按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

4 နှစ်တာ “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒမူဘောင်” ကို မြှင့်တင်ခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:交通部
  • 更新日期:2023/08/29
  • 點閱次數:44

ပို့ဆောင်ရေးဝန်ကြီးဌာနသည် မကြာသေးမီက ယာဥ်မောင်းသူမှ လမ်းဖြတ်ကူးသူကို ဦးစားမပေးမှုကြောင့် ဖြစ်ပွားခဲ့သော ယာဥ်မတော်တဆမှုနှင့် အများပြည်သူများအနေဖြင့် လမ်းသွားလမ်းလာများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ရှိစေရန်စသည့်တောင်းဆိုချက်များအပေါ် တုံ့ပြန်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ဤသည်မှာ ဝန်ကြီးဌာနအသီးသီးမှ ရေတို “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒမူဘောင်”ကို ရေးဆွဲသွားမည်ဖြစ်ပြီး အစိုးရမှလည်း လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းရေး မြှင့်တင်ရေးသန္နိဋ္ဌာန်ကို ဖော်ပြသွားမည်ဖြစ်သည်။ ထို့အပြင် ၂၀၃၀ ခုနှစ်တွင် ယာဥ်မတော်ဆမှုကြောင့် သေဆုံးမှုအရေအတွက်ကို 30% အထိ လျှော့ချရေးဦးတည်ချက်ကိုလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ရေရှည်တွင်လည်း “သေဆုံးမှုအရေအတွက် သုည” (Vision Zero) အဖြစ် ကြိုးစားသွားမည်ဖြစ်သည်။


လူသွားလူလာ လမ်းအန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ရန်မှာ ကျွန်ုပ်တို့၏ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးကို စီမံကိန်းရေးဆွဲရာတွင်လည်း ရှုထောင့်မျိုးစုံမှ ထည့်သွင်းစဥ်းစားမြှင့်တင်သွားရမည်ဖြစ်သည်။ လမ်းစနစ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်နှင့် လူသွားလူလာ ပတ်ဝန်းးကျင်စသည်တို့ကို ပေါင်းစည်းဖို့ လိုအပ်ပါသည်။ ဤအကြိမ်၏ “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒမူဘောင်”တွင် “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေးအခြေခံဥပဒေ မြှင့်တင်ရေး” ၊ “ပြီးပြည့်စုံသော အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ရေး” နှင့် “လူသွားလူလာ ဘေးအန္တရာယ်ကင်းရှင်းရေး အမှန်တကယ် တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရေး” စသည့် အဓိကလုပ်ဆောင်ချက်များကို တင်ပြခဲ့သည်။ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများတွင် တာတို ၊ တာလတ်၊ တာရှည် စသည်နည်းများဖြင့် မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်သည်။


တာတို စီမံကိန်းသည် နှစ်ဝက်အတွင်း လုပ်ဆောင်သွားနိုင်ပြီး အဓိက ပြီးစီးအောင်လုပ်ဆောင်ရမည်မှာ “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေးအခြေခံဥပဒေ” ကို ချမှတ်ရမည်ဖြစ်သည်။ ထို့အပြင် ဤဥပဒေကို အတည်ပြုနိုင်ရန် စက်တင်ဘာလတွင် အမှုဆောင်ယွမ်သို့ ပေးပို့သွားမည်ဖြစ်သည်။  “ဗဟိုလမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေး အစီရင်ခံစာကို” အမှုဆောင်ယွမ်ဥက္ကဋ္ဌမှ လူကိုယ်တိုင် ခေါ်ယူကျင်းပမည်ဖြစ်သည်။ 4 နှစ်တာ (2024-2027) “စဥ်ဆက်မပြတ် လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေး မြှင့်တင်မှု အစီအစဥ်”အတွက် 40 ဘီလီယံကို လမ်းသွားလမ်းလာနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဥ်အတွက် အသုံးပြုသွားမည်ဖြစ်မည်။ ထို့အပြင် ယာဥ်မတော်တဆမှု ဖြစ်နိုင်ခြေအရှိဆုံး လမ်းမ(လမ်းဆုံ)များနှင့် လမ်းသွားလမ်းလာလှုပ်ရှားမှုစုဝေးရာနေရာများ (ဥပမာ။ ။ အများပြည်သူယာဥ်အန္တရာယ်ရပ်နားရန်ဂိတ်များ၊ ကျောင်းအနီးအနားများ...စသဖြင့်) စုစုပေါင်း နေရာ ၆၀၀ တွင် “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်း ဦးစားပေး မြှင့်တင်မှုစီမံကိန်းတွင် စိစစ်ရေး” များ ထားရှိပြီး  ဘေးကင်းသော သယ်ယူပို့ဆောင်ရေးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အဆင့်မြှင့်တင်သွားမည်။ ထို့အပြင် တိုးတက်မှုနှင့်ပတ်သက်၍လည်း နှစ်ဝက်လျှင် 1 ကြိမ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။


