按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

ယခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့တွင်း နိုင်ငံပြည်တွင်း၌ မွေးဖွားသော နိုင်ငံသားများအတွက် ပေးသည့်ငွေသားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ထုတ်ယူနိုင်မည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:財政部
  • 更新日期:2023/09/27
  • 點閱次數:49

ဘဏ္ဍာရေးဝန်ကြဘဏ္ဍာရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်မတီများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ (၂၀၂၃) ခုနှစ် မတ်လ ၂၂ရက်နေ့မှ “ပေးသည့်ငွေသား” အတွက် လျှောက်ထားမှုမှာ အဆင်ပြေချောမွေ့လွယ်ကူကြောင်း ဖော်ပြထားသည်။ 1988 ဆိုသည့် သုံးစွဲသူဝန်ဆောင်မှုကို ယခုနှစ် မတ်လ ၂၀ရက်မှ အွန်လိုင်းဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီး ဩဂုတ်လကုန်အထိ လူပေါင်း ၂ သိန်း၈သောင်းကျော်မှ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းမှုများလုပ်ဆောင်ခဲ့သည်။ မေးမြန်းလေ့ရှိသော အဓိကအကြောင်းအရာများမှာ အမည်စာရင်းပေးသွင်းသူများ အသုံးပြုမည့်ဘဏ်အကောင့်၊  လိုအပ်သည့် အရည်အချင်းများ၊ စာတိုက်တွင် ငွေသားထုတ်ယူခြင်းနှင့် ဘဏ်အကောင့်ထဲသို့ လွှဲမည် စသည့်ပြဿနာများဖြစ်သည်။ 1988 သုံးစွဲသူဝန်ဆောင်မှုဟော့ခ်လိုင်းနှင့် သက်ဆိုင်ရာဌာနများ၏ တက်ကြွစွာဖြေရှင်းပေးမှုအောက်တွင် အများပြည်သူများမှ ကြုံတွေ့ရသော ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်ပြီး ထုတ်ယူရာတွင်လည်း အောင်အောင်မြင်မြင် ကူညီပေးနိုင်လျက်ရှိသည်။ ယခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့အထိ လူပေါင်း ၂,၃၂၆ သောင်း ထုတ်ယူပြီးဖြစ်သည်။ ၉၈ရာခိုင်နှုန်းကျော်သော ပြည်သူများသာ် နည်းလမ်းပေါင်းစုံဖြင့် ပေးသည့်ငွေသားများကို ထုတ်ယူပြီးဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး ဘဏ္ဍာရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနမှလည်း ပေးသည့်ငွေသား ထုတ်ယူနိုင်သည့်ကာလမှာ ယခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့ထိ ဖြစ်သည်။ ထို့အပြင် ယခုနှစ်အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အတွင်း ပြည်တွင်း၌ မွေးဖွားပြီး မွေးဖွားစာရင်းထုတ်ယူပြီးသော နိုင်ငံသားများဖြစ်သည့်အပြင် အဆိုပါကလေး၏ မိခင် သို့မဟုတ် ဖခင်ဖြစ်သူသည် ထုတ်ယူခွင့်ရှိသောသူဖြစ်ပါကလည်း ထုတ်ယူခွင့်ရှိသူအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ထိုသူများအနေဖြင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့မတိုင်မီ စာတိုက်ရှိ ကောင်တာသို့ သွားရောက်၍ ပေးသည့်ငွေသားကို ထုတ်ယူရမည်ဖြစ်ကြောင်းကို ထပ်မံဖော်ပြထားသည်။

ဘဏ္ဍာရေးဝန်ကြီဘဏ္ဍာရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနမှ စာတိုက်သို့ ကိုယ်တိုင်သွားရောက်ထုတ်ယူရာတွင် ကလေးသူငယ်၏ မွေးစာရင်းနှင့် မွေးမိခင် သို့ မွေးဖခင်တို့၏ ဓာတ်ပုံပါ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယူဆောင်သွားရမည်ဖြစ်ကြောင်းကို သတိပေးထားသည်။ အကယ်၍ မွေးမိခင် သို့ မွေးဖခင်မှ အခြားသူအား ကိုယ်စားထုတ်ယူစေလိုပါက အပေါ်တွင်ဖော်ပြထားသော စာရွက်စာတမ်းများအပြင် ကိုယ်စားထုတ်ယူမည့်သူ၏ ဓါတ်ပုံပါ နိုင်ငံသားစိစစ်ရေးကတ်ပြားကို တပါတည်း ယူဆောင်လာရမည်ဖြစ်သည်။ အဆိုပါ ဌာနမှလည်း မွေးကင်းစ ကလေးသူငယ်များအား ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ အသိပေးသည့် အချိန်ဇယားနှင့် တစ်ချ်န်တည်းဖြစ်စေရေးအတွက် မွေးကင်းစကလေးသူငယ် မွေးဖွားပြီး ၁၀ ရက်နောက်ပိုင်းမှာသာ စာတိုက်သို့ သွားရောက်ထုတ်ယူရန် အကြံပြုထားသည်။ အခြား မေးစရာ မေးခွန်းများ ရှိသေးပါက 1988 သုံးစွဲသူဝန်ဆောင်မှုဟော့တ်လိုင်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဘဏ္ဍာရေးဝန်ကြီ  ဘဏ္ဍာရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနမှ အစိုးရဌာနမှ ငွေသားထုတ်ယူရန်၊ ဝင်ရောက်ရန်တို့အတွက် စာတိုပို့ခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းများ လုပ်ဆောင်မည်မဟုတ်ကြောင်းကို ထပ်လောင်းအသိပေးထားသည်။ ဖုန်းဖြင့်ဆက်သွယ်ပြီး ATM သို့ အင်တာနက်ဘဏ်အက်ပလီကေးရှင်းတို့ဖြင့် ငွေသားလွှဲပြောင်းပေးရန်တို့ကို လုပ်ဆောင်စေမည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ အများပြည်သူများ သတိကြီးစွာ ထားရမည့်အပြင် အယုံမလွယ်ကြရန်လည်း သတိပေးထားသည်။ သို့မှသာလျှင် ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရခြင်း သို့မဟုတ် လိမ်လည်ခံရခြင်းတို့မှ ကင်းဝေးမည်ဖြစ်သည်။ အကယ်၍ သံသယရှိသော ဝဘ်ဆိုက် သို့မဟုတ် အချက်အလက်များနှင့် တွေ့ကြုံရပါက လိမ်လည်မှုပပျောက်ရေးအထူးလိုင်း 165 သို့ ချက်ချင်း ဆက်သွယ်ရန် သတိပေးထားသည်။ အများပြည်သူအနေဖြင့်လည်း လိမ်လည်မှု ကိစ္စများပပျောက်ရေးအတွက် အတူလက်တွဲလုပ်ဆောင်ကြပါရန် တိုက်တွန်းပါသည်။


top