按 Enter 到主內容區
:::

回培力新住民資訊網首頁

မူဝါဒ
:::

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားနှင့် မူကြိုပညာရေးဌာနမှ တရုတ်ဘာသာစကားသင်ကြားရေး အထောက်အကူပြု သင်တန်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:教育部
  • 更新日期:2023/08/29
  • 點閱次數:40

“ပညာရေးဝန်ကြီးဌာန၏ အမျိုးသားနှင့် မူကြိုပညာရေးဌာနမှ နိုင်ငံသားသစ်၏ ကလေးသူငယ်များအတွက် ပညာရေး အဓိကချက်” အရ နိုင်ငံရပ်ခြားတွင် နှစ်အတော်ကြာ နေထိုင်ပြီးနောက် ထိုင်ဝမ်သို့ ကျောင်းပြန်တက်ကြသော အခြေခံ တရုတ်စကား အသုံးအနှုန်းနှင့် ပြောဆိုဆက်ဆံရေး ကျွမ်းကျင်မှု မရှိသော နိုင်ငံသားသစ် ကလေးသူငယ်များအား သူတို့၏ မူလဘာသာစကားဖြင့် သင်ယူရာတွင် အထောက်အကူ ဖြစ်စေရန်  တရုတ်ဘာသာစကား ပံ့ပိုးမှုသင်တန်းများအတွက် ‌ကျောင်းဘက်မှ ငှားရမ်းထားသော ဆရာများအနေဖြင့် လိုအပ်သော အချိန်အခါမျိုးတွင် ဆရာနှင့် ကျောင်းသားများအကြား ဆက်သွယ်မှုအတွက် ချက်ချင်းဘာသာပြန်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် စကားပြန် လက်ထောက်များကို ငှားရမ်းနိုင်သည်။ ‌ကျောင်းဘက်မှ စကားပြန်လက်ထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် နီးစပ်ရာ မိဘများကိုလည်း ပါဝင်ကူညီခိုင်းနိုင်ပြီး စကားပြန်များ၏ ကုန်ကျစရိတ်အတိုင်း ကျောင်းသားမိဘများကို ပေးချေနိုင်သည်။ စီမံဆောင်ရွက်မှုကာလမှာ နှစ်စဥ် ဖေ‌ဖော်ဝါရီလ ၁ ရက်မှ နောက်နှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိဖြစ်သည်။ ပညာရေးဝန်ကြီးဌာနမှလည်း တစ်နှစ်တာ ခွင့်ပြုထားသော ရန်ပုံငွေများကို နှစ်စဥ် ဖေဖော်ဝါရီလ မတိုင်မီ တိုင်းဒေသကြီး အစိုးရထံ ခွဲဝေချထားပေးမည်ဖြစ်သည်။ ထိုမှတဆင့် ကျောင်းများသို့ လွှဲပြောင်းပေးအပ်နိုင်ပြီး အဆိုပါ သင်တန်းများအတွက် ကျောင်းဘက်မှလည်း ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

top