တာလတ် စီမံကိန်းသည် တစ်နှစ်အတွင်း လုပ်ဆောင်သွားနိုင်ပြီး ၎င်း၏ ထူးခြားချက်မှာ “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ” နှင့်ပတ်သက်သော အစီအစဥ်ရေးဆွဲခြင်း ဖြစ်သည်။ လမ်းသွားလမ်းလာ အဓိက အဆောက်အဦး စီမံကိန်း၊ စွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) နှင့် အကဲဖြတ်မှုယန္တရားများကို တည်ဆောက်ပြီး ဒေသန္တရအစိုးရများအတွက် တာဝန်ခံမှုစနစ်များကို ရေးဆွဲအကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့အပြင် “လမ်းသွားလမ်းလာ ဘေးအန္တရာယ်ကင်းရှင်းရေးအခြေခံဥပဒေ” အရ ဗဟိုအစိုးရသည် 4 နှစ်တိုင်း “အမျိုးသား လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက်”ကို တစ်ကြိမ် ရေးဆွဲရမည်ဖြစ်သည်။ ဝန်ကြီးဌာနမှ နှစ်စဥ်နှစ်တိုင်း “တစ်နှစ်တာ ယာဥ်အန္တရာယ် ကင်းရှင်းမှု မြှင့်တင်ရေးစီမံချက်” ကို ရေးဆွဲပြီး ခရိုင် (မြို့)မှလည်း “တစ်နှစ်တာ ယာဥ်အန္တရာယ် ကင်းရှင်းမှု အကောင်အထည်ဖော်ဆောင်ရေး စီမံချက်” ကို ရေးဆွဲမည်ဖြစ်သည်။ ကြီးကြပ်မှုအပိုင်းမှလည်း “လူနှင့် ယာဥ်များ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စီမံခန့်ခွဲရေး ယန္တရား အားကောင်းလာစေရေး” အတွက် စည်းမျဥ်းစည်းကမ်း ချိုးဖောက်သူများအား အချိန်တိုအတွင်း ယာဥ်မောင်းလိုင်စင် လဲလှယ်ခြင်း နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ တက်ရောက်ခြင်းတို့ကို လုပ်ဆောင်သွားမည်။ မော်တော်ဆိုင်ကယ်မောင်းနှင်သင်တန်းနှင့် လမ်းအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရေးသင်တန်းတို့ကို တိုးချဲ့လုပ်ဆောင်သွားမည့်အပြင် ယာဥ်မောင်သင်တန်း သင်ကြားရေးနှင့် စီမံခန့်ခွဲရေးတို့ကိုလည်း အမှန်တကယ် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် “လမ်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ထောက်ပံ့ကြေး” (ဥပမာ။ ။ ထောက်ပံ့ကြေးငွေများ တိုးမြှင့်ခြင်းနှင့် ထောက်ပံ့ကြေးစနစ်အား ပြန်လည်ပြင်ဆင်ခြင်း တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အလယ်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ပြင်ပကျွန်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး ပတ်ဝန်းကျင်စနစ် တည်ဆောက်ရေးကို အဓိကထား ပုံဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။


