按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါကာကွယ်ရေး
:::

ပြည်တွင်းတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ဝက်သက်ရောဂါဖြစ်စဉ် 1 ခု ထွက်ပေါ်ခဲ့သည်။ နွေဦးရာသီမှာ ဝက်သက်ရောဂါရာသီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အများသူငှာအနေဖြင့် သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက နှာခေါင်းစည်းဝတ်ဆင်၍ တတ်နိုင်သမျှ အမြန်ဆုံး ဆေးကုသမှုခံယူရမည်ဖြစ်သည်။ ထို့အပြင် ခရီးသွားမှတ်တမ်းကိုလည်း ပြောပြရမည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2023/04/24
  • 點閱次數:53

ရောဂါထိန်းချုပ်‌ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (နောက်ပိုင်းတွင် CDC ဟုသာ ညွှန်းဆိုသွားမည်) သည် ပြည်တွင်းတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ဝက်သက်ရောဂါဖြစ်စဉ် 1 ခု ထွက်ပေါ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဤဖြစ်စဉ်မှာ မြောက်ပိုင်းတွင်နေထိုင်သော အသက် 30 အမျိုးသားသည် ယခုနှစ် (၂၀၂၃)ခုနှစ် မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ ဧပြီလ ၃ ရက်နေ့တွင် ကိုယ်ပူ၍ ဧပြီလ ၅ ရက်နေ့တွင် အနီဖု စသည့်လက္ခဏာများ ထွက်ပေါ်လာပြီးနောက် ဧပြီလ ၅ ရက်နေ့တွင် ဆေးရုံတက်ရောက်ပြီး သီးသန့်အခန်းတွင် ဆေးကုသမှုကို ခံယူခဲ့သည်။ စစ်ဆေးမှုအပြီးတွင် အကြောင်းကြားစာအတိုင်း ရောဂါလက္ခဏာကို အတည်ပြုနိုင်ခဲ့သည်။ ရောဂါကူးစက်ခံရသူသည် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းကာ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီး ၎င်းနှင့် အနီးကပ်နေထိုင်လျက်ရှိကြသူများတွင် အဆိုပါ သံသယလက္ခဏာများ မရှိကြောင်းကို သိရှိရသည်။


CDC၏ ပြောကြားချက်အရ ကျန်းမာရေးဌာနမှ အဆိုပါ ရောဂါကူးစက်ခံရသူနှင့် ထိတွေ့ဆက်ဆံခဲ့သော လူဦးရေ စုစုပေါင်း ၃၆ ယောက် (ဆေးဘက်ဆိုင်ရာဌာနများတွင် ထိတွေ့ဆက်ဆံခဲ့သူများ ၃၂ ယောက်အပါအဝင်) ကို ကနဦးတွင် သိရှိထားပြီး ဧပြီလ ၂၃ ရက်နေ့အထိ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်ထားသည်။ ကျန်းမာရေးဌာနမှလည်း သက်ဆိုင်ရာ ကပ်ရောဂါစုံစမ်းရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကူးစက်ခံရသူမှတဆင့် ရောဂါတဆင့် ပြန်လည်ပြန့်ပွားစေနိုင်သည့် ကာလအတွင်း ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၅ရက်နေ့အကြားတွင် ရောဂါကူးစက်ခံထားရသူသည် ယီလန်နှင့် ဟွားလျန်ဒေသများသို့ ခရီးထွက်ခဲ့သည်။ ဒေသတွင်း ကျန်းမာရေးဌာနများမှလည်း ကူးစက်ရောဂါစုံစမ်းစစ်ဆေးမှုများနှင့် အဆိုပါသူနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို စာရင်းပြုစုခဲ့သည်။

CDC မှ ကျွန်ုပ်တို့နိုင်ငံတွင် ပြင်းထန်သော ကူးစက်မြန် အဆုတ်ရောင်ရောဂါ (COVID-19) ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်မှစတင်ပြီး ဝက်သက်ရောဂါဖြစ်စဉ်၂ ခု ဖြစ်ပွားခဲ့ကို ထောက်ပြခဲ့သည်။ ပထမဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၌ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ၁၄၁ ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်းမှ ၈၂ ခုသည် ပြည်တွင်း၌ ကူးစက်ခြင်းဖြစ်ပြီး ၅၉ ခုမှာ ပြည်ပမှ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ကူးစက်ခံရသူအများစုမှာ ဗီယက်နမ်နိုင်ငံမှ (၁၉) ခု ၊ ထိုင်းနိုင်ငံမှ (၁၆) ခု ဖြစ်သည်။

CDC မှ ဝက်သက်ရောဂါသည် ကူးစက်မြန် ရောဂါတစ်မျိုးဖြစ်သည်။ အဖုမပေါ်မီ ရှေ့နောက် ၄ ရက်အတွင်း ကူးစက်ပြန့်ပွားမှုအား ရှိသည်။ ဆရာဝန်များအနေဖြင့်လည်း အထူးသတိထားရမည်ဖြစ်သည်။ လူနာများကို ကုသပေးရာတွင် အကယ်၍ အဖုများ ပေါ်ထွက်လာသော လက္ခဏာဆင်တူယိုးမှားများ ရှိလာပါက ကျန်းမာရေး တာဝန်ခံများမှ ကြိုတင်ကာကွယ်မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ချက်ချင်းဆေးကုသမှု ခံယူပါ။

