按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

Lin Yu Chang မှ “လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား အိမ်ထောင်စုများ၏ အိမ်ရာချေးငွေ ပံ့ပိုးမှုစီမံကိန်း” ကို ဇွန်လ ၁ရက်နေ့မှ စတင်လက်သင့်ခံဆောင်ရွက်ဖြစ်ကြောင်း ပြောကြားထားသည်။ အွန်လိုင်းမှတဆင့် အလွယ်တကူ လျှောက်လွှာတင်နိုင်ပြီး အကောင့်ထဲသို့ တိုက်ရိုက်ငွေသွင်းပေးမည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部
  • 更新日期:2023/06/21
  • 點閱次數:54

ပြည်ထဲရေးဝန်ကြီး Lin Yu Chang မှ ဇွန်လ ၁ရက်နေ့တွင် အွန်လိုင်းမှတဆင့် လျှောက်လွှာများကို တရားဝင်လက်ခံမည်ဖြစ်ပြီး လျှောက်လွှာ တင်သွင်းရာတွင် အထောက်အထားစာရွက်စာတမ်းများ ပူးတွဲတင်ပြရန် မလိုအပ်ကြောင်း ဖော်ပြထားသည်။ ငွေချေးသူ၏ အခြေခံအချက်အလက်စသည့် အချက်အလက်များကို ထည့်သွင်းရုံသာ လိုအပ်သည်။ အရည်အချင်းနှင့်ကိုက်ညီသော ပြည်သူများ အမြန်လျှောက်ထားကြရန်နှင့် ဇွန်လတွင် လျှောက်လွှာတင်သွင်းထားသူများ အရည်အချင်းနှင့်ကိုက်ညီပါက အစောဆုံးအနေဖြင့် ဇူလိုင်လတွင် အိမ်ရာချေးငွေအတွက် သဘောတူထားသည့် အကောင့်တွင် သတ်မှတ်ထားသော ထောက်ပံ့ကြေး ယွမ် ၃ သောင်းကို ရရှိနိုင်မည်ဖြစ်သည်။

Lin Yu Chang မှ ပြီးခဲ့သည့်အချိန်ကာလအတွင်း ကပ်ရောဂါဒဏ်ကို ခံစားခဲ့ကြရပြီး အလုပ်အမှု‌ဆောင်ယွမ်မှ ဝင်ငွေနည်းသော လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများကို အိမ်ရာချေးငွေအတွက် ပံ့ပိုးပေးနိုင်ရန် လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား အိမ်ထောင်စုများ၏ အိမ်ရာချေးငွေ ပံ့ပိုးမှုပရောဂျက်ကို ပေးဆောင်ရခြင်းဖြစ်ကြောင်းကို အလေးထား ပြောကြားခဲ့သည်။ ပြည်သူများကို ပိုမိုထိရောက်သော ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် သုံးလအတွင်း ဘဏ္ဍာရေးကြီးကြပ်မှုကော်မရှင်၊ ဘဏ်လုပ်ငန်းအသင်းနှင့် ငွေကြေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်အမျိုးမျိုးတို့နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံပြီး လျှောက်ထားမှုလုပ်ငန်းစဥ်များ၊ အသေးစိတ်အချက်အလက်များ၊ တူညီသော အွန်လိုင်းတရားဝင်လျှောက်လွှာတင်သွင်းမှုဝဘ်ဆိုဒ်တည်ထောင်ခြင်းတို့ကို ဆွေးနွေးခြင်းများ အပါအဝင်  ကြိုတင်ပြင်ဆင်မှုများစွာကို လုပ်ဆောင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အများပြည်သူများကို လွယ်ကူရိုးရှင်း၍ မြန်ဆန်သောဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန်ဖြစ်သည်။ ထို့အပြင် အရည်အချင်းနှင့်ကိုက်ညီသော ပြည်သူများကို အလွယ်ကူဆုံး နည်းလမ်းဖြင့် ထောက်ပံ့ကြေးများကို ရယူနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ဘဏ္ဍာရေးကြီးကြပ်ရေးကော်မရှင်၊ အမျိုးမျိုးသော ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် နောက်ကွယ်၌ အတူလက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါသည်။

