按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

အာဖရိက ဝက်နာကျရောဂါစသည့် နိုင်ငံရပ်ခြားမှ တိရစ္ဆာန်ကြီးများ၏ ကူးစက်ရောဂါကျွန်ုပ်တို့နိုင်ငံကို ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ခြင်း။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2022/10/21
  • 點閱次數:60

1. ယခုလက်တလောအချိန်တွင်၊ စည်းကမ်းဖောက်ဖျက်ကာသယ်ယူလားသော ဝက်သားထုတ်ကုန်များကို နိုင်ငံတကာ ပါဆယ်ထုပ်များတွင် ထပ်ခါတလဲလဲ တွေ့ရှိခဲ့ပြီး နမူနာနှင့် စစ်ဆေးပြီးသောအခါ အာဖရိဝက်နာကျရောဂါပိုး nucleic acidကို

 စစ်ဆေးတွေ့ရှိခဲ့သည်။စိုက်ပျိုးရေး အုပ်ချုပ်ဌာန၏ တိရိစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဌာန၏ စာရင်းဇယားများ အရ (အောက်တွင် စစ်ဆေးရေးနှင့် ရောဂါကာကွယ်ရေးဌာနဟု ခေါ်ဆိုသည်) နိုင်ငံတကာ ပါဆယ်ထုပ်များ ဖြင့်စည်းကမ်းဖောက်ဖျက်ကာသယ်ယူလားသော ဝက်သားထုတ်ကုန်ပို့လာသည့်နိုင်ငံများမှာ ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ ထိုင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်နှင့်မလေးရှားစသည်နိုင်ငံများဖြစ်ပါသည်။ပို့လာသောထုတ်ကုန်များမှာ ခေါက်ဆွဲ၊မုန့်လိပ်များ၊လမုန့်၊ဝက်ပေါင်ခြောက်၊ဝက်အူချောင်း၊ဝက်သားဆတ်ဆတ်နှင့်ဝက်ဝက်ခေါက်ကြော်စသည်တို့ဖြစ်သည်။ နယ်ခြားစစ်ဆေးရေးနှင့် ရောဂါကာကွယ်ရေးဌာနမ၏အစီအမံများစနစ်တကျဖြစ်ရန်အတွက်  အောက်ပါအချက်အလက်များကို သတိပြုပါ။

 (၁) နိုင်ငံတွင်းသို့ ဝင်ရောက်သည့်အခါ အထက်ဖော်ပြပါ တိရစ္ဆာန် ထိန်းသိမ်းရေး ပစ္စည်းများ သယ်ဆောင်ခြင်း မပြုရန်နှင့် ပြစ်ဒဏ်မှ ရှောင်ရှားနိုင်ရန် ဝက်သားနှင့် အခြားသော တိရစ္ဆာန် ထိန်းသိမ်းရေး ပစ္စည်းများ ထိုင်ဝမ်သို့ ပေးပို့ခြင်း မပြုရန် နိုင်ငံခြား ဆွေမျိုးများနှင့် မိတ်ဆွေများအား သတိပေးပါ။

 (၂) လွန်ခဲ့သည့် ၃ နှစ်အတွင်း အာဖရိကဝက်နာကျရောဂါရှိသော နိုင်ငံ (ဒေသ) မှ စည်းကမ်းဖောက်ဖျက်၍ဝက်သားထွက်ကုန်များကို နိုင်ငံအတွင်းသို့  သယ်ဆောင်လာကြောင်း တွေ့ရှိပါက ပထမအကြိမ် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ ချမှတ်မည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ဖောက်ဖျက်မှုသူအား ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ 1,000,000ချမှတ်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများသည်၊နေထိုင်ခွင့်မရှိပါက ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ 200,000 ပေးဆောင်ရမည်ဖြစ်ပြီး ၊ချက်ခြင်း ဒဏ်ငွေ မပေးဆောင်နိုင်ပါက နိုင်ငံအတွင်းသို့ဝင်ခွင့်ပေးမည်မဟုတ်ပါ။

 (၃) 2022 ခုနှစ် မေလ ၂၀ ရက်နေ့မှ စ၍ အာဖရိက နာကျ ဖြစ်ပွားသည့် နိုင်ငံ (ဒေသ) မှ ပါဆယ်ထုပ်ဖြင့် ကျွန်ုပ်တို့၏နိုင်ငံသားများထံ ဝက်သား ထုတ်ကုန်များကို စာတိုက်မှ ပေးပို့ခဲ့ပါက လက်ခံသူများထံ စုံစမ်းစစ်ဆေးပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀၀၀၀ ဒဏ်ရိုက်မည်။ ဒုတိယအကြိမ် သို့မဟုတ် ထို့ထက်ပိုပါက ဒဏ်ငွေNT$ 1,000,000 ချမှတ်မည်ဖြစ်ပါသည်။


top