按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

နှာခေါင်းစည်းနှင့် ပတ်သတ်သော စည်းမျဥ်းစည်ကမ်းသစ်များ မေလ ၃၁ရက်နေ့မှစတင် ကျင့်သုံးသွားမည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部
  • 更新日期:2023/06/21
  • 點閱次數:44

လတ်တလောအတွင်း COVID-19 ကပ်ရောဂါ ပြန်လည်ဖြစ်ပေါ်လာသည့်အခြေအနေကို တုံ့ပြန်သည့်အနေဖြင့်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကူးစက်နိုင်ခြေမြင့်မားသောနေရာများ၊ ထို့အပြင်  သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်ပေးသောနေရာများရှိ လူများသည် နောက်ဆက်တွဲရောဂါ သို့မဟုတ် အသက်သေးဆုံးနိုင်ခြေများသော အုပ်စုများ ဖြစ်ပါသည်။ ပြည်သူ့ကျန်းမာရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် မေလ ၃၁ရက်နေ့မှစတင်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ အထွေထွေဘိုးဘွားရိပ်သာများနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုဖူလုံရေးဌာနများတွင် နှာခေါင်းစည်းတပ်သင့်သည့်နေရာများဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အတွက် ပြစ်ဒဏ်စည်းမျဥ်းများကို ဆက်လက်သုံးစွဲသွားမည်ဖြစ်ရာ အခြားသော ရေရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများ၊ ဂုဏ်ထူးဆောင်ပြည်သူအိမ်များ၊ ကလေးသူငယ်နှင့် အရွယ်မရောက်သေးသူများအတွက် ဝန်ဆောင်မှုအဖွဲ့အစည်းများနှင့် လူနာတင်ယာဥ်များတွင်လည်း နှာခေါင်းစည်းတပ်ဆင်ကြရန်လည်း အကြံပြုထားသည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲပြီးနောက် ပြဋ္ဌာန်းထားသော စည်းမျဥ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အောက်ဖော်ပြပါ သတ်မှတ်ထားသော နေရာများ၏ အတွင်းခန်းများတွင် စည်းမျဥ်းများနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ရမည်ဖြစ်သည်။

(၁) ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ - ဆေးရုံများ၊ ဆေးခန်းများနှင့် အခြားဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ။

(၂) ဆေးဝါးဆိုင်ရာအဖွဲ့အစည်းများ - ဆေးဆိုင်များ၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုရုံးခန်းများ၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်ခြင်းအတွက် ရုံးခန်းများ၊ ရုပ်ပိုင်းဆိုင်ရာကုထုံးရုံးခန်းများ၊ လုပ်ငန်းခွင်ကုထုံးရုံးခန်းများ၊ သားဖွားအဖွဲ့အစည်းများ၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအဖွဲ့အစည်းများ၊ အိမ်တွင်းသူနာပြုအဖွဲ့အစည်းများ၊ အိမ်တွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာစောင့်ရှောက်မှုအဖွဲ့အစည်းများနှင့် သူနာပြုအိမ်များ။

(၃) သက်ကြီးရွယ်အိုများအတွက် လူမှုဖူလုံရေးအဖွဲ့အစည်းများ - ရေရှည်စောင့်ရှောက်မှုအဖွဲ့အစည်းများ၊ သူနာပြုအဖွဲ့အစည်းများနှင့် သက်ကြီးရွယ်အိုများအတွက် အခြားသော သက်သာချောင်ချိ‌ရေးအဖွဲ့အစည်းများ။

အထက်ဖော်ပြပါ နေရာများတွင် အစားအစာစားသောက်ချိန်၊ ဓာတ်ပုံရိုက်ချိန်၊ နှာခေါင်းစည်းတပ်ဆင်ရန် သင့်လျော်ခြင်းမရှိ သို့မဟုတ် ဝတ်ဆင်နိုင်ခြင်းမရှိသော အခြေအနေများဖြစ်သည့် စစ်ဆေးခြင်း၊ ကုသခြင်း သို့မဟုတ် လှုပ်ရှားခြင်းအခြေအနေများတွင်မူ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ပါ

