按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

ဆေးဝါးများကို ဂရုပြုပါ။ မည်သည့်နေရာမှလာသည်ကို မသိသော ဆေးဝါးများ ဝယ်ယူခြင်းကို မပြုလုပ်ပါနှင့်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部食品藥物管理署
  • 更新日期:2023/07/18
  • 點閱次數:39

နွေရာသီအားလပ်ရက်ဖြစ်သည့်အတွက် ခရီးသွားလာမှု အများဆုံး အချိန်ကာလလည်းဖြစ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံခြားသို့ ခရီးသွားသည့်အခါ သို့မဟုတ် အင်တာနက်မှတဆင့်လည်း ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူတတ်ကြသည်။ သို့ဖြစ်ပါ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နောက်ပိုင်းတွင် ဤဦးစီးဌာန ဟူ၍ ညွှန်းဆိုသွားမည်) မှ ပြည်သူများအား မည်သည့်နေရာမှလာသည်ကို မသိသော၊ တံဆိပ်အမှတ်အသား မရှင်းလင်းသော သို့မဟုတ် ပုံကြီးချဲ့ထွင်ထားသော ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် စားသုံးခြင်းများ မပြုလုပ်ကြပါရန် သတိပေးထားသည်။ ဒေသန္တရကျန်းမာရေး အာဏာပိုင်များမှ ခွင့်ပြုချက် မရရှိထားသော ဆေးဝါးများကို ဝယ်ယူခြင်း မပြုကြပါနှင့်။ ထို့အပြင် ဆေးဝါးပစ္စည်းများတွင် အဆိပ်အတောက်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့် ကျန်းမာရေးကို ထိခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန် အဆိုပါ ပစ္စည်းများကို သာမန်ပစ္စည်း၊ ဒေသထွက်ကုန်ပစ္စည်း သို့မဟုတ် အမှတ်တရလက်ဆောင်ပစ္စည်းများအဖြစ် ဝယ်ယူပြီး သူငယ်ချင်းမိတ်ဆွေများသို့ လက်ဆောင်ပေးခြင်းများ မပြုပါနှင့်။

အကောက်ခွန်ဌာနမှ ပြည်သူများ ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်သည့်အခါ ဝယ်ယူလေ့ရှိသော ဂျပန်ဝမ်းနုတ်ဆေးများပါရှိသော ပါဆယ်ထုပ်များကို မကြာခဏ တွေ့ရှိရသည်ကို ဤဦးစီးဌာနမှ ဖော်ပြထားသည်။ သို့သော် အထဲတွင် ပါရှိသော ဆေး‌တောင့်များသည် အစိမ်းရောင်နှင့် အဖြူရောင်များဖြစ်ပြီး မူလပန်းရောင်ဆေးတောင့်များနှင့် ကိုက်ညီခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။ ဤဦးစီးဌာနမှ ပြုလုပ်သော စမ်းသပ်ချက်များအရ အထဲတွင် Sibutramine နှင့် phenolphthalein ပါဝင်ပစ္စည်းများကို တွေ့ရှိရသည်။ ဤဦးစီးဌာနမှ ဤပါဝင်ပစ္စည်းများပါရှိသော ဆေးဝါးလိုင်စင်ကို ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။ Sibutramine သည် ယခင်တွင် ဝိတ်ကျဆေးအဖြစ် နာမည်ကြီးသော ဓာတ်ပစ္စည်းပါရှိသည်။ ထို့ကြောင့် ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရပ်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ phenolphthalein သည် ဝမ်းသွားခြင်းကို မြှင့်တင်ပေးနိုင်သော ဝမ်းနုတ်ဆေးဖြစ်သည်။ ဤဆေးဝါးကို ရေရှည်အသုံးပြုပါက ဗိုက်နာခြင်း၊ ခန္ဓာကိုယ်တွင်း ဓာတ်မမျှမှုကို ဖြစ်ပေါ်စေခြင်းအပြင် ကင်ဆာအဖြစ်လည်း ဖြစ်ပွားစေနိုင်သည်။

