按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများ ရန်ပုံငွေဖြင့်ပံ့ပိုးထားသော COVID-19 ကာကွယ်ဆေးကို ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ရေးအစီအစဥ် Q&A

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2021/12/28
  • 點閱次數:265

Q1: ကျွန်တော်/မသည် ထိုင်ဝမ်နိုင်ငံ၌ ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားဖြစ်ပါက အစိုးရဘတ်ဂျက်ငွေ့ဖြင့် ထိုးနှံနိုင်သော COVID-19 ကာကွယ်ဆေးကို ထိုးနှံရန် မည်သို့မှတ်ပုံတင်ရမည်နည်း။

A: ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများ (နိုင်ငံခြားသားများ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုဒေသများမှ လာရောက်သူများ သို့မဟုတ် ထိုင်ဝမ်ပြည်တွင်းရှိ နိုင်ငံမဲ့နေသူများ) အောက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံနိုင်သော နည်းလမ်းများကို ကြည့်ရှုလေ့လာပေးပါရန်။

၁။ သက်သေခံစာရွက်စာတမ်းမရှိသူများ - ယနေ့မှစတင်၍ ထိုင်ဝမ်ပြည်တွင်းရှိ ကက်သလစ်ခရစ်ယာန်ဘာသာရေးအသင်းတော်နှင့် အသင်းအဖွဲ့များ၊ တရုတ်နိုင်ငံအစ္စလာမ်ဘာသာရေးအသင်းအဖွဲ့၊ တရုတ်သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့အစရှိသော အရပ်ဘက်အဖွဲ့အစည်းများသို့ ဆက်သွယ်ပါ။ (ကျွန်ုပ်တို့ဌာန၏ ကမ္ဘာလုံးဆိုင်ရာအချက်အလက်ဝဘ်ဆိုဒ်၌ ရှာဖွေနိုင်ပါသည်။ ဝဘ်ဆိုဒ်လိပ်စာမှာ ဖော်ပြပါ https://www.immigration.gov.tw/5385/7229/7238/288156/ အတိုင်းဖြစ်သည်။) ဝဘ်ဆိုဒ်၌ “အစိုးရဘတ်ဂျက်ဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် မှတ်ပုံတင်ခြင်း” အပိုင်းကို လုပ်ဆောင်ပါ။ ထို့နောက် အကြောင်းကြားသည့်အချိန်အတိုင်း သင်၏နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် အခြားသောသက်သေခံစာရွက်စာတမ်းများကို ယူဆောင်၍ မြူနီစီပယ်၊ ခရိုင်(မြို့) အသီးသီးရှိ သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာဌာနများ သို့မဟုတ် အခြားသောကာကွယ်ဆေးထိုးနှံနိုင်သောနေရာများသို့ ကာကွယ်ဆေး သွားရောက်ထိုးနှံပါ။

၂။ သက်သေခံစာရွက်စာတမ်းရှိသူများ - နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ကျန်းမာရေးအာမခံကတ်ပြား၊ ပေါင်းစည်းထားသော သက်သေခံနံပါတ်၊ နိုင်ငံကူးလက်မှတ် အစရှိသော သက်သေခံစာရွက်စာတမ်းများကို ယူဆောင်၍ မြူနီစီပယ်၊ ခရိုင်(မြို့) အသီးသီးရှိ သတ်မှတ်ထားသော ကာကွယ်ရေးထိုးနှံနိုင်သောနေရာများ သို့မဟုတ် ဆေးဘက်ဆိုင်ရာဌာနများသို့ ကာကွယ်ဆေး ထိုးနှံရန် သွားရောက်စုံစမ်းပါ။

Q2:စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးနည်းလမ်းဖြစ်သော ”စုံစမ်းစစ်ဆေးမှုအတွက် အခြေခံအဖြစ် လုပ်ဆောင်မည်မဟုတ်” ဟူသည်မှာ အဘယ်နည်း။

A: အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ သို့မဟုတ် အခြားသောဘာသာရေး၊ NGO အဖွဲ့အစည်းများမှ တင်ပြထားသည့် ကာကွယ်ဆေးစာရင်းများသည် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ၌ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းရေးသွင်းခြင်းအတွက်သာ အသုံးပြုမည်ဖြစ်ပြီး အနာဂတ်စုံစမ်းစစ်ဆေးမှုများအတွက် အခြေခံအဖြစ် အသုံးပြုမည်မဟုတ်ကြောင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ သင့်အနေဖြင့် မိမိကိုယ်ကို ကာကွယ်မှုစွမ်းရည်အပိုင်း၌ တိုးတက်ကောင်းမွန်လာစေရန် ကာကွယ်ဆေးကို စိတ်ချလက်ချ ထိုးနှံနိုင်ပါသည်။

