按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

နိုင်ငံသားရဲ့ 30 % ဟာ မိမိဆီမှာ သွေးတိုးရောဂါ ရှိတယ်ဆိုတာ မသိကြပါ။ “722 နိယာမ” သွေးပေါင်ချိန်တိုင်းနည်းအတိုင်း သင်ကော လုပ်ဆောင်ပြီးပြီလား။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/09/19
  • 點閱次數:37

မကြာခင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ လမုန့်ပွဲတော်ရာသီကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး အရသာရှိတဲ့ အစားအ‌သောက်တွေကို စားသုံးကြတဲ့အခါ ကျန်းမာရေးကိုလည်း လျစ်လျူမရှုထားသင့်ပါဘူး။ မိမိကိုယ်တိုင်အပြင် သူငယ်ချင်းတွေရဲ့ သွေးပေါင်ချိန်ကို သတိထားကြဖို့ တစ်ဦးနှင့်တစ်ဦး သတိပေးရင်း လမုန့်ပွဲတော်ရာသီကို ကျန်းမာပျော်ရွှင်စွာ အတူတူ ဖြတ်သန်းကြပါ။ သွေးတိုးရောဂါ၏ အစောပိုင်းအဆင့်များမှာ ရောဂါကို သိရှိဖို့ မလွယ်ကူပါဘူး။ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ စာရင်းဇယားများအရ သွေးတိုးရောဂါဟာ နိုင်ငံအတွင်းမှာ အသက်ဆုံးပါးရတဲ့ အကြောင်းအရင်း 10 ခုမှာ နံပါတ် 7 ရှိတဲ့ ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ နှလုံးသွေးကြောစနစ်၊ ဦးနှောက်သွေးကြော၊ ကျောက်ကပ်နဲ့ အခြားသော ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာအပေါ် ထိခိုက်မှုရှိစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်‌ရောဂါ စတဲ့ အဓိကရောဂါကြီးကြီးမားမားတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ ဌာနမှူး ဝူကျောင်းကျွင်း မှ ပြည်သူများကို 722 နိယာမ ကို အသုံးပြုပြီး မှန်ကန်တဲ့ သွေးပေါင်ချိန်တိုင်းနည်းဖြင့် သွေးပေါင်ချိန်တိုင်းခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်တဲ့ အလေ့အကျင့်ကောင်းကို ထားရှိကြဖို့၊ ဤနည်းဖြင့် မိမိရဲ့ သွေးပေါင်ချိန်ဒေတာကို အဆက်မပြတ် ခြေရာခံပြီး ရောဂါများ ဖြစ်ပွားမှုကနေ ကြိုတင် ကာကွယ်နိုင်ပြီး ကျန်းမာစွာ နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

နှလုံးသွေးကြောရောဂါကို ကာကွယ်ဖို့ “722” နိယာမအတိုင်း သွေးပေါင်ချိန်တိုင်းကြပါစို့

အမျိုးသားကျန်းမာရေးဝန်ကြီးဌာန၏ 2017-2020 အမျိုးသားအဟာရနှင့် ကျန်းမာရေးစစ်တမ်းများအရ အသက် 20 နှစ်အထက် သွေးတိုးရောဂါဖြစ်ပွားသူဦးရေမှာ 27.3% ၊ ထိုအထဲမှ သွေးတိုးရောဂါရှိမှန်း သိရှိသူဦးရေမှာ 67.9% ၊ ကျန်ရှိသော 30% မှာ သွေးတိုးရောဂါရှိမှန်း မသိကြတာကို တွေ့ရှိခဲ့ပါတယ်။ တကယ်တော့ မိမိရဲ့ သွေးပေါင်ချိန်ကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စရပ်တစ်ရပ်တော့ မဟုတ်ပါဘူး။ မိမိရဲ့ သွေးပေါင်ချိန်ကို ဂရုထားသတိပြုမိကြဖို့ ၂၀၂၂ ခုနှစ်က တရုတ်သမ္မတနိုင်ငံ နှလုံးရောဂါအသင်းနှင့် ထိုင်ဝမ်သွေးတိုးရောဂါအသင်းတို့မှလည်း သွေးတိုးရောဂါဆိုင်ရာ အကြံပြုချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူများအနေနဲ့ 722 နိယာမ အတိုင်း တစ်နှစ်မှာ တစ်ကြိမ် လုပ်ဆောင်ကြဖို့သာ လိုပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်သွေးပေါင်ချိန်ကို တိုင်းတာခြင်း - “7” ရက်ဆက်တိုက် စစ်ဆေးပါ ၊ မနက် အိပ်ရာထပြီးနောက်နှင့် ညအိပ်ရာမဝင်ခင် တစ်ကြိမ်စီ တိုင်းတာပါ ၊ စုစုပေါင်း (၂) ကြိမ် တိုင်းတာပါ ၊ တစ်ကြိမ်လျှင် “2” ခါ တိုင်းပြီး  တိုင်းတာမှု၏ ပျမ်းမျှတန်ဖိုးကို ရယူပါ။ သွေးပေါင်ချိန်မတိုင်းခင် နာရီဝက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အစာစားခြင်း၊ ရေချိုးခြင်း၊ အားကစားလုပ်ခြင်း၊ အရက်၊ ကော်ဖီ သို့မဟုတ် ရေနွေးကြမ်း သောက်သုံးခြင်း၊ ဆီးအောင့်ခြင်းများ မလုပ်ဆောင်ပါနှင့်။ ထို့အပြင် တိုင်းတာမှုမလုပ်ဆောင်ခင် 5 မိနစ် အတွင်း ငြိမ်ငြိမ်ထိုင်ပြီး အနားယူပေးပါ။ သွေးပေါင်ချိန်တိုင်းနေစဥ်အတွင်း စကားပြောခြင်း သို့မဟုတ် လှုပ်ရှားခြင်းများ မလုပ်ဆောင်ပါနှင့်။ ဒါမှသာ မှန်ကန်တဲ့ သွေးပေါင်ချိန်တန်ဖိုးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ နေထိုင်မှုကို ထိန်းသိမ်းပြီး သွေးပေါင်ချိန် တည်ငြိမ်မှန်ကန်စေဖို့ လိုက်နာရမည့် အဓိကသော့ 3 ချက် - အစားအသောက် ၊ အားကစားနှင့် ဆေးလိပ်ဖြတ်ခြင်း