အွန်လိုင်းမှ လျှောက်လွှာတင်သွင်းမှုလုပ်ငန်းစဥ်သည် ရိုးရှင်းလွယ်ကူပြီး လက်ခံဆောင်ရွက်သည့်ကာလမှာ ၇လတိုင်ကြာမြင့်မည်။

Lin Yu Changမှ ဤပရောဂျက်အတွက် လျှောက်လွှာတင်သွင်းရမည့်ကာလမှာ ၂၀၂၃ခုနှစ် ဇွန်လ ၁ရက်နေ့မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့အထိ ဖြစ်ကြောင်း၊ အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်လွှာတင်သွင်းရာတွင် လက်ခံမည်ဖြစ်ကြောင်းကိုလည်း မေလ ၁၅ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း  ထောက်ပြထားသည်။ ထို့အပြင် မေလ ၁၆ရက်နေ့မှ တိုင်ပင်ဆွေးနွေးမှုများအတွက် အမြန်လိုင်း (02)2162-1239 သို့ ဆက်သွယ်နိုင်မှုများကို စတင်လုပ်ဆောင်နိုင်စေခဲ့သည်။ သက်ဆိုင်ရာမေးခွန်းတစုံတရာအတွက်လည်း ကျွမ်းကျင်ဝန်ထမ်းများမှ ကိုင်တွယ်ဖြေရှင်းပေးထားသည်ဖြစ်ရာ မေလ ၂၉ရက်နေ့အထိ ဖုန်းခေါ်ဆိုမှုပေါင်း ၁၄,၄၆၃ ခုကို ဖြေကြားပေးခဲ့ပြီးဖြစ်ပါသည်။ ဆက်သွယ်စုံစမ်းမေးမြန်းမှုများမှာ အားတက်သရောဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

Lin Yu Chang မှ ဤစီမံကိန်းကို လျှောက်ထားမည့်သူသည် ကိုယ်ပိုင်အိမ်ရာချေးငွေထုတ်ယူမည့်သူဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်ဖက်နှင့် အသက်မပြည့်သေးသော သားသမီးများအနေဖြင့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီရန် လိုအပ်သည်။

၁။ ကိုယ်ပိုင်အိမ်ရာချေးငွေတစ်ခုတည်းသာ ရှိရမည်ဖြစ်ပြီး ကြွေးငွေလက်ကျန်ရှိနေသေးရန်လည်း လိုအပ်သည်။

၂။ စုစုပေါင်း အိမ်ပိုင်ဆိုင်မှုမှာ ၁ ခုသာ ဖြစ်ရမည်။

၃။ မူလခွင့်ပြုထားသော ချေးငွေပမာဏသည် ထိုင်ပေမြို့အတွက် ထိုင်ဝမ်ဒေါ်လာ ၈.၅ သန်းအတွင်း ဖြစ်ရမည်ဖြစ်ပြီး အခြားမြူနီစီပယ်နှင့် ခရိုင်များ (မြို့များ) အတွက် ထိုင်ဝမ်ဒေါ်လာ ၇ သန်းအတွင်း ဖြစ်ရမည်ဖြစ်သည်။

၄။ ၂၀၂၁ ခုနှစ်အတွင်း အမျိုးမျိုး‌သော စုပေါင်းဝင်ငွေသည် ထိုင်ဝမ်ဒေါ်လာ ၁.၂ သန်းအတွင်း ဖြစ်ရမည်ဖြစ်သည်။

၅။ အထက်ပါ အရည်အချင်း ရည်ညွှန်းသည့်ရက်စွဲသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့ ဖြစ်သည်။

