按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

ကလေးများ အပူဒဏ်ကို ကာကွယ်ရန် နည်းလမ်း 4 ခု၊ ပျော်ရွှင်ကျန်းမာတဲ့ Fun နွေရာသီအားလပ်ရက်

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/07/12
  • 點閱次數:81

ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ “အချိန်နှင့် တပြေးညီ ကူးစက်ရောဂါရောဂါ စောင့်ကြည့်ရေးနှင့် ကြိုတင်အသိပေးစနစ်” အရ အရေးပေါ်ကုသမှုဆိုင်ရာ အချက်အလက်များကို အထက်ကို တင်ပြခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ အသက် ၁၈ နှစ်အောက်အရွယ် အပူဒဏ်ကြောင့် အရေးပေါ်ကုသမှုခံယူခဲ့သူ ၈၉ ယောက်ရှိခဲ့ပြီး ၃ နှစ်အတွင်း ဆရာဝန်ပြသသူဦးရေ၏ ၂.၃ ဆ ဖြစ်သည်။ အပူဒဏ်ခံရနိုင်ခြေများသော ပတ်ဝန်းကျင်များမှာ အပူချိန်မြင့်ပြီး အိုက်စပ်သော လေဟာပြင်နေရာ၊ လေဝင်လေထွက်မရှိသော အခန်းနှင့် အလုံပိတ်ကားထဲနေရာများ ပါဝင်ပါသည်။ နွေရာသီ အားလပ်ရက်သည် ကလေးသူငယ်များ လှုပ်ရှားမှု အမျိုးမျိုးလုပ်ဆောင်နိုင်သော အချိန်ကောင်းလည်း ဖြစ်သည်။ အိမ်အတွင်းဖြစ်စေ၊ အိမ်အပြင်ဖြစ်စေ အပူဒဏ်ကို လျှော့ချရန် သို့မဟုတ် ရှောင်ရှားရန်သည် လူတိုင်း သိထားရမည့် အရေးကြီးသော သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။

အထူးသဖြင့် ကလေးသူငယ်များသည် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သည့်အတွက်၊ ဇီဝဖြစ်ပျက်မှုသည် မြန်ဆန်သည်။ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင်ရှိသော ရေသည် လျင်မြန်စွာ အငွေ့ပျံသွားသလို ချွေးထွက်နှုန်းလည်း များသည်။ ထို့အပြင် ဘာသာစကားစွမ်းရည်နှင့် မိမိကိုယ်ကို စောင့်ရှောက်နိုင်မှုအပိုင်းများတွင် ကန့်သတ်ချက်များရှိသည့်အတွက် အချိန်မီ ရေကို သောက်သုံးခြင်းနှင့် အနားယူပြီး ချွေးကို သုတ်ခြင်းများကို မလုပ်ဆောင်နိုင်ပါ။ အခြားတစ်ဖက်တွင်လည်း အသက်ပို၍ ကြီးသော ကလေးများသည် လှုပ်ရှားမှုများအတွင်း အလွန်အကျွံ့ အားပါဝင် သွားသည့်အတွက် အပူချိန်မြင့်တက်ခြင်းနှင့် ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်လာသော မသက်မသာဖြစ်မှုများကို လျစ်လျူရှုမိလေ့ ရှိကြသည်။ ခန္ဓာကိုယ် တစ်ခုခုဖြစ်ခြင်း သို့မဟုတ် သတိလစ်ခြင်းများ ဖြစ်ပေါ်လာပါက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများ ပေါ်ထွက်လာတတ်ပါသည်။

အမျိုးသား ကျန်းမာရေးဌာန၏ ဌာနမှူး Wu Zhaojun မှ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း အပြင်ကို သွားရောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြည်ပြီး အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်ကို ကာကွယ်ရန် သတိပေးထားသည်။ ထို့အပြင် ကလေးများ အပူဒဏ်ကို ကာကွယ်ရန် နည်းလမ်း 4 ခုကိုလည်း ဖော်ပြထားသည်။ ဤနည်းဖြင့် အပူဒဏ်အန္တရာယ်မှ လျှော့ခပြီး ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်လည်း အကြံပြုထားသည်။