Q3:စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးနည်းလမ်းဖြစ်သော ”ထိန်းချုပ်မည်မဟုတ်” ဟူသည်မှာ အဘယ်နည်း။

A:ကိုယ်တိုင်ဝန်ခံထားသူများ COVID-19 ကာကွယ်ဆေး ၁ ကြိမ်ကို ထိုးနှံပြီးပါက နှစ်နိုင်ငံ နိုင်ငံတကာလေကြောင်းလိုင်းများ (ပုံမှန်ပြန်လည်လည်ပတ်မှု) မှ ၆ လ အတွင်း ထွက်ခွာရမည်ဖြစ်ပြီး ပြည်တွင်းသို့ ဝင်ရောက်ခွင့် (ခွင့်ပြုချက်မရှိ) တားမြစ်ကာလကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

Q4: စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကာလသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃ရက်မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ထိ ဖြစ်သည်။ သက်တမ်းထပ်တိုးပေးမည်လား။

A:ကျွန်ုပ်တို့ဌာနသည် ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာ၏ အထူးပြင်းထန်အဆုတ်ရောင်ကူးစက်ရောဂါစီမံကိန်းနှင့် မြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကာလသည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃ရက်မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ထိ ဖြစ်သည်။ ကပ်ရောဂါညွှန်ကြားရေးစင်တာ၏ ကပ်ရောဂါကာကွယ်ရေး မူဝါဒပေါ်မူတည်၍ အဆိုပါစီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကာလကို ပြောင်းလဲမည်။ ကျွန်ုပ်တို့ဌာနမှ ထုတ်ပြန်ထားသော သက်ဆိုင်ရာအချက်အလက်များကို အဆက်မပြတ်ဂရုပြုပေးပါရန်။

Q5: အကယ်၍ ကျွန်တော်/မ၏ နိုင်ငံကူးလက်မှတ်နှင့် နေထိုင်ခွင့်ကတ်ပြား သက်တမ်းကုန်ဆုံး၊ ပျောက်ဆုံးပြီး အခြားသော သက်သေခံစာရွက်စာတမ်းများကို မဖော်ပြနိုင်ပါက ကာကွယ်ဆေးထိုးနှံရန် ရက်ချိန်းယူနိုင်ပါသလား။

A:ယူနိုင်ပါသည်။ သင့်အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ရက်ချိန်းယူသည့်အပိုင်းကို တာဝန်ယူဆောင်ရွက်ပေးသော ဘာသာရေး၊ NGO အဖွဲ့အစည်းများ၌ မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြိုတင်ပေးသွင်းရမည်။ ထို့နောက် အဆိုပါအဖွဲ့အစည်းများမှ ကျွန်ုပ်တို့ဌာနသို့ နာမည်စာရင်းအချက်အလက်များ မှန်ကန်ခြင်းရှိမရှိလုပ်ဆောင်မည်။ အကယ်၍ ပေါင်းစည်းထားသောသက်သေခံနံပါတ် မရှိသူများအား ကျွန်ုပ်တို့ဌာနမှ ပေါင်းစည်းထားသော သက်သေခံနံပါတ်ကို တိုက်ရိုက်ပေးမည်ဖြစ်သည်။ ထိုအချိန်တွင် သင့်အနေဖြင့် ဘာသာရေး၊ NGO အဖွဲ့အစည်းများ အကြောင်းကြားသည့်အတိုင်း သတ်မှတ်ထားသော အချိန်၌ မြူနီစီပယ်၊ ခရိုင်(မြို့)အသီးသီးရှိ ဆေးဘက်ဆိုင်ရာဌာနများ သို့မဟုတ် အခြားသောကာကွယ်ဆေးထိုးနှံနိုင်သောနေရာများသို့ ကာကွယ်ဆေး သွားရောက်ထိုးနှံပါ။

Q6: ဘာသာရေး၊ NGO အဖွဲ့အစည်းများသည် ကာကွယ်ဆေးထိုးနှံရန် ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများအား မည်သို့ကူညီမည်နည်း။

