按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

အောက်တိုဘာလ မိုဘိုင်းဖုန်းများ ပြန်လည်အသုံးပြုရေး ပရိုမိုးရှင်း” ကို စတင်လိုက်ပါပြီ။ အဆင်ပြေမှု နှစ်ဆ နှင့် အကျိုးကျေးဇူး များစွာရှိတဲ့ iphone15 ကို သင့် အိမ်ကို ယူဆောင်သွားလိုက်ပါ။ မိုဘိုင်းဖုန်းတွေ ပြန်လည်အသုံးပြုခြင်းအတွက် အခုပဲ စတင်လိုက်ပါ။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:其他
  • 更新日期:2023/10/16
  • 點閱次數:24

မိုဘိုင်းဖုန်း ပြန်လည်အသုံးပြုခြင်းလ ပြန်လည်ရောက်ရှိလို့ လာပါပြီ။ “မိုဘိုင်းဖုန်း ပြန်လည်အသုံးပြုခြင်းလ” လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ထိ သတ်မှတ်ထားပါသည်။ အများပြည်သူအနေဖြင့် သတ်မှတ်ထားသော နေရာများသို့ သွားရောက်ပြီး ပြန်လည်အသုံးပြုရေးအဆင့်များကို ပြီးမြောက်အောင်လုပ်ဆောင်ကာ ဆုမဲအချက်အလက်များအတွက် ဆိုင်းအင်ဝင်‌ရောက်ကြည့်ရှုပါ။ အထူးဈေးနှုန်းဖြင့် ရောင်းချသည့် လမ်းကြောင်းကို သိရှိရမည်သာမက ဆုမဲနှိုက်ယူရန်အတွက်လည်း အခွင့်အရေး ရှိပါမည်။ စုစုပေါင်း ဆုတန်ဖိုးမှာ ၃ သိန်းရှိပြီး အကြီးဆုံး ဆုမှာ iphone15 ၅ လုံးဖြစ်ပြီး သင့်အိမ်ကို ယူဆောင်သွားရန် စောင့်မျှော်လိုက်ပါ။ မိုဘိုင်းဖုန်းအဟောင်း ၃ လုံးကို ပြန်လည်အသုံးပြုရေးအတွက် လဲလှယ်တိုင်း ဆမဲနှိုက်ရန် အခွင့်အရေးတစ်ခါ တိုးများလာမည်ဖြစ်သည်။ ပြန်လည်အသုံးပြုရေးအတွက် လဲလှယ်မှုများတိုင်း ဆု်ရရှိရန် အခွင့်အရေးလည်း တိုးများလာမည်ဖြစ်သည်။

