按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

ထောင်ယွမ်မြို့ “မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါအတွက် တိုင်ပင်ဆွေးနွေးမှုစီမံကိန်း”

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:桃園市政府
  • 更新日期:2023/06/17
  • 點閱次數:37

ထောင်ယွမ်မြို့ “မီးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါအတွက် တိုင်ပင်ဆွေးနွေးမှုစီမံကိန်း”ကို ၂၀၂၃ ခုနှစ် မေလ ၁၀ရက်နေ့တွင် တရားဝင် စတင်ခဲ့ပါသည်။ မီးဖွားပြီးနောက်ဖြစ်သော အမျိုးသမီးများ၏ စိတ်နေစိတ်ထားကို ထိန်းညှိရန်နှင့် စိတ်ဖိစီးမှုကို ပြေလျော့စေရန် လုပ်ဆောင်ရာတွင် အကူအညီပေးနိုင်ရန်အတွက် ဤစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်သည်။ စိတ်ဓာတ်ကျနေသည့် အခိုက်အတန့်တွင် ဘဝသစ်၊ အနာဂတ်သစ်တစ်ခုကို ရင်ဆိုင်နိုင်ဖို့အတွက် အတူရှိနေပေးနိုင်ရန်လည်း ဖြစ်သည်။ အထောက်အပံ့ပေးအပ်သွားမည့်သူများနှင့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

1. အထောက်အပံ့ပေးအပ်သွားမည့်သူများ - ကလေးမွေးဖွားပြီး 6 လအတွင်း ထောင်ယွမ်မြို့၌ ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် အိမ်ထောင်ဖက်သည် သန်းခေါင်စာရင်းပေးသွင်းထားသော အမျိုးသမီးများ

2. အ‌ထောက်အပံ့ပေးခြင်းဆိုင်ရာ အကြောင်းအရာများ

(1) မီးဖွားပြီးနောက် စိတ်ကျရောဂါအတွက် စစ်ဆေးခြင်း - မီးဖွားပြီးနောက် အမျိုးသမီးများအတွက် စိတ်ကျရောဂါစစ်ဆေးရာတွင် ကူညီပေးခြင်း။

(2) စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း - တစ်ဦးချင်း အကြံပေးခြင်းအတွက် တစ်ကြိမ်လျှင်  2,000ယွမ် ၊ ဇနီးမောင်နှံတစ်တွဲအတွက် တစ်ကြိမ်လျှင်  4,000 ယွမ် ၊ တစ်ဦးလျှင် အများဆုံး  8,000 ယွမ်။

(3) တရုတ်တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း - ဆေးဝါးကုသမှု တစ်ခါအတွက် 1,200 ယွမ် ၊ တစ်ဦးလျှင် အများဆုံး  4,800 ယွမ်။


top