A:သင့်ကို ကူညီပေးနိုင်သောအဖွဲ့အစည်းများဖြစ်သော ထိုင်ဝမ်ပြည်တွင်းရှိ ကက်သလစ်ခရစ်ယာန်ဘာသာရေးအသင်းတော်နှင့် အသင်းအဖွဲ့များ၊ တရုတ်သမ္မတနိုင်ငံအစ္စလာမ်ဘာသာရေးအသင်းအဖွဲ့၊ တရုတ်သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့အစရှိသော အရပ်ဘက်အဖွဲ့အစည်းများ (ကျွန်ုပ်တို့ဌာနဝဘ်ဆိုဒ်၌ သတ်မှတ်ထားသောအဖွဲ့အစည်းများကို သွားရောက်ရှာဖွေနိုင်သည်။ ဝဘ်ဆိုဒ်လိပ်စာမှာ ဖော်ပြပါ https://www.immigration.gov.tw/5385/7229/7238/288156/ အတိုင်းဖြစ်သည်။) ၌ ကာကွယ်ဆေးထိုးနှံရန် မှတ်ပုံတင်သွင်းနိုင်သည်။ အကယ်၍ သင်နှင့်သက်ဆိုင်သည့် အရပ်ဘက်အဖွဲ့အစည်းများသည် ဤစီမံကိန်းကို မြှင့်တင်ရန်နှင့် သက်ဆိုင်သူများအား မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော ကိစ္စရပ်များကို အကူအညီပေးလိုပါက ကျေးဇူးပြု၍ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ကျွန်ုပ်တို့ဌာနကို ဆက်သွယ်ပြီး ဆက်သွယ်နိုင်သော လူပုဂ္ဂိုလ်ကို ရယူပါ။

Q7: ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများ အကယ်၍ ဘာသာရေး၊ NGO အဖွဲ့အစည်းများ၌ ကာကွယ်ဆေးထိုးနှံရန် မှတ်ပုံတင်ထားခြင်းမရှိပါက ဆေးဘက်ဆိုင်ရာဌာနများသို့ ကာကွယ်ဆေးကို တိုက်ရိုက်သွားရောက်ထိုးနှံနိုင်မည်လား။

A:ထိုးနှံနိုင်ပါသည်။ သို့သော် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းသည် ကျွန်ုပ်တို့ဌာန၏ အထူးအဖွဲ့အား ကိုယ်ရေးကိုယ်တာအချက်အလက်များကို အတည်ပြုရာတွင် အကူအညီပေးနိုင်ရန် လိုအပ်ဦးမည်ဖြစ်သည်။ ပေါင်းစည်းထားသော သက်သေခံလက်မှတ်မရှိသူများအား ကျွန်ုပ်တို့ဌာနမှ ပေါင်းစည်းထားသော သက်သေခံနံပါတ်ကို တိုက်ရိုက်ပေးမည်ဖြစ်သည်။ ထိုင်ဝမ်ပြည်တွင်းရှိ ကက်သလစ်ခရစ်ယာန်ဘာသာရေးအသင်းတော်နှင့် အသင်းအဖွဲ့များ၊ တရုတ်သမ္မတနိုင်ငံအစ္စလာမ်ဘာသာရေးအသင်းအဖွဲ့၊ တရုတ်သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအသင်းအဖွဲ့အစရှိသော အရပ်ဘက်အဖွဲ့အစည်းများ (ကျွန်ုပ်တို့ဌာနဝဘ်ဆိုဒ်၌ သတ်မှတ်ထားသောအဖွဲ့အစည်းများကို သွားရောက်ရှာဖွေနိုင်သည်။ ဝဘ်ဆိုဒ်လိပ်စာမှာ ဖော်ပြပါ https://www.immigration.gov.tw/5385/7229/7238/288156/ အတိုင်းဖြစ်သည်။) ၌ စုံစမ်းမေးမြန်းပြီး ကာကွယ်‌ဆေးထိုးနှံသည့်နေရာတွင် သင်မည်သူမည်ဝါဖြစ်သည်ကို စစ်ဆေးရာတွင်လည်း အချိန်များစွာ မကုန်ဆုံးစေရန် ကာကွယ်ဆေးထိုးရန် ကြိုတင်ရက်ချိန်းယူပါရန် အကြံပြုလိုပါသည်။

