按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

ခေါင်းစဥ် - အထွေထွေဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် အခြားသူ၏ ကျန်းမာရေးအာမခံကတ်ကို အလွဲသုံးစားပြု၍ ဆေးကုသမှုခံယူခြင်းများ မပြုကြပါရန်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/05/19
  • 點閱次數:38

၁။ အမျိုးသား ကျန်းမာရေးအာမခံဆေးဘက်ဆိုင်ရာ စည်းမျဥ်းပြဋ္ဌာန်းချက်များအရ ဆေးရုံ၊ ဆေးခန်း ၊သွားဖွားဌာနများသို့ သွားရောက်ကုသခြင်း သို့ သားဖွားခြင်းများကို လုပ်‌ဆောင်ပါက

အမျိုးသား ကျန်းမာရေးအာမခံကတ်ပြားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အခြားသော မည်သူမည်ဝါဖြစ်ကြောင်းကို သက်သေပြနိုင်သော စာရွက်စာတမ်းများကို တင်ပြရမည်ဖြစ်သည်။

အကယ်၍ အများပြည်သူအနေဖြင့် ကျန်းမာရေးအာမခံကတ်ပြား သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြား စသည်တို့ကို ချက်ချင်း တင်ပြပေးနိုင်ခြင်းမရှိပါက ဆေးဘက်ဆိုင်ရာအာမခံအဖွဲ့အစည်းများမှ ဆေးဝါးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများကို ဦးစွာ ဆောင်ရွက်ပေးမည်ဖြစ်သည်။

အာမခံမှ ဆေးဘက်ဆိုင်ရာ ဆေးဝါးကုသမှုစရိတ်ကို ကောက်ခံပြီး ဆေးဘက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြေစာများကို ထုတ်ပေးမည်ဖြစ်သည်။ ဆေးကုသသည့်နေ့မှ ၁၀ ရက်အတွင်း (ရုံးပိတ်ရက်များမပါဝင်) အဆိုပါ ကုသစရိတ်ကို ပေးဆောင်ရမည်ဖြစ်သည်။

သို့မဟုတ် ဆေးရုံမှ မဆင်းမီ ပေးအပ်သင့်သော စာရွက်စာတမ်းများကို ပြန်လည်တင်ပြရမည်။ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ အာမခံကတ်ပြားပိုင်ရှင်မှ မိမိဘာသာ ပေးဆောင်ရမည့် ကုန်ကျစရိတ်များကို နုတ်ယူပြီးနောက် ကျန်ရှိသော အဖိုးအခများကို ပြန်အမ်းပေးမည်ဖြစ်သည်။


၂။ အခြားသူ၏ အာမခံကတ်ပြားများကို အလွဲသုံးစားပြုပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ သွားရောက်၍ ဆေးကုသမှု မခံယူပါနှင့်။ ဤသို့ အသုံးပြု၍ အာမခံငွေထုတ်ယူခြင်းသည် အမျိုးသား ကျန်းမာရေးအာမခံဆေးဘက်ဆိုင်ရာ စည်းမျဥ်းပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ပါသည်။

မမှန်ကန်သောနည်းလမ်းများကို အသုံးပြု၍ သို့မဟုတ် စာရွက်စာတမ်းအတုများကို အသုံးပြု၍ အာမခံအကျိုးခံစားခွင့်များကို ရယူခြင်း သို့မဟုတ် ဆေးဖိုးဝါးခများကို ထုတ်ယူခြင်းများရှိပါက

အဆိုပါ ထုတ်ယူလိုက်သော အာမခံဆေးဖိုးဝါးခများအတွက် ဒဏ်ကြေးအဖြစ် ၂ ဆ မှ အဆ ၂၀ အထိ ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါအတွက် ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်နိုင်ရန်အတွက် တရားစီရင်ရေးအဖွဲ့အစည်းများကို လွှဲပြောင်းပေးပို့ခြင်းကိုလည်း ခံရမည်ဖြစ်သည်။


top