按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

နိုင်ငံရပ်ခြားမှ အင်အားစုများ ပါဝင်လာခြင်း ၊ ရွေးကောက်ပွဲအတွက် လောင်းကြေးထပ်မှုများ ပါရှိလာခြင်း ၊ တိုင်ကြားမှုအတွက် ဆုကြေးငွေပေးသည့် နယ်ပယ်များ ချဲ့ထွင်လာခြင်း ၊ ဆုကြေးငွေ ပမာဏ တိုးမြှင့်လာခြင်း ၊ ပြည်သူများ တက်ကြွစွာ တိုင်ကြားလာရေး ၊ သန့်ရှင်းသော ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်လာရေး

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:法務部
  • 更新日期:2023/09/05
  • 點閱次數:34

ပြည့်စုံသော စာရင်းတွက်ချက်မှုများ လုပ်ဆောင်ထားပြီး တိုင်ကြားမှုအတွက် ပေးဆောင်သည့် ဆုကြေးငွေဆိုင်ရာ စည်းမျဥ်းစည်းကားများကိုလည်း ပြင်ဆင်ထားသည်။ ထောက်လှမ်းရေး အချက်အလက်များကို တောင်းခံပြီး စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့် ‌ရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်စေသော လုပ်ရပ်အမျိုးမျိုးကို အားကောင်းစေရန် လုပ်ဆောင်ထားလျက်ရှိသည်။

‌ရွေးကောက်ပွဲ လာဘ်ပေးလာဘ်ယူမှုအတွက် တိုင်ကြားရာတွင် အားပေးသည့်အချက်အလက်များကို (အောက်တွင် မူလအချက်အလက်များလို့သာ ညွှန်းဆိုသွားမည်) နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် မေလ ၁၄ ရက်နေ့တွင် နောက်ဆုံး ပြင်ဆင်ထားခဲ့ပြီး ၁၃ နှစ်ကျော်ကြာ ပြင်ဆင်မှုများ မလုပ်ဆောင်ခဲ့ပါ။ မူလအချက်အလက်များ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်ခဲ့စဥ်အတွင်း ပြန်လည်သုံးသပ်ပြီး ပြုပြင်သင့်သော အရာများ (သတင်းပေးသည့် ဆုကြေးငွေများ၏ အတိုင်းအတာ၊ ဆုကြေးငွေ ထုတ်ယူရာတွင် အရှိန်မြှင့်ရန် သက်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဥ်၏ ပမာဏနှင့် ရိုးရှင်းမှု အပါအဝင်) ရှိသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ရန် လိုအပ်သည်။ စာရင်းတွက်ချက်မှုများအရ မကြာသေးမီအတွင်းက ရွေးကောက်ပွဲပေါ်တွင် အဟန့်အတားဖြစ်စေသည့် အခြေအနေများဖြစ်သော ရွေးကောက်ပွဲ လာဘ်ပေးလာဘ်ယူမှုများအပြင် နိုင်ငံရပ်ခြားမှ အင်အားစုများ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် ရွေးကောက်ပွဲအပေါ် လောင်းကစားမှုများ ရှိသည့်အတွက် မျှတသော ရွေးကောက်ပွဲမှုအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိခဲ့သည်။ မှန်ကန်သော ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်ဖို့အတွက် ‌ရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်စေသော ရာဇဝတ်မှုများ တိုင်ကြားရန် ပြည်သူများကို တိုက်တွန်းပါသည်။ နိုင်ငံရပ်ခြားမှ အင်အားစုများနှင့် ရွေးကောက်ပွဲအပေါ် လောင်းကစားသဖွယ် လုပ်ဆောင်မှုများကို အပိုဆုကြေးများပေးဆောင်၍ တိုင်ကြားမှုများ လုပ်ဆောင်ရန် လိုအပ်သည်။ ထို့အပြင် ရွေးကောက်ပွဲအပေါ် အနှောက်အယှက်ဖြစ်စေသော ရာဇဝတ်မှုအပြုအမူမှန်သမျှကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေး ဖမ်းစီးမှုများ လုပ်ဆောင်ရမည်။ ကျွန်ုပ်တို့ ဌာနသည် မူလအချက်အလက်များကို ပြန်လည် ပြင်ဆင်ပြီး အမှုဆောင်ယွမ်မှ အတည်ပြုကာ “ရွေးကောက်ပွဲအပေါ် အနှောင့်အယှက်ဖြစ်စေသော အဓိကအချက်များ” ဟု အမည်မှတ်ကာ ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံရပ်ခြားမှ အင်အားစုများ ရွေးကောက်ပွဲအပေါ် ဝင်ရောက်စွက်ဖက်မှုများရှိခြင်းကို တိုင်ကြားရာတွင် အမြင့်ဆုံး တိုင်ကြားမှုအတွက် ဆုကြေးမှာ ထိုင်ဝမ်ဒေါ်လာ (အောက်တွင် ဖော်ပြထားသည့်အတိုင်း) သိန်း နှစ်ရာ ပေးမည်ဖြစ်သည်။ ဤနည်းဖြင့် နိုင်ငံရပ်ခြားမှ အင်အားစုများ ရွေးကောက်ပွဲအပေါ် စိမ့်ဝင်မှုများကို တားဆီးပြီး နိုင်ငံတော် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာ ဒီမိုကရေစီ နိုင်ငံရေး အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။

