按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

မြောင်လိခရိုင်၊ ကျားယိခရိုင်တို့တွင် ယခုနှစ်အတွင်း ပထမဦးဆုံးသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အများပြည်သူများအနေဖြင့် “ကင်းလှည့်ခြင်း၊ သွန်ပစ်ခြင်း၊ သန့်စင်ခြင်း၊ ပွတ်တိုက်ခြင်း” တို့ကို လုပ်ဆောင်ကြပါရန် တိုက်တွန်းပါတယ်။ အကယ်၍ သံသယဖြစ်ဖွယ်လက္ခဏာများ ထွက်ပေါ်လာပါက အမြန်ဆုံး ဆေးကုသမှုကို ခံယူပါ။ ထို့အပြင် ဆရာဝန်များအနေဖြင့်လည်း ဆေးကုသမှုခံယူသည့် ပြည်သူများအား သူတို့၏ ခရီးသွားရာဇဝင်နှင့် လှုပ်ရှားမှုမှတ်တမ်းများကို ထိရောက်စွာ စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်ပါ။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/08/23
  • 點閱次數:32

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ ထုတ်ပြန်ချက်အရ ပြည်တွင်း၌ သွေးလွန်တုပ်ကွေးရောဂါပျံ့နှံမှုမှာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မြောင်လိခရိုင်နှင့် ကျားယိခရိုင်တို့တွင် ယခုနှစ်အတွင်း ပထမဦးဆုံးသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပေါ်ပေါက်လာခဲ့ခြင်း သိရှိရပါတယ်။ ယနေ့အထိ တစ်နိုင်ငံလုံးရှိ ခရိုင်နှင့် မြို့ကြီး ၈ နေရာတို့တွင် ပြည်တွင်း၌ ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိခဲ့ပါတယ်။ ဩဂုတ်လ ၇ ရက်နေ့အထိ ပြည်တွင်း၌ ရောဂါကူးစက်ဖြစ်ပွားမှုပေါင်း ၁၁၀၉ ခု ရှိခဲ့ပြီး ထို‌ရောဂါကူးစက်ဖြစ်ပွားမှုအထဲမှ ထိုင်နန်မြို့တွင် ၉၂၀ ခု၊ ယွင်လင်ခရိုင်တွင် ၁၃၅ ခု၊ ကောင်းရှုံမြို့တွင် ၃၈ ခု၊ ကျားယိခရိုင်တွင် ၅ ခု၊ ထိုင်ကျုံးမြို့တွင် ၄ ခု၊ ဖင်တုန်းခရိုင်တွင် ၄ ခု၊ နန်ထိုခရိုင်တွင် ၂ ခုနှင့် မြောင်လိခရိုင်တွင် ၁ခု စသဖြင့် အသီးသီး ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံအတွင်း၌ ဤကဲ့သို့သော ဖြစ်ပွားမှုအရေအတွက်သည် လွန်ခဲ့သော ၁၀နှစ်အတွင်း အလားတူကာလတွင် အမြင့်ဆုံးဟု ဆိုနိုင်ပါတယ်။ ရောဂါကူးစက်ခံရသူများ၏ အသက်အပိုင်းအခြားများမှာ ၁၀နှစ်အောက်မှစတင်ပြီး အသက် ၉၀ကျော်အထက် ဖြစ်ပါတယ်။ ထိုအထဲတွင်မှ အသက် ၆၀ ကျော် ကူးစက်ခံရသူမှာ ၄၁% (၄၅၉ ‌ယောက်)၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အသက်၆၀ကျော် ကူးစက်ခံရသူဦးရေထက် ၂၆ % ပိုများပါတယ်။ လက်ရှိတွင် ပြင်းထန်သော ရောဂါကူးစက်ခံထားရသူ ၉ ဦး ရှိခဲ့ပြီး အသက်အရွယ်အပိုင်းအခြားများမှာ အသက် ၆၀ ကျော်မှ ၈၀ ကျော်အထိဖြစ်ပါတယ်။ ကူးစက်ခံထားရသူထဲမှာ ၇ ဦးမှာ ယွင်လင်ခရိုင်နှင့် ကျန် ၂ ဦးမှာ ထိုင်နန်မြို့မှ ဖြစ်ပြီး ထိုအထဲမှာမှ ဆေးရုံတင်ထားသူ ၃ ဦးနှင့်  သေဆုံးသူ ၁ ဦးတို့ ရှိခဲ့ပါတယ်။ လက်ရှိတွင် ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ပထမအမျိုးအစားနှင့် ဒုတိယအမျိုးအစားဆိုပြီး ရှိပါတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခံထားရသူ၊ သက်ကြီးရွယ်အိုနှင့် အန္တရာယ်မြင့်မားသော အုပ်စုတွင်ပါဝင်သူများအနေဖြင့် ပြင်းထန်သော ရောဂါကူးစက်ခံထားရပြီဟူသော သတိပေးချက်နှင့် လက္ခဏာများကို ဆက်လက်အာရုံစိုက်ထားဖို့ လိုပါတယ်။ ထို့အပြင် ယခုနှစ်အတွင်း ကူးစက်ခံထားရသူဦးရေထဲမှ ၉၂ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသော အမှုများဖြစ်ပြီး ထိုင်းနိုင်ငံ (၂၆ ဦး)၊ အင်ဒိုနီးရှားနိုင်ငံ (၁၇ ဦး)၊ မလေးရှားနိုင်ငံ (၁၇ ဦး)၊ ဗီယက်နမ်နိုင်ငံ (၁၃ ဦး)၊   ဖိလစ်ပိုင်နိုင်ငံ (၆ ဦး)၊ မော်လဒိုက်နိုင်ငံ (၄ ဦး)၊ အန္ဒိယနိုင်ငံ (၄ ဦး)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၁ ဦး)၊ လာအိုနိုင်ငံ (၁ ဦး)၊ တရုတ်နိုင်ငံ (၁ ဦး)၊ မြန်မာနိုင်ငံ (၁ ဦး) နှင့် စင်္ကာပူနိုင်ငံ (၁ ဦး) တို့တွင် ရောဂါများ အသီးသီး ကူးစက်ခဲ့ပါတယ်။


ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ အိမ်နီးချင်း အရှေ့တောင်အာရှ/ တောင်အာရှတို့တွင် သွေးလွန်တုပ်ကွေးရောဂါပျံ့နှံ့မှုမှာ မြှင့်တက်လျက်ရှိပြီး ထိုအထဲတွင်မှ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆက်လက်တိုးမြှင့်လျက်ရှိပါတယ်။ လာအိုနိုင်ငံတွင် ကူးစက်မှု အမြင့်မားဆုံးနေရာတွင် ရှိပြီး အလားတူ ကာလ၏ ကူးစက်မှုနှုန်းထက် မြင့်မားလျက် ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားမှုများရှိသည်ကို အစီရင်ခံထားပြီး ဆက်လက်ကူးစက်မြင့်မားလျက်ရှိမည်ဟုလည်း ခန့်မှန်းထားပါတယ်။ အခြားသော အမေရိကတိုက်များတွင် ရောဂါကူးစက်မှုများမှာ ဆက်လက်တိုးမြှင့်လျက်ရှိပြီး အစီရင်ခံတင်ပြထားသော ကူးစက်သူဦးရေမှာ ၃.၁၇ သန်းကျော် ရှိပြီ ဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံတွင် အစီရင်ခံတင်ပြထားသော ကူးစက်သူဦးရေမှာ ၂.၄၉ သန်းကျော် ရှိခဲ့ပြီး ပီရူးနိုင်ငံ၊ ဘိုလီးဗီးယားနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့တွင်လည်း ရောဂါကူးစက်ခြင်းများမှာ ပြင်းထန်လျက်ရှိပါတယ်။ 


ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ နွေရာသီအားလပ်ရက်အတွင်း အများပြည်သူများ နိုင်ငံအတွင်းသို့ မကြာခဏ ဝင်ထွက်သွားလာသူများဖြင့် ပြည့်နှက်လျက်ရှိသလို ရာသီဥတု ပူပြင်းပြီး ရံဖန်ရံခါ မိုးရွာသွန်းမှုများကြောင့် ခြင်ပေါက်ပွားမှုနှင့် ရောဂါပြန့်ပွားမှု ပို၍မြန်ဆန်လွယ်ကူသဖြင့် မြို့ခရိုင်အသီးသီးတွင် သွေးလွန်တုပ်ကွေး ရောဂါပျံ့နှံ့မှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းကို သတိပေး ပြောကြားထားပါတယ်။ သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် “ကင်းလှည့်ခြင်း၊ သွန်ပစ်ခြင်း၊ သန့်စင်ခြင်း၊ ပွတ်တိုက်ခြင်း” တို့ကို မှန်ကန်စွာ အကောင်အထည်ဖော်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အိမ်အတွင်းနှင့်အပြင်ရှိ ပတ်ဝန်းကျင်များတွင် ရေများစုနေခြင်း ရှိမရှိကို ကင်းလှည့်စစ်ဆေးပါ။ ထို့အပြင် ရေများ စုနေပါကလည်း သွန်ပစ်ရန် လိုအပ်ပါတယ်။ ထို့အပြင် ရေသိုလှောင်ထားသော တိုင်ဂီများကိုလည်း တစ်ပတ်မှာ အနည်းဆုံး တိုင်ဂီဘေးဘောင်နံရံများကို တစ်ခေါက်ဆေးကြောတိုက်ဆင်ပေးပါ။ အသုံးပြုရန် မလိုအပ်ပါက တိုင်ဂီကို မှောက်ထားခြင်း သို့မဟုတ် ဖယ်ရှားခြင်းများကို လုပ်ဆောင်ခြင်းဖြင့် ခြင်ကောင်များ ပေါက်ပွားမှုကို လျှော့ချပေးပါ။ ပြင်ပလှုပ်ရှားမှုများကို လုပ်ဆောင်ချိန်တွင် အရောင်ဖျော့အင်္ကျီရှည်၊ ဘောင်းဘီရှည်များကို ဝတ်ဆင်ပြီး အစိုးရအဖွဲ့အစည်းများမှ ခွင့်ပြုထားသော DEET ၊ Picaridin သို့မဟုတ် IR-353 စသည့် ပစ္စည်းများပါရှိသော ခြင်ဆေးများကို အသုံးပြုခြင်းဖြင့် ခြင်ကိုက်ခြင်း အန္တရာယ်မှ ရှောင်ရှားပါ။ အကယ်၍ ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိအတွင်းပိုင်းနာကျင်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း စသည့် သွေးလွန်တုပ်ကွေး သံသယလက္ခဏာများ ထွက်ပေါ်လာပါက ဆေးကုသမှု အမြန်ဆုံး ခံယူပြီး ဆရာဝန်ကိုလည်း ခရီးသွားလာမှုများကို ပြောပြပါ။ ထို့အပြင် ဆရာဝန်အနေဖြင့်လည်း TOCC ကို အမှန်တကယ် မေးမြန်းပြီး အထက်ကို အစီရင်ခံစာတင်ပြရန်  လိုအပ်ပါတယ်။ သွေးလွန်တုပ်ကွေး NS1 စစ်ဆေးကိရိယာများကို အထိုက်အလျောက် သုံးစွဲပြီး ရောဂါရှာဖွေရာတွင် အထောက်အကူများအဖြစ် အသုံးပြုသင့်ကြောင်းကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထို့အပြင် လူနာများ ဝမ်းဗိုက်နာခြင်းနှင့် ဖိနှိပ်ထားသကဲ့သို့ နာကျင်ခြင်း၊ အဆက်မပြတ် အန်ခြင်း၊ ချွဲကျိသော သွေးယိုခြင်း၊ အအိပ်မက်ခြင်း၊ ဂနာမငြိမ်ခြင်း စသည့် သွေးလွန်တုပ်ကွေး သံသယလက္ခဏာများ ပေါ်ထွက်လာပါက  ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူသင့်ကြောင်းလည်း ပြောကြားထားပါတယ်။ သွေးလွန်တုပ်ကွေးနှင့် သက်ဆိုင်ရာ အချက်အလက်များအတွက် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ ကမ္ဘာတစ်ဝှမ်းအချက်အလက်အင်တာနက်စာမျက်နှာသို့ သွားရောက်ဖတ်ရှုခြင်း သို့မဟုတ် အခမဲ့ ကူးစက်ရောဂါအတွက် အထူးဟော့ခ်လိုင်း ၁၉၂၂ (၀၈၀၀-၀၀၁၉၂၂) သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။


top