按 Enter 到主內容區
:::

回培力新住民資訊網首頁

ကျန်းမာရေးစောင့်ရှောက်မှု
:::

စက်တင်ဘာ၁၇ရက်နှင့်၁၈ရက်တို့တွင်ပြင်းထန် သောငလျင်လှုပ်ခတ်မှုကြောင့်၊ ဒဏ်ရာရသူများ၏ဆေးဝါးကုသမှုခံယူရန်အခွင့် အရေးများ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部中央健康保險署
  • 更新日期:2022/09/27
  • 點閱次數:53

ဟွာတုန်း၏ အင်အားပြင်းထန်သောငလျင်ကြောင့် တံတားကျိုးကျခြင်း၊အိမ်ပြိုကျခြင်းဖြစ်ပွားခဲ့သည်၊ဤမတော်တဆမှုတွေကြောင့် လူအများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများ ဆေးကုသရန်လိုအပ်သောအခါ ကျန်းမာရေး အာမခံကဒ် သို့မဟုတ် အာမခံကတ်များ ပျောက်ပြက်နေပါက ဥပဒေအရ 「အထူးကျန်းမာရေးစောင့်ရှောက်မှု」 ကိုအသုံးပြု၍ ဆေးကုသနိုင်သည်ဟု ဗဟိုကျန်းမာရေး အာမခံ စီမံခန့်ခွဲရေးအဖွဲ့က သက်ဆိုင်ရာဆေးရုံများကို ပြောပါသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကျန်းမာရေးအာမခံကတ်များမပါဘဲ ဆေးကုသရန်လိုအပ်ပါက  အမျိုးသားကျန်းမာရေးအာမခံ စီမံခန့်ခွဲရေးဌာနသည် သတ်မှတ်ထားသော ဆေးရုံတွင် "ကျန်းမာရေးအာမခံ အထူးဆေးကုသရေးစာရင်းစာအုပ်" ကို ကြိုတင်ပြင်ဆင်ထားသည်။ထိုစာအုပ်တွင် ဆေးကုသသည့်ရက်စွဲ၊ဆေးကုသနည်း(ဆရာဝင်ပြခြင်း၊ဆေးရုံတပ်ခြင်း)၊ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်နှင့် လိပ်စာကိုဖြည့်ပြီး၊ကျန်းမာရေးအာမခံအခြေအနေဖြင့် ဆေးကုသမှုကို ရရှိနိုင်ပါသည်။ စုံစမ်းရန် hotline: 0800-030-598။

ထို့အပြင် ငလျင်ကြောင့် ကျန်းမာရေးအာမခံကတ်မပါဘဲ  ဆေးကုသရန်လိုအပ်ပါက 「အထူးကျန်းမာရေးစောင့်ရှောက်မှု」ဖြင့်ဆေးကုသနိုင်ရန် အကူအညီပေးပါဟု အရှေ့ပိုင်းခရိုင် စစ်ဆင်ရေးအဖွဲ့မှ Yuli ဒေသရှိ သက်ဆိုင်ရာဆေးရုံများကို တောင်းဆိုထားသည်။ 

top