按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါကာကွယ်ရေး
:::

ပြည်တွင်း Enteroviruses (အင်တရိုဗိုင်းရပ်စ်) အဖြစ်များသော ကပ်ရောဂါရာသီသို့ ဝင်ရောက်လာပြီ ဖြစ်ပါသဖြင့် ကျောင်းသားမိဘများနှင့် ကလေးထိန်းကျောင်းများအနေဖြင့် ကလေးသူငယ်များ၏ တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေးကို အထူးဂရုပြုရန် လိုအပ်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2023/05/09
  • 點閱次數:39

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောဆိုချက်အရ ပြည်တွင်းအင်တရိုဗိုင်းရပ်စ်ပျံ့နှံ့မှုဆက်လက်မြင့်တက်နေပြီး ကူးစက်မှုနှုန်းမှာ မြန်ဆန်လွန်းလှသည်။ ကျောင်းနေကလေးများအကြားတွင် နီးကပ်စွာ ထိတွေ့လှုပ်ရှားမှုများကြောင့် အင်တရိုဗိုင်းရပ်စ်သည် ကျောင်းဝန်းအတွင်း အလွယ်တကူပျံ့နှံလျက်ရှိသဖြင့် ကျောင်းသားမိဘများနှင့် ကလေးထိန်းကျောင်းများနှင့်မပေါ့ဆသင့်ပါ။ အိမ်ပတ်ဝန်းကျင်၊ စာသင်ခန်းနှင့် အပန်းဖြေစရာနေရာများတွင် လေဝင်လေထွက်ကောင်းစေခြင်း၊ သန့်ရှင်းမှုရှိစေခြင်းနှင့် ပိုးသတ်စေခြင်းတို့ကို အထူးဂရုပြုပါ။ ထို့အပြင် ကလေးသူငယ်များအား ကလေးထိန်းကျောင်း၊ ကျောင်းတွင်း ကလေးကစားကွင်းများစသည့် လူအများနှင့် ထိတွေ့ရသောနေရာများ၊ အိမ်ပြန်ရောက်သည့်အခါ သို့မဟုတ် အစာမစားမီတွင် “စို ၊ တိုက် ၊ ဆေး ၊ ခါ ၊ သုတ်” စသည့် အဆင့် (၅) ဆင့် ပါရှိသော လက်ဆေးနည်းကို မှန်ကန်အောင် လုပ်ဆောင်တတ်အောင် သင်ကြားပေးပါ။ ထို့အပြင် နေမကောင်းဖြစ်ပါက အိမ်တွင်အနားယူခြင်းနှင့် မှန်ကန်သော တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဆောင်မှုများကို သင်ကြားပေးခြင်းဖြင့် ကျောင်းဝင်းနှင့် ရပ်ကွက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မှ လျှော့ချနိုင်ရန် လုပ်ဆောင်ပါ။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောဆိုချက်အရ ပြီးခဲ့သည့်အပတ်တွင် အပျော့စား အင်တရိုဗိုင်းရပ်စ် ၇၁ ကူးစက်ခံရသူ ၂ ဦး ထပ်တိုးခဲ့သည်။ ကူးစက်ခံရသူနှစ်ဦးလုံးမှာ မြောက်ပိုင်းဒေသမှဖြစ်ပြီး အသက် (၁) နှစ်အရွယ်ကလေးသည် ဧပြီလအစောပိုင်းတွင် ကူးစက်ခံရပြီး ဆေးကုသမှု ခံယူပြီးနောက် အခြေအနေမှာ ကောင်းမွန်ခဲ့သည်။ ယခု (၂၀၂၃) ခုနှစ် အပျော့စား အင်တရိုဗိုင်းရပ်စ် ၇၁ ကူးစက်ခံရသူ ၇ ဦး၊ အပြင်းစား အင်တရိုဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ရှိခဲ့သည်။ အဆိုပါ ကူးစက်ခံရသူ ၂ ဦး၏ ဗိုင်းရပ်စ်ပိုးများမှာ အင်တရိုဗိုင်းရပ်စ် D68 နှင့် Keshaqi A6 တို့ဖြစ်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ လေ့လာရေးအချက်အလက်များအရ ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အကြား ပြည်တွင်း အင်တရိုဗိုင်းရပ်စ်ဖြင့် ပြင်ပလူနာနှင့် အရေးပေါ်လာရောက်သူ ၇,၈၅၁ ကြိမ်ရှိခဲ့သည်။ အဆိုပါကာလမတိုင်မီ ယခင်အပတ် (၅,၄၇၀ ကြိမ်) ထက် ၄၃.၅% သိသာစွာ တိုးမြှင့်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သော ၆ နှစ်ထက်ကပင် ရောဂါပျံ့နှံ့ကူးစက်မှုနှုန်းမှာ တိုးများလာသည့်အတွက် အင်တရိုဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများကို အထူးဂရုပြုသင့်သည်။ ယခုတလော ဓာတ်ခွဲခန်းစောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ရပ်ကွက်အတွင်း အင်တရိုဗိုင်းရပ်စ်ပျံ့နှံ့မှု တိုးများလာပြီး Keshaqi အမျိုးအစားဖြစ်သော A ဗိုင်းရပ်စ်ကို အများဆုံး တွေ့ရှိခဲ့ရသည့်အပြင် အင်တရိုဗိုင်းရပ်စ် 71 နှင့် D68 ဗိုင်းရပ်စ်များသည်လည်း ရပ်ကွက်အတွင်း တိုးမြှင့်လာကြောင်း တွေ့ရှိရသည်