၂။ မူလစာရင်းတွင်ဖော်ပြထားသော အခြေအနေများမှလွဲ၍ ထူးခြားအခြေအနေများတွင်လည်း နှာခေါင်းစည်းတပ်ဆင်ကြရန် အကြံပြုထားပါသည်။ ကိုယ်ပူခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိခြင်း၊ သက်ကြီးရွယ်အို သို့မဟုတ် ခုခံအားကျဆင်းမှုရှိသူများ အပြင်ထွက်ချိန်၊ လူအများစုဝေးပြီး သင့်လျော်သောအကွာအဝေး သို့မဟုတ် လေဝင်လေထွက်မကောင်းသော နေရာများတွင် ရှိချိန်၊ သက်ကြီးရွယ်အိုများ သို့မဟုတ် ခုခံအားကျဆင်းမှုရှိသူများ (အထူးသဖြင့် ကာကွယ်ဆေးကို အပြည့်အဝမထိုးရသေးသူများ) နှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုရှိချိန်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဥ်များနှင့် အထူးယာဥ်များ (ပြန်လည်ထူထောင်ရေးဘတ်စ်ကားများ၊ ကျောင်းကားများ၊ မူကြိုကျောင်းသုံးကားများ၊ ကျောင်းတွင်းပြေးဆွဲသည့် ဘတ်စ်ကားများ)ကို စီးနှင်းချိန်များအပြင် “လူနာတင်ယာဥ်ကို စီးနှင်းချိန်” နှင့် “ရေရှည်စောင့်ရှောက်မှု ဝန်ဆောင်မှုအဖွဲ့အစည်းများ၊ ဂုဏ်ထူးဆောင်ပြည်သူများ၏ နေအိမ်များ၊ ကလေးနှင့် လူငယ်ဝန်ဆောင်မှုအဖွဲ့အစည်းများ၊ မသန်စွမ်းသူများအတွက် လူမှုဖူလုံရေးအဖွဲ့အစည်းများ”တွင် နှာခေါင်းစည်းဝတ်ဆင်ကြရန် အတည်ပြုထားပါသည်။

၃။ အခြားသော မိုးလုံလေလုံနေရာများနှင့် အခန်းတွင်းများတွင် အများပြည်သူများ နှာခေါင်းစည်းဝတ်ဆင်ရန် သင့်မသင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည်။