ပေါ့ပါးစွာ ဝတ်ဆင်ခြင်း - ဝတ်စားဆင်ယင်မှုအပိုင်းတွင် အနုရောင် (အရောင်ဖျော့ဖျော့) နှင့် လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို အဓိကထား ဝတ်ဆင်ပါ။ ကလေးသူငယ်များနှင့် လူကြီးများ ဆင်တူ သက်တောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်စေပြီး ကလေးငယ်များ ဝတ်စားဆင်ယင်မှုအပိုင်းတွင် အလွန်အကျွံ့ ဖုံးအုပ်ထားခြင်းမျိုး မရှိသင့်ပါ။

နေဒဏ်မှ ကာကွယ်ခြင်းနှင့် လေဝင်လေထွက် ကောင်းအောင်လုပ်ခြင်း - အပြင်ထွက်သည့်အချိန် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့် နေကာဦးထုပ်ကို ရွေးချယ်ခြင်း သို့မဟုတ် နေရောင်ကာခရင်မ် ထုတ်ကုန်များကို ရွေးချယ်ခြင်းများ လုပ်ဆောင်ပါ။ အကယ်၍ တွန်းလည်းများကို အသုံးပြုပါကလည်း လေဝင်လေထွက်ကောင်းသော နေရောင်ကာ ပိတ်စအပါးများကို ရွေးချယ်အသုံးပြုပါ။ ထို့အပြင် ပုဝါ သို့မဟုတ် သိုင်းကြိုးများကိုလည်း အသုံးပြုသည့်အခါတွင်လည်း ပူအိုက်စေသောအမျိုးအစားကို ရှောင်ဖယ်ပြီး လေဝင်လေထွက်ကောင်းသောအမျိုးအစားကို ရွေးချယ်အသုံးပြုပါ။ လေဝင်လေထွက်ကောင်းပြီး အေးမြသော နေရာများကို ရွေးချယ်ပြီး အနားယူပါ။

အချိန်တိုင်း ရေများများ သောက်ခြင်း - အခန်းတွင်းဖြစ်ဖြစ်၊ အခန်းပြင်ဖြစ်ဖြစ် အချိန်တိုအတွင်းမှာ ရေပမဏ သို့မဟုတ် ရေခဲရေပမာဏ အများကြီး လျော့နည်းသွားခြင်း မဖြစ်စေရန် သင့်လျော်သော ရေပမာဏကို အမြဲ ဖြည့်စွက်ပေးပါ။ သကြားပါသော အချိုရည်များနှင့် ရေကို အစားထိုး၍ မရပါ။ ရေဓာတ်ဆုံးရှုံးခြင်းမှ ရှောင်ကြဥ်နိုင်ရန် ခန္ဓာကိုယ်တွင် လိုအပ်သော ရေပမာဏကို အမြဲ ထိန်းညှိပေးထားရမည်။

ကလေးသူငယ်များကို ဂရုစိုက်ခြင်း - အသေးစား ယာဥ်အမျိုးအစား (ကလေးတွန်းလှည်း)နှင့် ဥပမာ ပေးပါရစေ။ ကားပေါ်မှ ဆင်းတိုင်း ကလေးလည်း ကားပေါ်မှ ဆင်းခြင်းရှိမရှိကို စစ်ဆေးပါ။ ဤသို့ စစ်ဆေးရသည့်အကြောင်းအရင်းမှာ ကလေးသူငယ်အနေဖြင့် အိပ်ပျော်သွားပြီး ကားပေါ်တွင် ကျန်နေခဲ့ခြင်း မရှိစေရန်အတွက် ဖြစ်ပါသည်။ ထို့အပြင် အိမ်စီးကားအနေဖြင့် ဥပမာ ပေးပါရစေ။ ကလေးသူငယ် အိပ်ပျော်နေသည့်အတွက် သို့မဟုတ် လူကြီး ကားပေါ်မှ ဆင်းပြီး ကိစ္စတစ်စုံတစ်ရာကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သည့်အတွက် စသည့် အကြောင်းအရင်းများဖြင့် ကလေးသူငယ်ကို ကားပေါ်တွင် တစ်ယောက်တည်း ထားခဲ့ပြီး ကားတံခါးများကို လော့ခ်ချထားခြင်းများ မလုပ်မိစေပါနှင့်။ ဘေးအန္တရာယ်ဖြစ်ပေါ်ခြင်း မရှိစေရန် ကလေးသူငယ်များကိုပါ ကားပေါ်မှ တပါတည်း ဆင်းခိုင်းပါ။ အကယ်၍ ကားရွေ့လျားနေစဥ်အတွင်း ကလေးသူငယ် ခန္ဓာကိုယ်နေထိုင်မကောင်းဖြစ်ပါက ချက်ချင်း ရပ်တန့်ပြီး ကလေးသူငယ်ကို အနားယူစေခြင်းနှင့် ရေဓာတ်ဖြည့်ဆည်းပေးခြင်းတို့ကို လုပ်ဆောင်ပါ။

