按 Enter 到主內容區
:::

回培力新住民資訊網首頁

နောကျဆုံးရသတငျး
:::

ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်ဒီဇိုင်းကို အမှုဆောင်ယွမ် ထုတ်ပြန်ကြေညာခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:行政院
  • 更新日期:2023/05/23
  • 點閱次數:45

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ယနေ့ (၂၆) ရက်နေ့တွင် “ကူးစက်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးနှင့် လူမှုကြံ့ခိုင်မှုရရှိရေး ၊ တစ်မျိုးသားလုံး စီးပွားရေးရလဒ်ကို အကျိုးတူခံစားခွင့်ရှိမှု အထူးစည်မျဥ်း” အများပြည်သူသယ်ယူပို့ဆောင်ရေးစရိတ်များကို ထောက်ပံ့ခြင်းနှင့် နံပါတ် ၃ စည်းမျဥ်းကို တိုးချဲ့ အကောင်အထည်ဖော်လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည်။ ဆက်သွယ်ရေးဝန်ကြီးဌာန “အမှုဆောင်ယွမ်မှ အများပြည်သူဆိုင်ရာ “သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမည့် စီမံကိန်းကို မြှင့်တင်ခြင်း” ကို ရေးဆွဲထားပေးပြီး သက်ဆိုင်ရာ ထောက်ပံ့ကြေးစည်းမျဥ်းများကိုလည်း တစ်နိုင်ငံလုံးရှိ လူမှုအသိုင်းအဝန်းတွင် မြှင့်တင်ရေး သို့မဟုတ် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်စီမံကိန်းကိုလည်း ရေးဆွဲထားပေးပြီး ဖြစ်သည်။ ယင်းစီမံကိန်းကို ဗဟိုအစိုးရမှ လမ်းညွှန်ထားပြီး ဒေသန္တရအစိုးမှ ပါဝင်ဆောင်ရွက်သည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ လက်ရှိတွင် ခရိုင်နှင့် မြို့တော်အစိုးရအသီးသီးမှ တစ်လတာလက်မှတ်စီမံကိန်းကို စီစဥ်နေပြီး လက်မှတ်စစ်ဆေးသည့်စက်များ၏ လုပ်ဆောင်မှုအပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ယင်းတို့အနက် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းဒေသတို့ရှိ အဓိက လူမှုအဖွဲ့အစည်းတွင် ဇူလိုင်လတွင် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်မှန်ထားသည်။ ဤနည်းဖြင့် အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် စရိတ်သက်သာသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ပေးဆောင်နိုင်မည်ဖြစ်သည်။ ဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရာတွင် တစ်လတာလက်မှတ်(ကတ်)များကို နည်းလမ်းမျိုးစုံဖြင့် စုပေါင်းနိုင်ရန် အီလက်ထရွန်နစ်လက်မှတ် (ကတ်) များကို အသုံးပြုရန် စဥ်းစားထားကြောင်း ဖော်ပြခဲ့သည်။ ဤနည်းဖြင့် စီမံကိန်း ဈေးကွက်ကို ခိုင်မာစေနိုင်ပြီး တစ်လတာလက်မှတ်များကို စစ်ဆေးရာတွင် ပုံသေစနစ်တစ်ခုကို တည်ထောင်နိုင်မည်ဖြစ်သည်။ နောက်နောင်တွင် ခရိုင်နှင့် မြို့အသီးသီး၏ တစ်လတာလက်မှတ်အသစ်အတွက် အဝေးပြေးလမ်းအထွေထွေအုပ်ချုပ်ရေးအဖွဲ့အစည်းအား ကျွမ်းကျင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကတ်ပြားဒီဇိုင်းများကို ထုတ်လုပ်သွားစေမည်ဖြစ်သည်။ လှပပြီး အရည်အသွင်းကောင်းမွန်သော ဒီဇိုင်းဖြင့် အများပြည်သူများ အဆိုပါ စီမံကိန်းကို ထောက်ခံခြင်း၊ လက်မှတ်ကတ်များကို စုဆောင်းသုံးစွဲခြင်းတို့ကို တိုးမြှင့်စေမည်ဖြစ်သည်။


