按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

နိုဝင်ဘာလ ၁ရက်နေ့တွင် တုပ်ကွေးကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးပေးနေပြီ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/11/07
  • 點閱次數:27

ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်‌ရေးနှင့် ကာကွယ်ရေးဌာန (နောက်ပိုင်းတွင် စီဒီစီ ဟု အတိုကောက် ခေါ်ဆိုမည်) မှ အများပြည်သူအတွက် အစိုးရဘတ်ဂျက်ဖြင့် တုပ်ကွေးကာကွယ်ဆေး ဒုတိယအကြိမ်ကို စတင်ထိုးပေးနေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဒုတိယအဆင့်တွင် ထိုးခွင့်ရသူများမှာ ကူးစက်နိုင်ခြေ မမြင့်မားသော၊ နာတာရှည်ရောဂါအခံမရှိသည့် အသက် ၅၀ မှ ၆၄ နှစ်ကြား အရွယ်ရောက်ပြီးသူများဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေးထိုးမှုနှုန်း တိုးမြှင့်နိုင်ရန်အတွက် စီဒီစီသည် CHUAN LIAN Enterprise Co., Ltd. (နောက်ပိုင်းတွင် PX Mart ဟု အတိုကောက် ခေါ်ဆိုမည်) နှင့် ခရိုင်နှင့် မြို့အသီးသီးရှိ ကျန်းမာရေးစင်တာများနှင့် နောက်တစ်ကြိမ် ပူးတွဲလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတစ်ဝှမ်းရှိ PX Mart မှ သတ်မှတ်ထားသော စူပါမတ်ကက်များတွင် ကာကွယ်ဆေးထိုးနိုင်သည့် နေရာများအဖြစ် လုပ်ဆောင်ထားသည်။ အများပြည်သူများ မိမိ၏ အနီးအနားတွင်ရှိသော စူပါမတ်ကက်များတွင် ကာကွယ်ဆေးထိုးနိုင်သည်။

စီဒီစီမှလည်း အစိုးရဘတ်ဂျက်ဖြင့် သတ်မှတ်ချက်များဖြင့် ကိုက်ညီသော ပြည်သူများ ထိုးနိုင်သော တုပ်ကွေးကာကွယ်ဆေးပမာဏပေါင်း ၆.၉၈ သန်း ပြင်ဆင်ထားသည်။ ထို့အပြင် ယနေ့မှစတင်၍ ဒုတိယအကြိမ်တွင် ပါဝင်သော ပြည်သူများကို စတင်ထိုးပေးမည်။ ဖြစ်နိုင်ခြေ မမြင့်မားသော၊ နာတာရှည်ရောဂါမရှိသော အသက် ၅၀ မှ ၆၄ နှစ်အကြားပြည်သူများအနေဖြင့် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးသောစင်တာများတွင် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ခုခံအား တိုးမြင့်အောင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားပါသည်။ အောက်တိုဘာလ ၃၀ ရက်နေ့အထိ လူပေါင်း ၃.၈ သန်းသည် တုပ်ကွေးကာကွယ်ဆေးကို ထိုးပြီးပြီဖြစ်သလို ကိုဗစ်ကာကွယ်ဆေး XBB.1.5 ကိုလည်း အောက်တိုဘာလ ၁၁ရက်နေ့မှ စတင်ပြီး ထိုးနိုင်ရန် စတင်ခဲ့ပြီး ဖြစ်သည်။ အများပြည်သူများအနေဖြင့် ကပ်ရောဂါဖြစ်ပွားမှု အနှောင်းပိုင်းအချိန်၏ နေထိုင်မှုပုံစံအသစ်တွင် တုပ်ကွေးကိုဗစ် 1+1 ကာကွယ်ဆေးနှစ်မျိုးဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ရန်လိုအပ်ကြောင်းကို သတိပေးထားသည်။ ထို့အပြင် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများတွင်လည်း မတူညီသည့်အကြိမ်တွင် သတ်မှတ်ထားသော သတ်မှတ်ချက်များအတိုင်း  အဆုတ်ယောင်ရောဂါကာကွယ်ဆေးကို ထိုးခြင်းဖြင့် ပြင်းထန်သော ဖျားနာမှုနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချပေးနိုင်သည်။

စီဒီစီမှ ယခုနှစ်၏ အစိုးရဘတ်ဂျက်ဖြင့် တုပ်ကွေးကာကွယ်ဆေးထိုးမှု ဒုတိယအကြိမ်ကို စတင်ပြီဖြစ်ပြီး ဒုတိယအကြိမ်မှာ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်ပြီး ကူးစက်နိုင်ခြေ မမြင့်မားသော၊ နာတာရှည်ရောဂါအခံမရှိသည့် အသက် ၅၀ မှ ၆၄ နှစ်ကြား အရွယ်ရောက်ပြီးသူများသည် အစိုးရဘတ်ဂျက်ဖြင့် ကာကွယ်ဆေးများ ထိုးနိုင်ပြီဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းသည် တုပ်ကွေးဖြစ်ပွားမှုမှ အကောင်းဆုံးကာကွယ်ပေးနိုင်သည့် နည်းလမ်းဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်နိုင်စွမ်းမှာ ပျမ်းမျှအားဖြင့် ၃၀-၈၀ % အတွင်း ဖြစ်သည်။ တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသရခြင်း၏ ကာကွယ်နိုင်စွမ်းမှာ ၄၁ % ဖြစ်ပြီး ပြင်းထန်သောရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စွမ်းမှ ၈၂ % ဖြစ်သည်။

စီဒီစီမှ ယခုနှစ်တွင် ထိုင်ဝမ်တစ်ဝှမ်းတွင် ဆေးရုံပေါင်း ၄၀၀၀ ခန့်သည် ကာကွယ်ဆေးထိုးနိုင်သော ဆေးရုံများအဖြစ် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း အသိပေးပြောကြားထားသည်။ အများပြည်သူများအနေဖြင့် ဒေသန္တရအစိုးရ ကျန်းမာရေးဗျူရို၏ ဝဘ်ဆိုဒ်များတွင် စီဒီစီ၏ တုပ်ကွေးကာကွယ်ဆေးနှင့် ထိန်းချုပ်ရေးကွန်ယက်၊ စီဒီစီအတိုင်ပင်ခံ သို့မဟုတ် ကူးစက်ရောဂါကာကွယ်ရေးဟော့ခ်လိုင်း ၁၉၂၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး မိမိ၏ အနီးအနားရှိ သဘောတူစာချုပ်ချုပ်ဆိုထားသော ဆေးရုံဆေးခန်းများကို ရှာဖွေကာ ထိုဆေးရုံဆေးခန်းသို့ ကာကွယ်ဆေးထိုးရာတွင် စောင့်ဆိုင်းရမည့်အချိန်ကို မေးမြန်းနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်ပြီး ဘိုကင်ပေးနိုင်သည်။ ကာကွယ်ဆေးထိုးသည့်အခါ သင်၏ ကျန်းမာရေးအာမခံကတ်ပြားနှင့် သက်ဆိုင်ရာ အထောက်အထားများ (ဥပမာ။ ။ ကလေးသူငယ်ကျန်းမာရေးမှတ်တမ်းစာအုပ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကျန်းမာ‌ရေးမှတ်တမ်းစာအုပ်) တို့ကိ သယ်ဆောင်သွားရန်လိုအပ်ပြီး နှာခေါင်းစည်းနှင့် သင့်တင့်သော social distancing ကို လုပ်ဆောင်ပြီး လက်သန့်ရှင်းရေးနှင့် အခြားသောကာကွယ်ရေးနည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်။


top