ကလေးသူငယ်သည် အပူဒဏ်လက္ခဏာများ (ဥပမာ။ ။ ပင်ပန်းနွမ်းနယ်ခြင်း၊ လှုပ်ရှားမှု လျော့နည်းသွားခြင်း) ထွက်ပေါ်လာသည်ဟု သံသယဖြစ်မိပါက အပူချိန်မြင့်သော ပတ်ဝန်းကျင်မှ ချက်ချင်း ထွက်ခွာသွားရမည်ဖြစ်သည်။ ထို့အပြင် အပူဒဏ် လျော့နည်းအောင် လုပ်ဆောင်ရမည်။ (ဥပမာ။ ။ အင်္ကျီကို ခပ်ပွပွ ဝတ်ဆင်ခြင်း၊ ဒါမှမဟုတ် ခန္ဓာကိုယ်ရေပတ်တိုက်ခြင်း သို့မဟုတ် ယပ်ခတ်ပေးခြင်းစသည်တို့) ကို လုပ်ဆောင်ရမည်။ ဆားဓာတ်ပါသော ရေအေး သို့မဟုတ် အီလက်ထရောနစ်ရေတို့ကို သောက်သုံးပေးပါ။ အကယ်၍ ချွေးထွက်လွန်ခြင်း၊ ရေငတ်ခြင်း၊ ပျို့အန်ခြင်း၊ သို့မဟုတ် မှတ်ဉာဏ်ရှုပ်ထွေးလာခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း သို့မဟုတ် သတိလစ်တော့မလိုဖြစ်ခြင်း စသည်တို့ကို ခံစားရပြီး အပူချိန် အဆက်မပြတ် မြင့်တက်နေပါက၊ ထို့အပြင် ချွေးထွက်တိတ်ခြင်း၊ မျက်နှာနီရဲခြင်း၊ အသားရေ ခြောက်သွေ့ခြင်းနှင့် ပြင်းထန်သော မှတ်ဉာဏ်ဝေဝါခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ဖြစ်ပါက အမြန်ဆုံး အရေးပေါ် ဆေးကုသမှု ခံယူပါ။ သို့မဟုတ် 119 ကို ဆက်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပါ။

အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနမှလည်း ပြည်သူများအား ကလေးသူငယ်များကို အပူဒဏ်မှ ကာကွယ်ရန် လုပ်ဆောင်သလို မိဘဖြစ်သူကိုယ်တိုင်လည်း မိမိရဲ့ ကျန်းမာရေးအခြေအနေကို အကဲခတ်သင့်သည်။ သင့်လျော်သော ရေပမာဏကို အမြဲ ဖြည့်စွက်ပြီး နေကာနှင့် နေလှောင်ဒဏ်ကာ အသုံးအဆောင်များကို အသုံးပြုပြီး အပူဒဏ်ခံစားရခြင်းမှ ရှောင်ကြဥ်ပါ။ ဤနည်းဖြင့် ကလေးမိဘနှစ်ဘက်စလုံး ပျော်ရွှင်ကျန်းမာသော fun နွေရာသီအားလပ်ရက်ကို ပိုင်ဆိုင်ရရှိနိုင်မည်ဖြစ်သည်။ 


top