၄။ အထက်ဖော်ပြပါ နည်းလမ်းများမှာ ယေဘူယျစည်းမျဥ်းများသာဖြစ်ပြီး သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကျွမ်းကျင်အဖွဲ့အစည်းများ၏ စည်းမျဥ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်နိုင်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ အဖွဲ့အစည်းဆိုင်ရာ နေထိုင်သူများ၏ စစ်ဆေးမှုတွင် ၁.၄% နှင့် ၁.၆% တွင် ပိုးရှိကြောင်းကို တွေ့ရှိခဲ့ရပြီး နေရာထိုင်ခင်းပါဝင်သော စောင့်ရှောက်မှုအဖွဲ့အစည်းများတွင် အများစုမှာ နာတာရှည်ရောဂါနှင့် ပြင်းထန်အန္တရာယ်များသော သက်ကြီးရွယ်အိုများ ပါဝင်သည့်အတွက် ပိုမိုဂရုစိုက်ရမည့်အပြင် အဖွဲ့အစည်းအတွင်း အုပ်စုလိုက်ကူးစက်မှုအန္တရာယ်ကို ရှောင်ရှားနိုင်ရန်လည်း အထူးသတိထားရမည်ဖြစ်သည်။ ထို့ကြောင့် အထွေထွေဘိုးဘွားရိပ်သာများနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့အစည်းများမှ အစိုးရစရိတ်ဖြင့် ကိုဗစ်-၁၉ ကို လျင်လျင်မြန်မြန် စစ်ဆေးနိုင်မှုရှိစေရေး အစီအမံကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ဝန်ဆောင်မှုကို လက်ခံရရှိနိုင်သူများအနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် စစ်ဆေးနိုင်ခြင်းကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ဤဝန်ဆောင်မှုမှာ ယခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ ဖြစ်သည်။ ဝန်ဆောင်မှုကို လက်ခံရရှိသူများတွင် လက္ခဏာများရှိပါက စောလျင်စွာ စစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။ ‌ပေါ့စတစ်ဖြစ်သည်ကို စစ်ဆေးတွေ့ရှိပါက သောက်ဆေးဖြင့် ဆေးကုသမှုကို ချက်ချင်းခံယူရမည်ဖြစ်သည်။ လိုအပ်ပါက အထူးပြုဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် ချက်ချင်းသွားရောက် ပြသရမည်ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း သီးခြားနေထိုင်ရန် သို့မဟုတ် ဆေးကုသမှုခံရန်တို့ကို လုပ်ဆောင်နိုင်ရန် ကူညီပေးသွားမည်ဖြစ်သည်။ အကယ်၍ ဝန်ထမ်းများတွင် ရောဂါလက္ခဏာများ ထွက်ပေါ်လာပါက လျင်မြန်စွာ စစ်ဆေးနိုင်ခြင်းကို လုပ်ဆောင်ရမည်။ ထို့အပြင် အဖွဲ့အစည်းမှ လိုအပ်သည်ဟု ယူဆသောအခါ (ဥပမာ။ ။ ထိတွေ့ဆက်ဆံမှု မှတ်တမ်းများ၊ အစုအဝေးများစသည်) တွင် ဝန်ထမ်းများသည် အစိုးရစရိတ်ဖြင့် လျင်လျင်မြန်မြန် စစ်ဆေးနိုင်မှုကို ‌ထောက်ပံ့ပေးသွားမည်ဖြစ်သည်။  နေထိုင်သူများ သို့မဟုတ် ဝန်ဆောင်မှု လက်ခံရရှိနိုင်သူများနှင့် ဝန်ထမ်းများ အကယ်၍ ပြန်လည်ကောင်းမွန်လာပါက ၃ လအတွင်း အခမဲ့ စစ်ဆေးနိုင်ခြင်းကို ထောက်ပံ့ပေးသွားမည်။ နောက်ပိုင်းတွင် ကပ်ရောဂါအခြေအနေပေါ်မူတည်၍ စစ်ဆေးမှုလုပ်ဆောင်ရမည့် အကြိမ်ရေကို ပြောင်းလဲသတ်မှတ်သွားမည်။ အထက်‌ဖော်ပြပါ အဖွဲ့အစည်းများမှ အသုံးပြုနိုင်ရန်အတွက် အစိုးရစရိတ်ဖြင့် ဆေးဝါးထောက်ပံ့မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများမှ ကပ်ရောဂါ ကာကွယ်မှု ပုံမှန်ဖြစ်လာပြီးနောက် ကူးစက်ခံရသူ (လက္ခဏာ‌ပေါ်လာသူ)များကို စစ်တမ်းကောက်ယူမှုများ၊ ဆေးဝါးအရင်းအမြစ်အသုံးချမှုများ၊ သောက်ဆေးဖြင့် ဆေးဝါးကုသမှုခံယူမှုများ၊ ရောဂါပိုးမွှားမျိုးတူမျိုးကွဲများကို စောင့်ကြည့်မှုများကို လုပ်ဆောင်သေးလျက်ရှိကြောင်း အခိုင်အမာ ပြောကြားထားသည်။ အများပြည်သူများအနေဖြင့် နှာခေါင်းစည်းဝတ်ဆင်ခြင်းဆိုင်ရန် စည်းမျဥ်းများနှင့် အကြံပြုချက်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်၊ လက်ကို ဆပ်ပြားနှင့်ဆေးကြောခြင်း၊ ချောင်းဆိုးသည့်အခါတွင် ကျင့်သုံးရာမည့်နည်းလမ်းအတိုင်း ပြုမူခြင်း စသည့်အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး မိမိအပြင် အခြားသူအတွက်ပါ ဂရုစိုက်ပေးကြရန်လည်း သတိပေးထားပါသည်။ ဤနည်းဖြင့် ပြည်တွင်းရပ်ရွာဒေသ၏ ဘေးကင်းရေးကို ပူးပေါင်းထိန်းသိမ်းကြရန်လည်း အသိပေးပြောကြားထားသည်။

top