ယနေ့တွင် ဒီဇိုင်းရေးဆွဲပြီးထားသော လက်မှတ်မျက်နှာပြင် ထွက်ပေါ်လာပြီဖြစ်သည်။ အဆိုပါကတ်၏ ခေါင်းမျက်နှာပြင်မှာ တစ်နိုင်ငံလုံး ပုံသေမျက်နှာပြင်ဖြစ်သည်။ ကတ်လက်မှတ်၏ အမည်ကို “TPASS အမှုဆောင်ယွမ် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်” ၊ “T” သည် ထိုင်ဝမ် (Taiwan) နှင့် သယ်ယူပို့ဆောင်ရေး (Transport) ကို ကိုယ်စားပြုသည်။ ထို့အပြင် အတူတကွ (Together) ၊ လည်ပတ်ခြင်း (Tour) နှင့် ယုံကြည်မှု (Trust) စသည်သဘောတရားများလည်း ပါရှိသည်ဖြစ်သည်။ ခေါင်းမျက်နှာပြင်ရှိ စက်ဝိုင်းပုံသည် ရွေ့လျားခြင်း၊ ရှေ့သို့ ရွေ့လျားခြင်းစသည်တို့ကို ရည်ညွှန်းပြီး မတူညီသော လူနေမှုပုံစံများကိုလည်း ဖော်ညွှန်းသည်။ ထို့အပြင် ဗဟို၊ ဒေသန္တရနှင့် လုပ်ငန်းရှင်များ၏ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း ဖော်ဆောင်ပါသည်။ ကတ်လက်မှတ်၏ ပန်းမျက်နှာပြင်ဒီဇိုင်းတွင် သယ်ယူပို့ဆောင်ရေးယာဥ်အမျိုးအစား ၇ မျိုးနှင့် လူငယ်များသည် အများပြည်သူစက်ဘီးစီးခြင်းပန်းချီကိုလည်း ရေးဆွဲထားသည်။ ဤကတ်ဖြင့် မတူညီသော အမျိုးမျိုးသော ယာဥ်များကို အသုံးပြုနိုင်ကြောင်းကိုလည်း ဖော်ဆောင်ရာ ရောက်ပါသည်။ ထို့အပြင် ကျောင်းသူကျောင်းသားများ၊ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများ အများပြည်သူသုံးယာဥ်များကို အသုံးပြုခြင်းကိုလည်း အားပေးစေမည်ဖြစ်သည်။ ထို့အပြင် ကတ်လက်မှတ်၏ ခေါင်းပန်းမျက်နှာပြင်၏ အချို့အပိုင်းတွင် ခရိုင်နှင့် မြို့အသီးသီး၏ ဒီဇိုင်းဖြင့် အသုံးပြုခြင်းကို ထားရှိပေးထားမည်ဖြစ်သည်။ ခေါင်းမျက်နှာပြင်ရှိ စက်ဝိုင်းပုံအရောင်နှင့် ပန်းမျက်နှာပြင်တွင် နေရာအလွတ်ထားရှိပေးခြင်းတို့ကို ဆိုလိုသည်။ ဤနည်းဖြင့် မတူညီသော ဒေသများနှင့် တစ်လတာလက်မှတ်စစ်ခြင်းများအတွက် ပံ့ပိုးနိုင်မည်ဖြစ်သည်။ ယခုအကြိမ်၏ ကတ်လက်မှတ်ဒီဇိုင်း၏ ပင်မအကြောင်းအရာနှင့် သဘောတရားမှာ ရိုးရှင်းလွယ်ကူသော ပုံစံကို အသားပေး တင်ပြထားမည်ဖြစ်သည်။ ထို့အပြင် ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်မူဝါဒနှင့် ပေါင်းစပ်ထားသော ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရတို့မှ ရုံးတက်ရုံးဆင်း ခရီးသည်များ၏ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို ဂရုတစိုက် အတူတကွ လုပ်ဆောင်နေကြောင်းကို ဖော်ပြပေးမည်ဖြစ်သည်။ ကတ်လက်မှတ်ဒီဇိုင်းနှင့် အလွှာပေါင်းစုံတို့မှတဆင့် လုပ်ဆောင်မှုအပိုင်းတွင် အတူတကွ လက်တွဲလုပ်ဆောင်ပြီး အနာဂတ်တွင် ကတ်အသုံးပြုမှုကို မြှင့်တင်ပေးစေမည်ဖြစ်သည်။


သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ယခုအကြိမ် ရေးဆွဲထားသည့် တူညီကတ်လက်မှတ်မျက်နှာင်ပြင်ကို ခရိုင်နှင့် ဒေသန္တရအစိုးရအသီးသီးအား ကတ်လက်မှတ်ပုံနှိပ်ခြင်းများကို လုပ်ဆောင်စေမည်။ ထို့အပြင် သက်ဆိုင်ရာလမ်းကြောင်း၊ နေရာနှင့် အသုံးပြုမှုများကိုလည်း ကြေညာသွားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အများပြည်သူများ အဆိုပါ မျက်နှာပြင်ပါရှိသော ကတ်လက်မှတ်အသစ်ကို ဝယ်ယူသူများအား အဆိုပါ ဝယ်ယူမှုအတွက် ကုန်ကျစားရိတ်ကို ဗဟိုအစိုးရမှ အပြည့်အဝ ထောက်ပံ့ကြေးပေးသွားမည်ဖြစ်သည်။ ထို့အပြင် အများပြည်သူအားလုံး အမှုဆောင်ယွမ်မှ ပုံမှန်ခရီးဝေးအလုပ်ဆင်းသူများအတွက် တစ်လတာလက်မှတ်စီမံကိန်းကို လူတိုင်းလက်ခံပြီး အများပြည်သူသုံးယာဉ်များကို ပိုမိုအသုံးပြုပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သော လူနေမှုပတ်ဝန်းကျင်တစ်ခုအတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ထားသည်။


top