按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

နယ်စပ်ဒေသ၏ ရောဂါကာကွယ်ရေးစဥ်းမျဥ်များ လျော့ချသည်နှင့်အညီ နိုင်ငံခြားသားများ အလိုအလျောက်နေထိုင်ခွင့် သက်တမ်းတိုးခြင်းကို ရပ်စဲလိုက်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2022/11/07
  • 點閱次數:40
နယ်စပ်ဒေသ၏ ရောဂါကာကွယ်ရေးစဥ်းမျဥ်များ လျော့ချသည်နှင့်အညီ နိုင်ငံခြားသားများ  အလိုအလျောက်နေထိုင်ခွင့် သက်တမ်းတိုးခြင်းကို ရပ်စဲလိုက်ပါသည်။

ကျွန်ုပ်တို့ထိုင်ဝမ်နိုင်ငံသည် နယ်စပ်ဒေသ ရောဂါကာကွယ်ရေးစဥ်းမျဥ်များ လျော့ချသည်နှင့်အညီ၊ 2020 ခုနှစ် 3လ 21 ရက်နေ့(21ပါဝင်) မတိုင်မီ နိုင်ငံတွင်းဝင်ရောက်လာပြီးနေထိုင်ခွင့်သက်တန်း မကျူးလွန်သေးသောနိုင်ငံခြားသားများ၊တရုတ်၊ဟောင်ကောင်၊မကာအိုမှနိုင်ငံသားများနှင့်၊ထိုင်ဝမ်တွင် အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်းမရှိသော နိုင်ငံသားများ၊ 2022 ခုနှစ်၊ 10လ 5 ရက်နေ့တွင် နေထိုင်ခွင့် ရက်ပေါင်း ၃၀ အလိုအလျောက် သက်တမ်းတိုးပြီးနောက်၊ ထပ်၍အလိုအလျောက် သက်တမ်းတိုးခွင့် မရှိတော့ပါ၊ 2022ခုနှစ်10လ၃၀ရက်နေ့မတိုင်မီ နိုင်ငံမှ ထွက်ခွာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနခဲ မှ ကြေညာထားသည်။

လွန်ခဲ့သည့်၂နှစ်အတွင်း2020ခုနှစ် 3လ 21 ရက်မတိုင်မီ (21ပါဝင်)  နိုင်ငံတွင်းသို့ တရားဝင်ဝင်ရောက်လာသော နိုင်ငံခြားသားများအား  လစဉ် ရက်ပေါင်း 30 နေထိုင်ခွင့်ကို အလိုအလျောက် သက်တမ်းတိုးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ပြောကြားခဲ့သည်။ ပြင်းထန်သောကပ်ရောဂါကာလအတွင်း လူဦးရေ အကြိမ်ပေါင်း 420,000 ကျော်အား ထိုင်ဝမ်တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ကူညီပေးခဲ့သည်။ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုကြောင့် မိသားစုဝင်များပြန်လည်တွေ့ဆုံရန် ၊အလုပ်စီမံကိန်းများ မနှောင့်နှေးရန်နှင့် ည်တွင်းသို့ပြန်လည်ဝင်ရောက်ချန်တွင် ရောဂါကာကွယ်ရေးစရိတ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ နိုင်ငံတကာ သွားလာလှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာသော ကူးစက်ရောဂါများလျှော့ချရန်၊လူဝင်မှုကြီးကြပ်ရေးဌာနသို့ လူကိုယ်တိုင် သွားရောက်သက်တန်းတိုးရန် မလိုပါ။

နောက်နောင်တွင် နေထိုင်ခွင့်သက်တန်းကို အလိုအလျောက် တိုးပေးမည်မဟုတ်ပါ၊ နေထိုင်ခွင်သက်တမ်း မကုန်ဆုံးမီ နိုင်ငံတွင်းမှ ထွက်ခွာရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ တောင်းဆိုထားသည်။ သို့သော်လည်း နုင်ငံခြားများ ထွက်ခွာရန်ပြင်ဆင်ခြင်းနှင့် ခရီးစဉ်ကို စီစဉ်ရန်အတွက် အချိန်ကာလတစ်ခု ပေးမည်ဖြစ်သည်။ အလိုအလျောက် သက်တမ်းတိုးခြင်းစီမံကိန်းနှင့်သင့်လျော်သူများ၏နေထိုင်ခွင့်သက်တန်းသည်2022ခုနှစ်11လ30ရက်တွင်ကုန်ဆုံးသူ ဖြစ်ပါက ကျေးဇူးပြု၍ 2022ခုနှစ်11လ30ရက်မတိုင်မီအချိန်တွင် ပြည်တွင်းပါထွက်ခွာရန်တောင်းဆိုထားသည်။နေထိုင်ခွင့်သက်တန်းသည်2022ခုနှစ်12လ1ရက်နောက်ပိုင်းဖြစ်ပါက၊အလိုအလျောက်သက်တမ်းတိုးပြီးနောက်တရားဝင်နေထိုင်သည့်သက်တမ်းမကုန်ဆုံးမီ နိုင်ငံတွင်းမှ ထွက်ခွာပါ။ အကယ်၍ သင်သည် တရားဝန် နေထိုင်ခွင့်ရသည့်အချိန်ကို သေချာမသိပါက နိုင်ငံမှ မထွက်ခွာမီ ဒေသအသီးသီးတွင်ရှိသော သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာန တွင် စုံစမ်းမေးမြန်းနိုင်သည်။

အကယ်၍    နိုင်ငံခြားသားများဖျားနာခြင်း သို့မဟုတ် ကိုယ်ဝန်ကြောင့် နိုင်ငံခြားထွက်သည့်အခါ အသက် အန္တရာယ်စိုးရိမ်ရခြင်း၊သဘာဝဘေးအန္တရာယ် သို့မဟုတ် အခြားသော ရှောင်လွှဲ၍မရသော ဖြစ်ရပ်များနှင့် ကြုံတွေ့ပါက သက်ဆိုင်ရာ စာရွက်စာတမ်းများဖြင့်ဒေသဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာနတွင်နေထိုင်ခွင့်

သက်တန်းတိုးရန်လျောက်ထားနိုင်သည်။

အသေးစိတ်အချက်အလက်များကိုလူဝင်မှုကြီးကြပ်ရေးဌာန၏ ဝဘ်ဆိုက်(website)တွင်

 ဖတ်ရှုပါ။


附件下載

top