နိုင်ငံတကာကပ်ရောဂါနှင့် စပ်လျဥ်း၍ ကမ္ဘာတစ်ဝန်း၏ အစီရင်ခံစာများအရ ယခင်နှစ်မှစတင်ပြီး ဝက်သက်ရောဂါနှုန်းမှာ တဖြည်းဖြည်း တိုးမြှင့်လာသည်။ မတ်လအထိ အစီရင်ခံစာများအရ အမေရိကန်တိုက်တွင် ယခင်နှစ်၏ အလားတူကာလထက် နှစ်ဆတိုးလာခဲ့သည်။ ဥရောပတိုက် သြစတြီးယားနိုင်ငံတွင် ဇန်နဝါရီလက အသေးစားကူးစက်ရောဂါပြန့်ပွားမှု ဖြစ်ပွားခဲ့သော်လည်း ယခုတွင် ကူးစက်မှုနှုန်း ကျဆင်းသွားခဲ့သည်။ အာရှတိုက် အလယ်နှင့် တောင်အာရှတို့တွင် ကပ်ရောဂါအခြေအနေမှာ ဆက်လက်ပြင်းထန်ဆဲဖြစ်ပြီး အရှေ့တောင်အာရှ ဖိလစ်ပိုင်၊ နီပေါနိုင်ငံတို့တွင် ယခုနှစ်တွင် ကပ်ရောဂါအခြေအနေသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အချို့ဒေသများတွင်လည်း ကူးစက်‌ရောဂါများ ရှိနေသေးသည်။ အာဖရိကနိုင်ငံတွင် ကပ်ရောဂါအခြေအနေမှာ ဆက်လက်ပြင်းထန်ဆဲဖြစ်သည်။

WHO မှ နိုင်ငံတိုင်းသည် ကာကွယ်ဆေးထိုးပေးခြင်း၊ ခုခံအားလွှမ်းခြုံမှုကို မြှင့်တင်ခြင်း၊ စောင့်ကြည့်မှုအားကောင်းလာခြင်းနှင့် တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အကြံပြုထားသည်။

CDC မှ ကာကွယ်ဆေးထိုးခြင်းသည် ဝက်သက်ရောဂါကာကွယ်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်သဖြင့် ကာကွယ်ဆေးထိုးရမည့်အချိန်တွင် အိမ်တွင်းရှိကလေးငယ်များကို ကာကွယ်ဆေးကို ထိုးပေးကြရန် တိုက်တွန်းထားသည်။

ထို့အပြင် အသက် ၁ နှစ်မပြည့်သေးသော သို့မဟုတ် MMR ကာကွယ်ဆေးထိုးပေးထားခြင်းမရှိသေးသော ကလေးငယ်များအနေဖြင့် အဖြစ်များသောဒေသများသို့ သွားရောက်ခြင်းမှ ရှောင်ရှားပါ။ အသက် ၆ လနှင့်အထက် ၁ နှစ်အောက်ကလေးငယ်များကို ခေါ်ဆောင်သွားရန် လိုအပ်ပါက မိမိအခကြေးငွေဖြင့် အဆိုပါဒေသ မထွက်ခွာမီ MMR ကာကွယ်ဆေး ၁ လုံးကို ထိုးနှံနိုင်သည်။ အများပြည်သူများ (အထူးသဖြင့် ၁၉၈၁ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားကြသော အရွယ်ရောက်ပြီးသူများ) အခုလတ်တလောတွင် အဖြစ်များသော ဒေသများသို့ သွားရောက်ရန်လိုအပ်ပါက ပြည်ပမထွက်ခွာမီ ၂ ပတ်မှ ၄ပတ်ကြား မိမိအခကြေးငွေဖြင့် MMR ကာကွယ်ဆေးထိုးရန် လိုအပ်မလိုအပ်ကို ဆရာဝန်နှင့်တိုင်ပင်ပါ။ အကယ်၍ ကူးစက်ခံခဲ့ဖူးပြီး အလိုအလျောက် ရောဂါပိုးမွှားကို တွန်းလှန်နိုင်ခဲ့သောသူဖြစ်ပါက ကာကွယ်ဆေးထိုးရန် မလိုအပ်ပါ။ အကယ်၍ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် သံသယလက္ခဏာများရှိပါက လေဆိပ်ရှိ ကပ်ရောဂါကာကွယ်ရေးတာဝန်ရှိဝန်ထမ်းများကို အကြောင်းကြားပြီး နှာခေါင်းစည်းတပ်ဆင်ပြီး ဆေးကုသမှုခံယူခြင်းနှင့် ခရီးသွားမှတ်တမ်းများကို အသိပေးခြင်းတို့ကို လုပ်ဆောင်ပါ။

သက်ဆိုင်ရာအချက်အလက်များကို ကျေးဇူးပြု၍ CDC ကမ္ဘာလုံးဆိုင်ရာအချက်အလက်ဝဘ်ဆိုက်၌ သို့မဟုတ် ဖရီးကပ်ရောဂါကာကွယ်ရေးအထူးလိုင်း ၁၉၂၂ (၀၈၀၀-၀၀၁၉၂၂) ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။


top