按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

လိမ်လည်မှုကို တားဆီးနိုင်ရန်အတွက် အကြံပြုချက်များ - ဓာတ်ပုံများရှိပါက အထောက်အထားများအတွက် ဤနည်းလမ်းကို အသုံးပြုနိုင်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:勞動部勞動力發展署
  • 更新日期:2023/09/27
  • 點閱次數:30

A: David, မင်းအခုတလော ဖုန်းကို ကြည့်ပြီး ပြုံးနေတတ်တယ်။ မဟုတ်မှလွှဲရော၊ မင်းကောင်မလေးရနေပြီလား။

B: ဟုတ်တယ်၊ ဒီမှာ ကြည်ကြည့်။ ငါ ဒိတ်ဒင်းအပ်မှာ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို သိထားတယ်။ သူနဲ့ စကားပြောတိုင်း အရမ်းကို ပျော်ရပါတယ်။ ဒါပေမယ့် ……

A: ဒါပေမယ့် ဘာလဲ။

B: သူ ပြဿနာတစ်ခုနဲ့ ကြုံတွေ့နေရတယ်။ ပိုက်ဆံချေးချင်တယ်လို့ ပြောတယ်။ ငါ သူ့ကို စိတ်ပူမိတယ်။

A: နားထောင်ရတာ လူလိမ်နဲ့ တူနေပါလား။ ငါတို့ သူ့ ဓာတ်ပုံကို သုံးပြီး တစ်ချက် စစ်ကြည့်ရအောင်။

A: အိုမိုင်ဂေါ့၊ ဒီကောင်မလေးရဲ့ ဓာတ်ပုံနဲ့ နာမည်တွေ အများကြီး ရှိပါလား။ ဓာတ်ပုံအတုလည်း သုံးတယ်။ ပိုက်ဆံလည်း ချေးတယ်။ ဒါက လူလိမ့်အဖွဲ့အစည်းပဲ။ သူတို့ရဲ့ အလိမ်မခံရစေနဲ့။

လူလိမ်အဖွဲ့အစည်းတွေဟာ သူများဓာတ်ပုံကို ခိုးယူအလွှဲသုံးစားလုပ်ပြီး သို့မဟုတ် AI ကို သုံးပြီး ကောင်ချောလေး သို့မဟုတ် ကောင်မချောလေးအဖြစ် ပြောင်းယူတတ်ကြတယ်။ Search Engine က ဖော်ပြထားတဲ့ ဓာတ်ပုံဖန်ရှင်ကို သုံးပြီး ဓာတ်ပုံရဲ့ ကနဦး အရင်းအမြစ်ကို ရှာဖွေသိရှိနိုင်တယ်။ ဒါကလည်း လူလိမ်မှုမှ ကာကွယ်ရေးနည်းလမ်းတွေက တစ်မျိုးဖြစ်တယ်။

သတိပေးပါရစေ။

ဒိတ်ဒင်းအပ်မှတဆင့် ပိုက်ဆံအသွားအလာလုပ်ဖို့ အခြေအနေမျိုးနှင့် ကြုံတွေ့ပြီဆိုပါက လူလိမ်ခံရခြင်းမှ ကင်းဝေးရန် သတိကြီးကြီး ထားဖို့ လိုပြီဖြစ်သည်။

top