按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ဝက်နာကျရောဂါကိုကာကွယ်ရန်အတွက်၊ဝက်သားသွင်းကုန်များကိုတားမြစ်ရန်အတွက် နိုင်ငံတကာမှ ပါဆယ်ထုပ်များအားဒဏ်ကြေးဆောင်မှုအစီအမံများကို မေလ ၂၀ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:行政院農業委員會動植物防疫檢疫局
  • 更新日期:2022/05/30
  • 點閱次數:188
ဝက်နာကျရောဂါကိုကာကွယ်ရန်အတွက်၊ဝက်သားသွင်းကုန်များကိုတားမြစ်ရန်အတွက် နိုင်ငံတကာမှ ပါဆယ်ထုပ်များအားဒဏ်ကြေးဆောင်မှုအစီအမံများကို မေလ ၂၀ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်သည်။

စိုက်ပျိုးရေးကောင်စီသည်စည်းကမ်းဖောက်ဖျက်သောပါဆယ်ထုပ်များကိုဒဏ်ငွေရိုက်မည်ဟုထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတကာပါဆယ်ထုပ်များတွင်ဝက်သားသွင်းကုန်များစီမံခန့်ခွဲမှုအားကောင်းစေရန်အတွက်၊ပထမဆုံးအကြိမ်ဖမ်းမိပါကတင်သွင်းသူမှထိုင်ဝမ်ဒေါ်လာ၂သိန်းဒဏ်ကြေးဆောင်ရမည်။ဒုတိယအကြိမ်(သို့)ဒုတိယကြိမ်အထက်ဖမ်းမိပါကထိုင်ဝမ်ဒေါ်လာ၁၀သိန်းဒဏ်ရိုက်မည်ဖြစ်သည်။

အစီအမံကို ယခုနှစ် မေလ (၂၀)ရက်နေ့တွင် စတင်အကောင်အထည် ဖော်ရန် မျှော်မှန်းထားပြီး ပြစ်ဒဏ်များ ရှောင်ရှားရန်အတွက် ထိုင်ဝမ်သို့ ဝက်သားထွက်ကုန်များ မပို့ကြရန် ပြည်ပမှ ဆွေမျိုးများနှင့် မိတ်ဆွေများအား သတိပေး နှိုးဆော်အပ်ပါသည်။

နိုင်ငံတကာ ပါဆယ်ထုပ်များဖြင့် ဝက်သားသွင်းကုန်များကို တင်သွင်းသောကြောင့် ဝက်နာကျရောဂါ ဖြစ်ပွားနှုန်း အလွန်မြင့်ပါသည်။ ယခုလက်တလောအချိန်တွင်ဝက်သားများကိုတွေ့ရှိပြီးနောက် ပါဆယ်ထုပ်များကိုအလုံပိတ်ပြီးပေးပို့သူသို့ပြန်အပ်၍လက်ခံသူများအား နိုင်ငံရပ်ခြားမှ ဝက်သားထုတ်ကုန်များကို ထိုင်ဝမ်သို့ မတင်သွင်းရန် သတိပေး နှိုးဆော်ထားသည်။ သို့သော်လည်း ဒီနှစ်များအတွင်း ပါဆယ်ထုပ်များသည် စာတိုက်မှတစ်ဆင့် ထိုင်ဝမ်းနိုင်ငံအတွင်းသို့ တင်သွင်းရန် ရည်ရွယ်ထားကြောင်း အကြိမ်ကြိမ် ရှာဖွေတွေ့ရှိခဲ့သည်။၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဧပြီလအထိ အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတကာမှ တရားမဝင် တင်သွင်းလာသော အသားထွက်ကုန်များနှင့် အခြားတောထွက်ပစ္စည်း ၅၆၉ ထုပ် (၅၄၂.၆၇ ကီလိုဂရမ်) ကို ဖမ်းဆီးရမိခဲ့သည်။ ပါဆယ်ထုပ်အများဆုံးတင်သွင်းသည့်နိုင်ငံသည်တရုတ်ပြည်မကြီး(ဟောင်ကောင်၊မကာအိုအပါအဝင်)ဖြစ်ပြီး၊ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့မှတင်သွင်းတာကိုလည်းတွေ့ရှိရသည်။အထူးသဖြင့် ယခုနှစ်အစပိုင်းတွင် ထိုင်းနိုင်ငံမှ တင်သွင်းသောဝက်သားများမှ ဝက်နာကျရောဂါတွေ့ရှိသောကြောင့်၊ထိန်းချုပ်မှုတင်းကျပ်ရန်လိုအပ်ကြောင်းထင်းရှားစွာပြသခဲ့သည်။ ထို့ကြောင့် ဝက်သားပါ၀င်သည့် ပါဆယ်ထုပ် လက်ခံသူများအား တားဆီးရန်အတွက် ပြစ်ဒဏ်များ ချရန်သတ်မှတ်ခဲ့သည်။ကာကွယ်ရေး၍ဦးစီးဌာန၏ထုတ်ပြန်ချက်အရ၊