နိုင်ငံရပ်ခြားမှ အင်အားစုများသည် ထိုင်ဝမ်တွင် မဲဆွယ်စည်းရုံးရေးအဖွဲ့အစည်း တည်ထောင်ခြင်း သို့မဟုတ် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေများကို စီစဥ်ခြင်းတို့ကို ယခင် စုံစမ်းစစ်ဆေးမှု အတွေအကြုံအရ အလွန်လျှို့ဝှက်ပြီး စုံစမ်းစစ်ဆေးရန် ခက်ခဲသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ အပြုအမူသည် ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်စေရုံသာမက အမျိုးသားလုံခြုံရေးနှင့် လူမှုတည်ငြိမ်ရေးကိုပါ ထိခိုက်စေပြီး ဒီမိုကရေစီ နိုင်ငံရေး၏ အခြေခံအုတ်မြစ်ကို ပျက်ပြားစေသည်ဟု သုံးသပ်ထားသည်။ ‌ရွေးကောက်ပွဲတွင် နိုင်ငံရပ်ခြားမှ အင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးနိုင်ရန်အတွက် မြင့်မားသော ဆုကြေးငွေများဖြင့် သတင်းပေးပို့ကြရန် လုပ်ဆောင်ခြင်းများ လိုအပ်သည်။ မူလအချက်အလက်များပြင်ဆင်ချက်အသစ်အရ ဤကဲ့သို့သော အမှုတွဲများကို စွဲချက်တင်ပြီးနောက် သို့မဟုတ် စီရင်ချက်ချပြီးနောက် ပြည်သူ့အရာရှိများအနေဖြင့် ပတ်သက်ဆက်နွယ်မှုများ ရှိခဲ့ပါက ‌ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများနှင့် ညှိစွန်းမှုရှိသည်။ အများပြည်သူများ စုံစမ်းစစ်ဆေးမှုများ ထိ‌ရောက်မှုရှိစေရန်အတွက် ထိရောက်သော သတင်းအချက်အလက်များကို တက်ကြွစွာ ပေးပို့ကြရန် အများဆုံး ထိုင်ဝမ်ဒေါ်လာ သိန်း ၂၀၀ ချီးမြှင့်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲအပေါ် အလောင်းကစားအဖြစ် လုပ်ဆောင်ခြင်းကို တိုင်ကြားခြင်းအတွက် အမြင့်ဆုံး ဆုကြေးငွေမှာ ထိုင်ဝမ်ဒေါ်လာ သိန်း ၅၀ ဖြစ်သည်။ ဤနည်းဖြင့်  အလောင်းအစားအကျိုးသက်ရောက်မှုကို ဖြတ်တောက်ပြီး ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် သမာသမတ်ကျမှု ရှိစေမည်။