တာရှည် စီမံကိန်းသည် လေးနှစ်အတွင်း လုပ်ဆောင်သွားနိုင်ပြီး “လမ်းအန္တရာယ်ကင်းရှင်းရေး၊ စစ်ဆေးရေးယန္တရား” အတွက် လမ်းအာဏာပိုင်များက ပုံမှန် ဘေးကင်းလုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ အန္တရာယ်များသော နေရာများအတွက် ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို တက်ကြွစွာ စူးစမ်းလေ့လာရှာဖွေသွားပြီး ကြိုတင်ကာကွယ်မှုနှင့် ပတ်သက်၍ မြှင့်တင်မှုများကို လုပ်ဆောင်သွားမည်။ လမ်းဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုနှင့် စစ်ဆေးရေးစနစ်များအတွက် စီမံကိန်း၊ ဒီဇိုင်း၊ တည်ဆောက်မှု၊ လည်ပတ်မှု စသည်တို့ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် ယာဥ်မောင်းများ ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်သည့် စွမ်းရည်ကို မြှင့်တင်နိုင်ရန် “ခေတ်မီပြီး အသေးစိတ်သော မော်တော်ယာဥ်၊ ဆိုင်ကယ် မောင်းနှင်မှု စနစ်” ဖြစ်သော အနာဂတ်တွင် မော်တော်ဆိုင်ကယ်များ လမ်းပေါ်တွင် လေ့ကျင့်မှုနှင့် စစ်ဆေးမှုတို့ကို အကောင်အထည်ဖော်သွားမည်ဖြစ်သလို မော်တော်ယာဥ် လမ်းပေါ်တွင် လေ့ကျင့်မှု လမ်းကြောများနှင့် စီမံကိန်းများကိုလည်း တိုးချဲ့သွားမည်ဖြစ်သည်။ ထို့အပြင် ယာဥ်မောင်းနှင်မှု လေ့ကျင့်ရေး အရည်အသွေးကို မြှင့်တင်ရန် အကဲဖြတ်သည့်စနစ်ကိုလည်း ပြုပြင်သွားမည်ဖြစ်သည်။ “အများပြည်သူ သယ်ယူပို့ဆောင်ရေး အသုံးပြုမှုနှုန်း မြှင့်တင်ရေး” အတွက် လမ်းနှင့် ယာဥ်သယ်ယူပို့ဆောင်ရေး စီမံကိန်းကို စဥ်ဆက်မပြတ် မြှင့်တင်ရေးနှင့် ပြောင်းလဲရေးတို့ကိုလည်း လုပ်ဆောင်သွားမည်။ သို့ဖြစ်ပါ၍ ယွမ်ဝန်ကြီးဌာန၏ ခရီးသည်ပို့ဆောင်ရေး လစဥ် အသုံးပြုခွင့် TPASS ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး 2025 ခုနှစ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးနှုန်းကို 5% ထပ်တိုးလာရေးအတွက် ကြိုးပမ်းသွားမည်။ ခရီးသည်တင်ယာဥ်များ လျှပ်စစ်ဓာတ်အားကို သုံးစွဲသော ယာဥ်များအဖြစ် မြှင့်တင်ရေးအတွက် 2024-2030 ခုနှစ်အတွင်း 64.3 ဘီလီယံကို ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံတစ်ဝှမ်းရှိ မြို့တွင်း ဘတ်စ်ကားများကို 2030 ခုနှစ်တွင် လုံးဝ လျှပ်စစ်ဘတ်စ်ကားများအဖြစ် ပြောင်းလဲပြီး ဝန်ဆောင်မှု အရည်အသွေးများကို မြှင့်တင်သွားမည်။ ထို့အပြင် အများပြည်သူ အတူတူ ဝေငှသုံးစွဲနိုင်သော ယာဥ်များ (စက်ဘီး၊ ဘက်ထရီစက်ဘီး) များကို သယ်ယူပို့ဆောင်ရေး၏ နောက်ဆုံးပိုင်း ဝန်ဆောင်မှုများအဖြစ် တိုးမြှင့်သွားမည်ဖြစ်သည်။


အစိုးရအနေဖြင့် ဥပဒေပြုရေး၊ ပညာပေးရေး၊ တည်ဆောက်ရေး၊ ကြီးကြပ်ရေး၊ ဥပဒေစိုးမိုးရေးနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍများ တိုးတက်ရေးစသည့် ဘက်ပေါင်းစုံမှ လုပ်ငန်းတာဝန်များကို တက်ကြွစွာ မြှင့်တင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ လမ်းသွားလမ်းလာ ဘေးကင်းလုံခြုံရေးကို အမှန်တကယ် မြှင့်တင်ခြင်းဖြင့် အများပြည်သူများ ချောမွေ့ပြီး ဘေးကင်းလုံခြုံသည့် လူသွားလူလာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟုလည်း မျှော်လင့်ပါသည်။ ထို့အပြင် အရည်အသွေးမြှင့်မားသော ဝန်ဆောင်မှုနှင့် ပြီးပြည့်စုံသော အများပြည်သူ သယ်ယူပို့‌ဆောင်ရေး ကွန်ယက်တစ်ခုကို ဖန်တီးပြီး “သေဆုံးမှုအရေအတွက် သုည” (Vision Zero) အဖြစ် ဦးတည်ကြိုးစားသွားမည်ဖြစ်ပါသည်။


top