Q8: ဆေးဘက်ဆိုင်ရာဌာန ဆိုက်များ၌ ဘာသာပြန်ဝန်ဆောင်မှုများကို ထောက်ပံ့ထားပါသလား။

A:ဆေးဘက်ဆိုင်ရာဌာနများတွင် ပုံသေတာဝန်ကျ ကျွမ်းကျင်စကားပြန်များ ထားရှိထားခြင်းမရှိပါ။ ကျွန်ုပ်တို့ဌာန၏ အထူးအဖွဲ့သည် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ အမှန်တကယ်လိုအပ်ချက်များအပေါ်မူတည်၍ အွန်လိုင်း (ဆိုက်) စကားပြန်ဝန်ဆောင်မှုများ ထောက်ပံ့ပေးဆောင်ရန် ကူညီပေးခြင်း သို့မဟုတ် အွန်လိုင်းဘာသာပြန်ဆိုမှုအတွက် အလုပ်သမားဝန်ကြီးဌာန၏ 1955 အလုပ်သမားရေးရာ ဆွေးနွေးညှိနှိုင်းရေးဆိုင်ရာ ဟော့လိုင်းသို့ ဆက်သွယ်ပါ။

Q9: ကျွန်တော်/မ အနေဖြင့် ဤစီမံကိန်းဆိုင်ရာအချက်အလက်များကို မည်သည့်ချန်နယ်မှ ရယူနိုင်မည်နည်း။ သို့မဟုတ် စုံစမ်းမေးမြန်းနိုင်မည်နည်း။

A:သက်ဆိုင်ရာ အဆိုပါစီမံကိန်းအချက်အလက်များကို “တရုတ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ ကမ္ဘာလုံးဆိုင်ရာအချက်လက်ဝဘ်ဆိုဒ်” တွင် အချိန်မှန်အပ်ဒိတ်လုပ်ဆောင်ပေးလျက်ရှိသည်။ နောက်ဆုံးရအချက်အလက်များကို (ဘာသာစကားဗားရှင်းများစွာရှိသော http://www.immigration.gov.tw/ ဝဘ်ဆိုဒ်) ၌ ရှာဖွေနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာအချက်အလက်ပေါင်းများစွာကို သိရှိနိုင်ရန် မြူနယ်စီပယ်၊ ခရိုင်(မြို့) အသီးသီးရှိ ကျွန်ုပ်တို့ဌာ၏ အထူးအဖွဲ့၊ ဝန်ဆောင်မှုဌာနများနှင့် အလုပ်သမားဝန်ကြီးဌာန၏ 1955 အလုပ်သမားရေးရာ ဆွေးနွေးညှိနှိုင်းရေးဆိုင်ရာ ဟော့လိုင်း (ဘာသာစကားပေါင်းများစွာဖြင့် ထောက်ပံ့ပေးလျက်ရှိသည်) သို့ ဆက်သွယ်ပါ။

Q10: ဤစီမံကိန်းတွင် ပါဝင်သော “စုံစမ်းစစ်ဆေးခြင်းမရှိ” ဆိုသည့် တိကျသောအကြောင်းအရာများမှာ အဘယ်နည်း။

A:ရက်လွန်ရပ်နား(နေထိုင်)‌သော နိုင်ငံခြားသားများ ကာကွယ်ဆေးထိုးနှံရာတွင် ပေးသွင်းထားသော အခြေခံကိုယ်ရေးကိုယ်တာအချက်အလက်များသည် ကာကွယ်ဆေးထိုးနှံထားကြောင်းသက်သေခံကတ်ပြား (အဝါရောင်ကတ်ပြား) ထုတ်ပေးရာတွင်သာ အသုံးပြုမည်ဖြစ်သည်။ ရဲ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများသည် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်သော ဆေးဘက်ဆိုင်ရာဌာနများနှင့် အခြားသောသတ်မှတ်နေရာများတွင် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်မည်မဟုတ်ပါ။ ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများ ကာကွယ်ဆေးထိုးနှံစဥ်အတွင်းလည်း တိုင်ကြားစစ်ဆေးခံရခြင်းရှိမည်မဟုတ်ပါ။ သို့သော် ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများသည် အခြားသောတာဝန်ထမ်းဆောင်ချိန်များ၊ အခြားသောနေရာများတွင် ရက်လွန်ရပ်နား(နေထိုင်)သော နိုင်ငံခြားသားများကို တွေ့ရှိပါက စုံစမ်းစစ်ဆေးပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

附件下載

top