ရွေးကောက်ပွဲ အလောင်းအစားလုပ်ခြင်းသည် ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် သီးသန့် အသုံးပြုလေ့ရှိသော နည်းလမ်းတစ်မျိုး ဖြစ်သည်။ အများပြည်သူများအနေဖြင့် စွဲမက်ဖွယ်ကောင်းလှသည့် အလျော်အစားနှုန်းတွေ၏ အောက်မှာ လောင်းကြေးများကို ရရှိရန်အတွက် လောင်းကစားများ ပြုလုပ်ကြသည်။ ဤသည်မှာ မိမိ၏ ကိုယ်ပိုင်ဆန္ဒမဲပေးမည့် ရည်ရွယ်ချက်များကို ပြောင်းလဲကြသည့်အပြင် အခြားသော မဲဆန္ဒရှင်များ၏ မဲပေးမည့် ရည်ရွယ်ချက်များအပေါ် လှုံဆော်ခြင်း သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်ခြေများ ရှိလာတတ်သည်။ ဤကဲ့သို့သော တရားမဝင် အပြုအမူများသည် လာဘ်ပေးလာဘ်ယူနည်းလမ်းများနည်းတူ ရွေးကောက်ပွဲမျှတမှုအပေါ် ထိခိုက်မှုများ ရှိစေသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲနှင့် ပြညသူ့ဝန်ထမ်းများ ပြန်လည်ခေါ်ယူရေးဥပဒေနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးအား ပြန်လည်ခေါ်ယူရေးဥပဒေများအတွက် ရွေးကောက်ပွဲအပေါ် အလောင်းအစားလုပ်ခြင်းနှင့် အလောင်းအစားအဖြစ် လုပ်ဆောင်သူများ၏ ရာဇဝတ်မှုဆိုင်ရာ အထူးပြဋ္ဌာန်းချက်များကို ဖြည့်စွက်ခဲ့သည်။ ရွေးကောက်ပွဲ အလောင်းအစားလုပ်ခြင်းကို စုံစမ်းခြင်းသည် အနာဂတ်တွင် အစိုးရ စစ်ဆေးရေးအဖွဲ့အစည်းများမှ အဓိက လုပ်ဆောင်သွားမည့် အရာတစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲအပေါ် အလောင်းအစားလုပ်ခြင်းကို တိုင်ကြားရာတွင် တိုင်ကြားမှုအတွက် ဆုကြေးများကို ပေးဆောင်မှုကို ဖြည့်စွက်ခဲ့သည်။ အကယ်၍ ရွေးကောက်ပွဲအပေါ်  လောင်းကစားအဖြစ် လုပ်ဆောင်သူများအဖြစ် တိုင်ကြားခံရသည့်အခါ လောင်းကစားအကြီးအသေးအပေါ် မူတည်၍ အပြစ်ပေးခံရမည်ဖြစ်သည်။ ဤတိုင်ကြားမှုအတွက် အမြင့်ဆုံး ဆုကြေးမှာ ထိုင်ဝမ်ဒေါ်လာ သိန်း ငါးဆယ် ဖြစ်ပြီး ဤနည်းဖြင့် လောင်းကစားဈေးကွက်ကိုလည်း အပြီး ဖယ်ရှားပစ်မည်ဖြစ်သည်။

အများပြည်သူများအနေဖြင့် တက်ကြွစွာ တိုင်ကြားမှုများကို လုပ်ဆောင်ပါ။ ရွေးကောက်ပွဲအပေါ် အနှောက်အယှက်ဖြစ်စေသည့် ရာဇဝတ်မှုမျိုးစုံကို စုံစမ်းပါ။ ရွေးကောက်ပွဲအပေါ် စစ်ဆေးသည့် အရည်အသွေးကို မြှင့်တင်ပါ။ “တရားမဲ့မှုကို တင်းကျပ်စွာ စုံစမ်းစစ်ဆေးခြင်းနှင့် အမြစ်ပြတ် ချေမှုန်းခြင်း” ဆောင်ပုဒ်အတိုင်း လုပ်ဆောင်ပါ။

တရားမျှတမှုရှိသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီနှင့် အမျိုးသားရေး ဂုဏ်သိက္ခာ၏ အခြေခံ အုတ်မြစ်များဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် တိုင်းပြည်၏ အနာဂတ်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အကျိုးသက်ရောက်မှု များစွာ ရှိသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ဌာနမှ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေသည့် ရာဇဝတ်မှုမှန်သမျှကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုသွားမည့် ဆုံးဖြတ်ချက်ကို တက်ကြွစွာ လုပ်ဆောင်သွားမည်။ အကယ်၍ အများပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို အနှောက်အယှက်ဖြစ်စေနိုင်သည့် ခိုင်မာသော အချက်အလက်များကို ရှာဖွေတွေ့ရှိပါက တက်ကြွစွာ တိုင်ကြားမှုများကို လုပ်ဆောင်ပေးပါ။ စုံစမ်းစစ်ဆေးရေးဌာနမှလည်း “ကြားသိမှုများအပေါ် စုံစမ်းစစ်‌ဆေးခြင်း” ၊ “သက်သေများရှိပါက မဖြစ်မနေ ဆောင်ရွက်ခြင်း” စသည့် သဘောထားများအတိုင်း အရေးယူ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ဤနည်းဖြင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးကိုင်တွယ်နိုင်ပြီး ဓမ္မဓိဋ္ဌာန်ကျသော၊ တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။


top