按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

New Southbound Policy (နယူးဆောက်ဘောင်းပေါ်လစီ)

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:行政院
  • 更新日期:2023/07/14
  • 點閱次數:50

New Southbound Policy သည် ထိုင်ဝမ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များအပေါ် အခြေခံ၍ ရေးဆွဲထားသော မဟာဗျူဟာစီမံကိန်းဖြစ်သည်။ နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးအမြတ်နှင့် ကွဲပြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမူများပေါ်တွင် အခြေခံထားခြင်းလည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံကို တက်ကြွစွာ ပြင်ဆင်မှုနှင့် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုတွင် ပါဝင်အသုံးပြုရန် စွမ်းအင်တစ်ခုလည်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ လူသားစွမ်းရည် နှီး‌နှောဖလှယ်ခြင်း၊ အရင်းအမြစ်များ မျှဝေခြင်းနှင့် ဒေသတွင်း ချိတ်ဆက်မှုများစသည့် အချက်အလက် ၄ ချက်ဖြင့် စတင်ပြီး ထိုမှတဆင့် ထိုင်ဝမ်နှင့် အာဆီယံ၊ တောင်အာရှ၊ နယူးဇီလန်၊ သြစတြေးလျစသည့် နိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှု၊ နည်းပညာ၊ ယဉ်ကျေးမှုစသည့်အပိုင်းများတွင် ချိတ်ဆက်မှုများ မြှင့်တင်မည်။ အရင်းအမြစ်များ၊ လူသားစွမ်းရည်များနှင့် ဈေးကွက်များကို မျှဝေပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်များကို ဖန်တီးမည်။ ထို့အပြင် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုနှင့် အပြန်အလှန် ပြောဆိုဆက်ဆံမှုယန္တရားများကို ထူထောင်ခြင်းမှတဆင့် နယူးဆောက်ပေါင်းနိုင်ငံများနှင့် အတူလက်တွဲသွားပြီး ဘုံသဘောတူညီချက်များကို ရယူသွားမည်။ ထို့အပြင် သက်ဆိုင်ရာ ဆက်စပ်ပြဿနာများနှင့် ကွဲလွဲမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမည်။ အပြန်အလှန် ယုံကြည်မှုများကို တဖြည်းဖြည်း တည်ဆောက်သွားပြီး “ဘုံစီးပွားရေးအသိုက်အဝိုင်းအသိအမြင်”တစ်ခုကို ထူထောင်သွားမည်။

New Southbound Policy ကို မြှင့်တင်ပြီးကတည်းမှ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုများသည် တနေ့တခြား ပိုမို အာရုံစိုက်ခြင်းကို ခံလာရသည်။ အစိုးရမှလည်း နယူးဆောက်ဘောင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ငယ်များ၏ လည်ပတ်မှုစနစ်များမှတဆင့် သတင်းအချက်အလက်မျှဝေမှု၊ အရင်းအမြစ်ပေါင်းစည်းမှုနှင့် ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက်ရှိသည်။ ဤကာလအတွင်း နယ်ပယ်အသီးသီးဖြစ်သော အစိုးရမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များ ပညာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များမှလည်း မူဝါဒ အကောင်အထည်ဖော်ရာတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတတို့မှလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် မူဝါဒ၏ အကျိုးသက်ရောက်မှုများလည်း ပိုမို နက်ရှိုင်းလာသည်။

အစိုးရအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ထိုင်ဝမ်တို့၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ထိုင်ဝမ်၏ ပါဝါပျော့ကို သရုပ်ပြရန်အတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များစွာကို စတင်ခဲ့ခြင်းဖြစ်သည်။ 

ဥပမာအားဖြင့်၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ဇွန်လတွင် "တစ်နိုင်ငံ၊ တစ်နိုင်ငံ စင်တာ" မဟာဗျူဟာကို တရားဝင်ထုတ်ပြန်ခဲ့သည်။ ဆောက်ပေါင်း မိတ်ဖက်နိုင်ငံ 7 နိုင်ငံနှင့်အတူ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းများ၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးလုပ်ငန်းပေါင်းကူးတံတား၊ ထိုင်ဝမ်စီးပွားရေးသမားများအတွက် ကျန်းမာရေးအတိုင်ပင်ခံဝန်ဆောင်မှုများ၊ ယဥ်ကျေးမှုနှင့် ကိုက်ညီသော ဆေးဘက်ဆိုင်ရာ ပတ်ဝန်းကျင်ဖန်တီးခြင်း၊ ဆေးဘက်ဆိုင်ရာ စည်းမျဥ်းများနှင့် ဈေးကွက်သုတေသနပြုခြင်းများစသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။ ထိုင်ဝမ်၏ ကောင်းမွန်သော ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အားသာချက်များကို အသုံးပြုပြီး သက်ဆိုင်ရာ ဆက်စပ်ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ထိုင်ဝမ်ပြင်ပသို့ ပို့ဆောင်ရာတွင် အသုံးပြုနိုင်ခဲ့သည်။ စိုက်ပျိုးရေးအဖွဲ့အစည်းမှ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အင်ဒိုနီးရှား၌ စိုက်ပျိူးရေးသရုပ်ပြခန်းမတစ်ခုကို တည်ထောင်ခဲ့ပြီး ထိုင်ဝမ်၏ အရည်အသွေးမြင့် ဓာတ်မြေသြဇာများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများ၊ ပျိုးပင်များနှင့် စိုက်ပျိုးရေးစီမံခန့်ခွဲမှုနည်းပညာများကို နှစ်နိုင်ငံစလုံးအတွက် ရလဒ်ကောင်းများဖန်တီးရန်အတွက် တင်သွင်းခဲ့သည်။ အထက်ပါအကြောင်းအရာများအားလုံးကြောင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်နိုင်ငံများအားလုံးသည် New Southbound Policy ၏ ကြီးမားသော အကျိုးကျေးဇူးများကို ခံစားရရှိနိုင်သည်။

အစိုးရဌာအသီးသီးသည် အနာဂတ်တွင် ရှိပြီးသားဖြစ်သော ကောင်းမွန်သော အခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး မိတ်ဖက်နိုင်ငံများနှင့် နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၊ လူသားစွမ်းရည်ဖလှယ်မှု၊ အရင်းအမြစ်မျှဝေမှုနှင့် ဒေသဆိုင်ရာ ချိတ်ဆက်မှုနယ်ပယ်များတွင် ဘက်စုံတိုးတက်မှုအတွေ့အကြုံများကို စုစည်းသွားမည်။ ဤသည်မှာ အကြီးစားစီမံကိန်းနှင့် အကောင်အထည်ဖော်ဆောင်ရေးတို့ကို အဓိက အာရုံစိုက်ပြီး သက်ဆိုင်ရာ စီမံကိန်းများကိုလည်း မီးမောင်းထိုးပြီး အသေးစိတ် ဖော်ထုတ်ပြသသွားမည်ဖြစ်သည်။


top