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာသည် အင်တရိုဗိုင်းရပ်စ်ပျံ့နှံမှုမှာ တိုးမြှင့်လျက်ရှိသဖြင့် ကလေးထိန်းကျောင်းများအနေဖြင့် အင်တရိုဗိုင်းရပ်စ်ကာကွယ်မှုများကို ပြင်ဆင်ထားသင့်သည်ဟု တိုက်တွန်းထားသည်။ “ကလေးထိန်းကျောင်းရှိ တာဝန်ရှိသူများ အင်တရိုဗိုင်းရပ်စ်ဆိုင်ရာ လက်စွဲစာအုပ်” အရ မိမိကိုယ်ကို စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို တက်ကြွစွာလုပ်ဆောင်ထားရမည်ဖြစ်သည်။ ထို့အပြင် အိမ်တွင်း မွေးကင်းစကလေးငယ်များရှိသော ကလေးမိဘများနှင့် ကလေးထိန်းကျောင်းရှိ တာဝန်ရှိသူများ သို့မဟုတ် တခြား ကလေးသူငယ်များ အဝင်အထွက်များသော အများပြည်သူဆိုင်ရာနေရာများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသူများအနေဖြင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အကျင့်ကောင်းများကို ကျင့်သုံးပြီး လက်ကို မကြာခဏ ဆေးကြောဖို့ သတိပေးလိုပါသည်။ လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ခြင်းနှင့် အချိန်မှန် သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းတို့ကို လုပ်ဆောင်မှသာလျှင် အင်တရိုဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်နိုင်ပြီး ကလေးသူငယ်များ၏ ကျန်းမာရေးကို အာမခံနိုင်မည်ဖြစ်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ၅ နှစ်အောက် ကလေးသူငယ်များသည် အင်တရိုဗိုင်းရပ်စ်ကူးစက်ခံရမှုအန္တရာယ်အမြင့်မားဆုံးအုပ်စုထဲတွင် ပါရှိပါသဖြင့် အကယ်၍ ငိုက်မျဥ်းခြင်း၊ သတိလစ်မေ့မြောခြင်း၊ တက်ကြွမှုမရှိခြင်း၊ ခြေလက်အားအင်မရှိခြင်း သို့မဟုတ် ထုံကျင်ခြင်း ၊ ကြွက်သားများ အကြောဆွဲခြင်း (အကြောင်းမဲ့ ထိတ်လန့်ခြင်း သို့မဟုတ် ရုတ်တရက် ကြွက်သားကျုံ့ခြင်း) ၊ အဆက်မပြတ်အော့အန်ခြင်း၊ အသက်ရှုကျပ်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်းစသော အပြင်းစား အင်တရိုဗိုင်းရပ်စ် ရှေ့ပြေးလက္ခဏာများကို တွေ့ရှိရပါက ဆေးကုသမှုအမြန်ဆုံး ခံယူပါ။ သက်ဆိုင်ရာအချက်အလက်များကို ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အင်တာနက်ဝဘ်ဆိုက် သို့မဟုတ် အခမဲ့ ကူးစက်ရောဂါကာကွယ်ရေး ဟော့တ်လိုင်း ၁၉၂၂ (သို့မဟုတ် ၀၈၀၀-၀၀၁၉၂၂) သို့ ဆက်သွယ်ခေါ်ဆိုပါ။


top