ရေရှည်တည်တံ့သော သုံးစွဲခြင်းနှင့် ထုတ်လုပ်ခြင်း၊ သယံဇာတ သုံးစွဲရာတွင် ထိရောက်မှုအပိုင်းကို မြှင့်တင်ခြင်းနှင့် စွန့်ပစ်သယံဇာတများ၏ တန်ဖိုးများကို တိုးမြှင့်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သယံဇာတပြန်လည်သုံးစွဲရေးဦးစီးဌာန (အောက်ပိုင်းတွင် ပြန်လည်သုံးစွဲရေးဦးစီးဌာနဟူ၍ ညွှန်းဆိုသွားမည်) ကို ယနေ့ (၂၀၂၃) ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့တွင် “အစိမ်းရောင် ဒီဇိုင်းအရင်းအမြစ်စီ မံခန့်ခွဲမှု” ၊ “ စွမ်းအင်အရင်းအမြစ် ပြန်လည်အသုံးပြုမှု” နှင့် “စွန့်ပစ်စွမ်းအင်မျှတမှုနှင့် စီမံခန့်ခွဲမှု” စသည့် ပြန်လည်အသုံးပြုခြင်းဆိုင်ရာ မဟာဗျူဟာ (၃) ရပ်အပြင် “အပေါ်၊ အလယ်၊ အောက် စက်မှုလုပ်ငန်းများ လည်ပတ်မှုကွန်ယက်ကို ချောမွေ့စွာ ချိတ်ဆက်ခြင်း” ၊ “ဆန်းသစ်သော နည်းပညာများနှင့် စနစ်များကို ‌ဖော်ဆောင်ခြင်း” စသည့် မောင်းနှင်မဏ္ဍိုင်နှစ်ခုကို အဓိကဝင်ရိုးအဖြစ်ဆောင်ရွက်သွားခြင်းတို့ဖြင့် တည်ထောင်ခဲ့သည်။ ဤသို့ဖြင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရာတွင် မြှင့်တင်နိုင်ခြင်း၊ ထုတ်ကုန်များ၏ ဝန်ဆောင်မှုသက်တမ်းများကို တိုးမြှင့်နိုင်ခြင်း၊ ကုန်ကြမ်းသုံးစွဲမှုတွင် လျှော့ချနိုင်ခြင်းနှင့် ကာဗွန်ထုတ်လုပ်မှုတို့ကို လျှော့ချနိုင်ခြင်းတို့အတွက် အကျိုးကျေးဇူးများစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့ (၂၀၂၃) ခုနှစ် ပြန်လည်သုံးစွဲရေးဦးစီးဌာနတည်ထောင်မှုနှင့်အတူ လုပ်ငန်းရှင်များအားလုံးကို အထူးဖိတ်ခေါ်ပါသည်။ ပြန်လည်အသုံးပြုခြင်းလမ်းကြောင်းများကို တိုးချဲ့ခြင်းအပြင် မိုဘိုင်းလုပ်ငန်းရှင်များ ပြန်လည်အသုံးပြုခြင်းနှင့်ပတ်သက်၍ တရားဥပဒေတစ်ခုပေါ်ပေါက်စေရေးကိုလည်း  မြှင့်တင်ပေးလျက်ရှိသည်။ မိုဘိုင်ဖုန်း ပြန်လည်အသုံးပြုခြင်းနှင့် ပြုပြင်ခြင်းတို့ကို ပေါင်းစပ်ပြီး “ပြန်လည်အသုံးပြုနှုန်း” ဒီဇိုင်းကို ရေးဆွဲမည်။ နှစ်စဉ် ရည်မှန်းချက်များ ချမှတ်ကာ ပြန်လည်အသုံးပြုခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ရှေ့ဆုံးအပိုင်းတွင် ဒီဇိုင်းဆွဲခြင်းနှင့် အသုံးပြုပြီးသော ဖုန်းများကို ပြန်လည်ပြုခြင်းရောင်းချခြင်းစသည့်နည်းလမ်းများဖြင့် မိုဘိုင်းအသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုသက်တမ်းကို တိုးမြှင့်ပေးပြီး အရင်းအမြစ်များ သုံးစွဲမှုတို့ကို လျှော့ချပေးမည်ဖြစ်သည်။

ပြန်လည်သုံးစွဲရေးဦးစီးဌာနမှ ယခင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်တွင် “မိုဘိုင်းဖုန်းများ ပြန်လည်အသုံးပြုရေး” ကို ကျင်းပခဲ့သည့်နောက်ပိုင်း အဆိုပါနှစ်လတွင် ဖုန်းအလုံးပေါင်း ၂.၃ သောင်းကို ပြန်လည်အသုံးပြုရေးအတွက် လက်ခံရရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးများလာကာ (၂၀၂၂) ခုနှစ်၏ အဆိုပါလတွင် ၇.၂ သောင်းအထိ လက်ခံရရှိခဲ့ပြီး ၃ ဆ နီးပါးအထိ မြှင့်တက်လာမှုရှိကြောင်းကို  ပြောကြားခဲ့သည်။ ထို့အတွက် ဤနှစ်တွင် မိုဘိုင်းဖုန်းပေါင်း အလုံးရေ ၇သိန်း၃သောင်းအထိ တိုးမြှင့်ခဲ့သည်။ ဤနှစ်တွင် ပြန်လည်အသုံးပြုခြင်းလမ်းကြောင်းများအဖြစ် အသစ်ဖြည့်စွက်ထားသော အရောင်းဆိုင်များ၊ အီလက်ထရောနစ်လမ်းကြောင်းများ၊ တစ်ပတ်ရစ်မိုဘိုင်းဖုန်းလုပ်ငန်းများ ပူးပေါင်းပါဝင်ပေါင်းစပ်ထားသည့် Samsung ၊ Asus ၊ Taiwan Sony ၊ Taiwan Xiaomi ၊ vivo ၊ HTC ၊ Chunghwa Telecom ၊ Taiwan Mobile ၊ Far EasTone Telecommunications ၊ Family Mart ၊ President Chain Store ၊ Shopee Shopping (အီလက်ထရောနစ်မိုဘိုင်းနည်းပညာ) ၊ Jiesheng Communications ၊ တိုးတက်နည်းပညာ (US3C) ၊ 3C Desktop Store ၊ Chuangyu Communications ၊ Carrefour ၊ Aimai ၊ National Electronics ၊ NOVA နှင့် ခရိုင်နှင့် မြို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသီးသီးတို့မှ ပြန်လည်အသုံးပြုရေးအတွက် ကူညီပေးလျက်ရှိသည်။ ထို့အပြင် Kaiyun International နှင့် Delta Electronics စပွန်ဆာလှုပ်ရှားမှုများမှ အမှတ်ပေါင်း ၁၃၅၀၀ကို ရရှိခဲ့သည်။ ပစ်မှတ်မှာ ပြန်လည်အသုံးပြုရေးလတွင် မိုဘိုင်းဖုန်းအလုံး ၈သောင်းကျော်ကို ရရှိပြီး တစ်နှစ်ပတ်လုံး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၁၁,၂၀၀ မက်ထရစ်တန်ကို လျှော့ချပေးခြင်းဖြင့် တာ့အန်းသစ်တောဥယျာဥ် ၁၀၁ ဆ နီးပါးနှင့် ညီမျှ‌သော ကာဗွန်စုပ်ယူမှုကို လုပ်ဆောင်ပေးနိုင်သည့်အထိ မျှော်မှန်းထားသည်။ ဤနည်းဖြင့် ရွှေ၊ ငွေ၊ အဖြိုက်နက်၊ ကိုဘော့၊ ကြေးနီအပါအဝင် စသည့် သတ္တုများ ပြန်လည်အသုံးပြုရာတွင် အသုံးပြုနိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ကုန်တန်ဖိုး ယွမ် ၃၀.၃၈ သန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဤနှစ်တွင် အရင်းအမြစ်ပြန်လည်အသုံးပြုသည့် ဂေဟစနစ် တည်ထောင်မှုနှင့်အညီ ဆောင်ပုဒ်ကိုလည်း ပြန်လည်အသုံးပြုပြီးနောက် ထပ်မံအသုံးပြုခြင်းဆိုပြီး အလေးထား ပြောဆိုထားကာ အမည်ကိုလည်း “မိုဘိုင်းဖုန်းများ ပြန်လည်အသုံးပြုရေးလ” ဟု၍ ပြောင်းလဲထားသည်။ ပြုပြင်ခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပစ္စည်းများ ထပ်မံအသုံးပြုခြင်းတို့ကို မြှင့်တင်ကာ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ဝန်ဆောင်မှုလုပ်ငန်းရှင်များအား တွန်းအားပေးရန်အတွက် ဥပဒေမူကြမ်းများကို ရေးဆွဲထားသည်။

