထောင်ယွမ်၊ ထိုင်ကျုံးနှင့် ကောင်းရှုံမြို့ ၄ မြို့ရှိ နိုင်ငံတကာလေဆိပ်များတွင် အဖျားစစ်ဆေးမှုများကို စတင်လုပ်ဆောင်လာပြီး “သတ်မှတ်ထားသော စောင့်ကြည့်စစ်ဆေးရုံများ ထားရှိထားပြီး စစ်ဆေးစမ်းသပ်မှုများ လုပ်ဆောင်ခြင်းကို အားပေးလျက်ရှိသည်” ဆိုသည့် အစီအမံများကို စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုဒေသများမှ လေယာဥ်ဖြင့် ထိုင်ဝမ်နိုင်ငံသို့ ဝင်ရောက်လာသော ခရီးသွားများအနေဖြင့် အကယ်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်‌ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်းစသည့် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများ ခံစားရရှိပါက အဆိုပါ လက္ခဏာများကို အကဲဖြတ်နိုင်ရန် လေဆိပ်မှ တာဝန်ရှိဝန်ထမ်းများအား တက်ကြွစွာ ဆက်သွယ်ပြီး နှာရည်နမူနာများကို ရယူစေပြီး ဆေးရုံများသို့ အမြန်ဆုံး သွားရောက်၍ ဆေးကုသမှု ခံယူရန် တိုက်တွန်းထားသည်။ ထိုင်ဝမ်နိုင်ငံသို့ ဝင်ရောက်ပြီး ၁၀ ရက်အတွင်း အများပြည်သူများအနေဖြင့် နေ့စဥ် မိမိ၏ ကျန်းမာရေးအခြေအနေများကို တက်ကြွစွာ အသိပေးအကြောင်းကြားပါ။ ဒေသန္တရအစိုးရ ကျန်းမာရေးဌာနမှလည်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတို့ကို စတင်ပေးမည်ဖြစ်သည်။

ရောဂါထိန်းချုပ်ရေးဌာနမှလည်း ထပ်မံ၍ ဆောင်းဦးနှင့် ဆောင်းရာသီသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ၊ တုပ်ကွေးနှင့် ကိုဗစ်ကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများမှာ ရပ်ရွာလှုပ်ရှားမှုအတွင်းတွင် ဖြစ်ပွားရန် လွယ်ကူသည့်ကာလဖြစ်သည့်အလျောက် အများပြည်သူများအနေဖြင့် တုပ်ကွေးရောဂါနှင့် ကိုဗစ် XBB ကာကွယ်ဆေးများကို ထိုးပြီး အချိန်မီကာကွယ်နိုင်သောစွမ်းအားကို ရယူနိုင်ရန် တိုက်တွန်းလျက်ရှိသည်။ ထို့အပြင် တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာသည်နှင့်အမျှ ရေလက်ကြားနှစ်ခုအကြား (တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်) တွင် ကူးလူးဖလှယ်မှုများသည်လည်း များပြားလျက်ရှိသည်။ အများပြည်သူများအနေဖြင့် ခရီးသွားလာနေစဥ်ကာလအတွင်း မိမိ၏ ကျန်းမာရေးအခြေအနေများကို အထူးဂရုပြုသင့်သည်။ အကယ်၍ ပြည်တွင်းသို့ ဝင်ရောက်လာစဥ်တွင် ဖျားခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများရှိလာပါက အဖျားစစ်ဆေးခြင်းနှင့် ကျန်းမာရေးအကဲဖြတ်ရန်အတွက် တက်ကြွစွာ လေဆိပ်၊ ဆိပ်ကမ်းရှိ ကွာရန်တင်းဝန်ထမ်းများအား အကြောင်းကြားသင့်သည်။ အကယ်၍ ပြည်တွင်းသို့ ဝင်ရောက်ပြီးနောက် ရောဂါလက္ခဏာများသည် ဆက်လက်ဖြစ်ပွားခြင်း သို့မဟုတ် ပိုမိုပြင်းထန်လာပါက နှာခေါင်းစည်းတပ်ဆင်ပြီး ဆေးကုသမှုကို အမြန်ဆုံး လက်သင့်ခံသင့်သည်။ ထို့အပြင် မိမိ၏ ခရီးသွားရာဇဝင်များကို ဆရာဝန်များအား အကဲဖြတ်ပြီး ကုသနိုင်ရန်အတွက် တက်ကြွစွာ အကြောင်းကြားသင့်သည်။



top