ဝက်နာကျရောဂါဖြစ်ပွားသည့် နိုင်ငံ (ဒေသ) မှတင်သွင်းသော ဝက်သား ပါဆယ်ထုပ်များ ၏လက်ခံသူများအားစုံစမ်း စစ်ဆေးမေးမြန်းပြီးနောက် အမှန်တကယ်  ဖြစ်ပါက၊တရားဥပဒေအရပထမအကြိမ်တွင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂သိန်းပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယ အကြိမ် ဖမ်းမိသူများကို (အပါအဝင်၊ အထက်ပါ) ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁၀သိန်းပေးဆောင်ရမည်။

နဂါးလှေလှော်ပွဲသည်တရုတ်လူမျိုးများ၏ရိုးရာဓလေ့တစ်ခုဖြစ်သည်။ဝက်သားကောက်ညှင်းထုပ်စားလေ့ရှိသည်။ဝက်နာကျရောဂါကိုဆက်လက်ကာကွယ်ရန်သက်ဆိုင်ရာဌာနမှထိန်းချုပ်ရေးအစီအမံများကိုတိုးမြှင့်ဆောင်

ရွက်သွားမည်ဖြစ်သည်။ဝက်နာကျရောဂါကာကွယ်ရန်ရောဂါထိန်းသိမ်း

ခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ဥပမာအားဖြင့်ဝက်ကောင်ရေ၁၉၉ကောင်အောက်ရှိဝက်မွေးမြူရေးလုပ်ငန်းတွင်ထမင်းကျန်ဟင်းကျန်ဖြင့်ကြွေးမွေးခြင်းကို တားမြစ်ထားသည်၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကျူးလွန်မှု ၁၁ မှု တွေ့ရှိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူခဲ့သည်။ဝက်အကောင်ရေ၂၀၀အထက်ဝက်မွေးမြူရေးခြံများတွင်လည်းတင်းကျပ်သောစစ်ဆေးခြင်းနှင့်အရည်အချင်း

ပြည့်မီသောဝက်မွေးမြူရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ် မှစပြီး ယခုအချိန်အထိ 48 မှုအထိ အရေးယူနိုင်ခဲ့သည်။ ထို့အပြင် ဝက်နာကျရောဂါ ကို ထိရောက်စွာကာကွယ်ရန်စာတိုက်ပါဆယ်ထုပ်များတွင်ဝက်သားပါခဲ့ပါကအထက်ဖော်ပြပါ ပြစ်ဒဏ်များကိုချမှတ်မည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ရန်ဆိုရှယ်မီဒီယာမှတစ်ဆင့်တွင်ကြယ်စွာတိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ရွှေ့ပြောင်းအလုပ်သမားများနှင့်ထိုင်ဝမ်နိုင်ငံနေထိုင်သူအသစ်များကို ပြည်ပမှ ဝက်သားနှင့် အခြားတောထွက်ပစ္စည်းများကို စာတိုက် သို့မဟုတ်အွန်လိုင်းမှဝယ်ယူခြင်းမပြုရန်သတိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည် ။

ဝက်သားထုတ်ကုန်များနှင့် အခြားတောထွက်ပစ္စည်းများကို ဥပဒေအရ စာတိုက်ဖြင့်ပေးပို့ခြင်းမပြုရန် ဝက်နာကျရေားဂါကာကွယ်ရေးဌာနမှ နှိုးဆော်ထားသည်။ဝက်သားထုတ်ကုန်များကိုတရားမ၀င်စာတိုက်ဖြင့်တင်သွင်းခြင်း ပြစ်ဒဏ်မှာ အလွန်ပြင်းထန်ပါသည်။ဝက်သားထုတ်ကုန်များနှင့် အခြားကန့်သတ်ပစ္စည်းများကိုထိုင်ဝမ်နိုင်ငံသို့မပို့ရန်သူငယ်ချင်းဆွေမျိုးများကိုသတိပေးခြင်းဖြင်ပြစ်ဒဏ်ကိုရှောင်ရှားပါ။ဤနည်းဖြင့်ထိုင်ဝမ်၏တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု ဘေးကင်းမှုကို ကာကွယ်ရန် အတူတကွ လုပ်ဆောင်သွားပါမည်။


top