သွေးတိုးရောဂါနှင့် ဆက်စပ်သောနာတာရှည် ရောဂါဖြစ်နိုင်ခြေများကို လျှော့ချနိုင်ရန် အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ ဌာနမှူး ဝူကျောင်းကျွင်း မှ နိုင်ငံသားများကို သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပြီး ကောင်းမွန်သော နေထိုင်မှုပုံစံကို ထိန်းသိမ်းကြရန် သတိပေးထားပါတယ်။ နေ့စဥ်နေထိုင်မှုဘဝမှာ ပြည်သူများအနေနဲ့ အောက်ဖော်ပြပါ အဓိကသော့ 3 ချက်ကို လိုက်နာပြီး သွေးပေါင်ချိန်ကို ထိန်းချုပ်နိုင်ပါတယ်။

အစားအစာကို မျှမျှတတ စားသုံးခြင်း - အစားအစာကို စားသုံးရာတွင် “သုံးခု နည်း ၊ သုံးခု များ” (ဆီနည်း ၊ ဆားနည်း ၊ သကြားနည်း ၊ အသီးနှင့် ဟင်းသီးဟင်းရွက် များများ ၊ အမျှင်ဓာတ် များများ ၊ ရေ များများ) ဆိုတဲ့ နိယာမကို လိုက်နာရန် အကြံပြုပါတယ်။ ဒါ့အပြင် အရက်သောက်သုံးခြင်းပမာဏကို ကန့်သတ်ထားသင့်ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း - တစ်ပတ်ကို အနည်းဆုံး မိနစ် 150 လေ့ကျင့်ခန်း လုပ်ပြီး သွေးလည်ပတ်မှုကို အားကောင်းအောင်လုပ်ဆောင်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်တဲ့ အလေ့အကျင့်ကို မွေးမြူပါ။ အကယ်၍ အဝလွန်နေပါက တစ်ချိန်တည်းမှာလည်း လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျပြီး ကိုယ်လက်ကြံ့ခိုင်မှုကို ရရှိနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း - ဆေးလိပ်သောက်ခြင်းက သွေးပေါင်ချိန်ကို တိုးစေပြီး နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါကို ဖြစ်စေပါတယ်။ ဒါ့အပြင် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဒါကြောင့် အများပြည်သူတွေကို ဆေးလိပ်မသောက်ကြဖို့ အကြံပြုလိုပါတယ်။ အကယ်လို့ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါကလည်း ဆေးလိပ်ဖြတ်ပေးတဲ့ ဆေးခန်း သို့မဟုတ် ဆေးလိပ်ဖြတ်ပေးတဲ့ အဓိကဟော့ခ်လိုင်းနံပါတ်စတာတွေနဲ့ ဆက်သွယ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက် ပလန်တွေရေးဆွဲပေးပြီး သွေးပေါင်ချိန်ပုံမှန်ပြန်ဖြစ်စေဖို့ အကူအညီတွေကို ရယူနိုင်ပါတယ်။

top