ပြန်လည်သုံးစွဲရေးဦးစီးဌာနမှ မိုဘိုင်းဖုန်းများကို ပြန်လည်အသုံးပြုရာတွင် “ဒေတာဘက်ကပ်” ကို “်အစားထိုးစနစ်” (မူလစက်ရုံထုတ်ဆက်တင်အတိုင်း ပြန်ထားမည်) အတိုင်း မှန်ကန်စွာ လုပ်ဆောင်ထားပါက ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့် ဖုန်းဖွင့်မရပါက ကြိုးသွင်းပေါက်ကို ဖျက်ဆီးခြင်းဖြင့် လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းပြောကြားထားသည်။ ထို့နောက် ပြန်လည်အသုံးပြုရေးလမ်းကြောင်းဆီသို့ ပေးပို့ပြီး အရင်းအမြစ်များကို ဘာမှမလုပ်ဘဲ အကျိုးရှိရှိ ပြန်လည်အသုံးပြု‌ရေးကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ “မိုဘိုင်းဖုန်း ပြန်လည်အသုံးပြုသည့် လ” ကို တစ်လတာ ကျင်းပသွားမည်ဖြစ်ပြီး အများပြည်သူများ အနေဖြင့်လည်း မိမိနေအိမ်အတွင်းရှိ အသုံးမပြုတော့သည့် မိုဘိုင်းဖုန်းများကို ပြန်လည်အသုံးပြုရေးအတွက် လုပ်ဆောင်ပေးကြပြီး အထူးလျှော့ဈေးများကို ရယူပြီး ဆုလက်ဆောင်များအတွက် မဲနှိုက်ယူကြပါ။ ကံထူးရှင်များကို နိုဝင်ဘာလကုန်တွင် မဲနှိုက်ပေးရန် စီစဥ်ထားပြီး လှုပ်ရှားမှုအသေးစိတ်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သယံဇာတပြန်လည်အသုံးပြုရေးဦးစီးဌာန (https://www.reca.gov.tw/) သို့မဟုတ် အများပြည်သူ ဆုမဲနှိုက်ယူရန် ဆိုင်းအင်ဝက်ဆိုဒ် (https://phonerec.com.tw/) သို့ သွားရောက် ရှာဖွေစုံစမ်းနိုင်ပါသည်။

top