Lin Yu Chang မှ ဤအကြိမ် လျှောက်လွှာတင်သွင်းမှုသည် အွန်လိုင်းကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာများကို အသုံးပြု၍ ဝင်ရောက်နိုင်သည်ကို ဆိုထားသည်။ ဆောက်လုပ်ရေးအေဂျင်စီဝဘ်ဆိုဒ် (https://www.cpami.gov.tw/) နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အိမ်ခြံမြေ အချက်အလက်ပလက်ဖောင်း (https://pip.moi.gov.tw/V3/Default.aspx) တို့၏ စာမျက်နှာထိပ်တွင် ရွေးချယ်ရမည်ဖြစ်သည်။ ချေးငွေချေးယူသူသည် အွန်လိုင်းလျှောက်လွှာစနစ်အတွင်းသို့ ဝင်ရောက်ပြီးနောက် အရည်အချင်းနှင့်ကိုက်ညီမှုရှိမရှိကို ကိုယ်တိုင်အကဲဖြတ်နိုင်သည့် မျက်နှာပြင်တစ်ခု ပေါ်လာမည်ဖြစ်ရာ လျှောက်ထားသူမှ စစ်ဆေးအတည်ပြုခြင်းကို လုပ်ဆောင်နိုင်သည်။ အကဲဖြတ်မှု အရည်အချင်းနှင့် ကိုက်ညီသည်ဆိုပါက မိမိမည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုမှုရယူပြီး ကိုယ်ရေးကိုယ်တိုင်အချက်အလက်များကို ဖြည့်သွင်းကာ လျှောက်လွှာများကို ပေးပို့ပြီး တင်သွင်းနိုင်ပါသည်။ လုပ်ထုံးလုပ်နည်းများမှာ ရိုးရှင်းလွယ်ကူပါသည်။

‌ထောက်ပံ့ငွေများသည် အကောင့်ထဲသို့ တိုက်ရိုက်ဝင်ရောက်ခြင်းကို အထောက်အပံ့ ပေးထားပြီး တိုးတက်မှုအခြေအနေကို အချိန်မရွေးစစ်‌ဆေးနိုင်သည်။

Lin Yu Chang မှ ဤပရောဂျက်အတွက် အွန်လိုင်းလျှောက်လွှာကို ပြန်လည်သုံးသပ်ပြီးနောက် ထောက်ပံ့ကြေးများကို မူလအိမ်ရာချေးငွေကို ချေးယူထားသည့် အဖွဲ့အစည်းများမှတဆင့် ချေးငွေချေးယူထားသူအနေဖြင့် အရင်းနှင့် အတိုးကို ပေးချေရန် သဘောတူထားသည့် အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးမည်ဖြစ်ကြောင်းကိုလည်း ထပ်မံသတိပေးထားပါသည်။ ထို့အပြင် “အလုပ်အမှုဆောင်ယွမ်မှ ထုတ်ပေးသည်” ဟုသည့် စာသားကို အမှတ်အသားအဖြစ် အသုံးပြုမည်။ အကယ်၍ ထောက်ပံ့ကြေးငွေကို မရရှိသေးသူများအနေဖြင့် “လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစား အိမ်ထောင်စုများ၏ အိမ်ရာချေးငွေ ပံ့ပိုးမှုစီမံကိန်း” အင်တာနက်စာမျက်နှာ ([လင့်ခ်])သို့ သွားရောက်ပြီး တိုးတက်မှုအခြေအနေကို စစ်ဆေးကြည့်ရှုနိုင်သည်။ အစိုးရအနေဖြင့် မက်ဆေ့ချ်၊ အီးမေးလ်ပေးပို့ခြင်းများ လုပ်ဆောင်မည်မဟုတ်ပါ။ တယ်လီဖုန်းဖြင့်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်များကို မေးမြန်းမည်မဟုတ်ပါ။ အများပြည်သူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမဖြစ်စေရန် မျက်စိဖွင့် နားဖွင့်၍ သတိကြီးကြီးထားရန်လိုအပ်ပြီး လာရာလမ်းကြောင်းမသိသည့် လျှောက်လွှာတင်သွင်းမှုလင့်ခ်များကို မနှိပ်ကြရန်လည်း အထူးလိုအပ်ပါသည်။


top