ထို့အပြင် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ခုနှစ် မေလကုန်အထိ ဤဦးစီးဌာနသည် အကောက်ခွန်ဦးစီးဌာန၊ ကျန်းမာရေးဌာန သို့မဟုတ် ရဲစခန်းများမှ အတုအပဖြစ်နိုင်သည်ဟု သံသယရှိသော Viagra နမူနာ ၁၆ ခုကို ရယူစစ်ဆေးခဲ့သည်။ စမ်းသပ်မှုရလဒ်များအပြီးတွင် ထိုဆေးဝါးများအားလုံးသည် အတုအပထုတ်ကုန်များဖြစ်သည်ကို တွေ့ရှိရသည့်အပြင် အချို့မှာ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သော အခြားသော ပါဝင်ပစ္စည်းများဖြစ်သည့် Chloramphenicol ၊ 2-Mercaptobenzothiazole နှင့် Sulpyrine များ ပါဝင်သည်ကို တွေ့ရှိရသည်။ Chloramphenicol သည် ပြင်းထန်သော သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေနိုင်သည်။ 2-Mercaptobenzothiazole သည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်။ Sulpyrine သည် granular leukopenia ၊ hemolytic anemia ၊ aplastic anemia ကဲ့သို့သော ပြင်းထန်သော သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေနိုင်သည်။

ဤဦးစီးဌာနသည် အင်တာနက်မှ ဆေးဝါးပစ္စည်းများ ဝယ်ယူခြင်းကို မပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။ ဆရာဝန်၏ ညွှန်ကြားချက်မပါရှိဘဲ မိမိဘာသာ ဆေးဝါးများ ဝယ်ယူသောက်သုံးခြင်း၊ မှန်ကန်သော ဆေးပမာဏ၊ တားမြစ်ထားခြင်း နှင့် ဘေးထွက်ဆိုးကျိုးများကို မသိရှိဘဲ သောက်သုံးခြင်းများ မပြုလုပ်ပါနှင့်။ ထို့အပြင် အခြားပါဝင်ပစ္စည်းများ ပါဝင်ပါက ငွေကုန်ကြေးကျဖြစ်စေသလို မိမိ၏ ခန္ဓာကိုယ်ကိုလည်း နာကျင်စေနိုင်သည့် အတွက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဆေးဝါးသောက်သုံးရာတွင် နေထိုင်မကောင်းဖြစ်ပါက ဆေးဝါးကုသမှုခံယူခြင်း သို့မဟုတ် တရားဝင်လမ်းကြောင်းများမှ တရားဝင် ဆေးဝါးထုတ်ကုန်များကို ဝယ်ယူသုံးစွဲသင့်သည်။ ဤဦးစီးဌာနသည် အရည်အသွေး ပြည့်မီခြင်းမရှိသော အစားအစာများ၊ အနောက်တိုင်းဆေးနှင့် ရောစပ်ထားသော တရုတ်တိုင်းရင်းဆေးများ၊ တားမြစ်ဆေးများ၊ အတုအပဆေးဝါးများ စသည်တို့ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဝဘ်ဆိုက်များတွင် ထည့်သွင်းဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အင်တာနက်ပေါ်တွင် ဝယ်ယူသုံးစွဲတော့မည်ဆိုပါက ဥပဒေချိုးဖောက်ထားခြင်း ရှိမရှိ စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

ဤဦးစီးဌာနမှ ပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများမှ ဆေးဝါးပစ္စည်းများကို သယ်ဆောင်လာပြီး အများပြည်သူများကို မှောင်ခို တဆင့်ပြန်လည်ရောင်းချခြင်းကြောင့် ဥပဒေချိုးဖောက်ခြင်းများ မပြုလုပ်ကြပါရန် သတိပေးထားသည်။ ခွင့်ပြုချက်မပါရှိဘဲ တားမြစ်ဆေးဝါးအတုအပ တင်သွင်းသူမည်သူမဆို ဆေးဝါးဆိုင်ရာဥပဒေ ပုဒ်မ ၈၂ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ထိုင်ဝမ်ဒေါ်လာ သန်း ၁၀၀ အထိ ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်။ ခွင့်ပြုချက် မပါရှိဘဲ ရည်ရွယ်ချက်ရှိရှိ ရောင်းချခြင်း၊ တင်သွင်းခြင်း သို့မဟုတ် ဖော်ပြခြင်းများရှိပါက ဆေးဝါးဆိုင်ရာဥပဒေ ပုဒ်မ ၈၃ အရ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ထိုင်ဝမ်ဒေါ်လာ သန်း ၅၀ အထိ ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်။


top