按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ညွှန်ကြားရေးစင်တာသည် ယခုအပတ်မှစတင်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံ အချို့အား ဖြေလျှော့ပေးရန် စီစဥ်ထားပြီး အောက်တိုဘာလ ၅ရက်နေ့မှ စတင်ကာ အပန်းဖြေ ဖျော်ဖြေရေးနေရာ အချို့ကိုလည်း အခြေအနေအရ ဖွင့်လှစ်သွားမည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/09/30
  • 點閱次數:234

ဗဟိုကပ်ရောဂါ ညွှန်ကြားရေးစင်တာသည် ယနေ့ (၂၇) ရက်နေ့တွင် ပြည်တွင်းရှိ လက်ရှိ ကပ်ရောဂါအခြေအနေမှာ ထိန်းချုပ်နိုင်သောအခြေအနေဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအကဲဖြတ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ညွှန်ကြားရေးစင်တာသည် ယခုအပတ်မှစတင်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံ အချို့အား ဖြေလျှော့ပေးရန် စီစဥ်ထားပြီး အောက်တိုဘာလ ၅ရက်နေ့မှ စတင်ကာ အပန်းဖြေ ဖျော်ဖြေရေးနေရာ အချို့ကိုလည်း အခြေအနေအရ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသေးစိတ် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော / ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်သည်။ မူအရ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ နယ်ပယ်အသီးသီး၏ ပြုပြင်ထားသော စည်းမျဥ်းစည်းကမ်းများ (ယခုအပတ်မှ စတင်၍ ဖြေလျှော့မည်) -

၁။ မီးရထား ၊ အမြန်ရထား - ဘူတာ၏ ငွေပေးချေရာ ဧရိယာအတွင်း၌ သတ်မှတ်လုံခြုံအကွာအဝေးကို ထိန်းသိမ်းထားနိုင်သော အခြေအနေတွင် အစားအစာစားသောက်ခွင့်ကို ခွင့်ပြုသည်။

၂။ ခရီးသွားဘတ်စ်ကား - အတည်ပြုထားသော ထိုင်ခုံအရေအတွက်အတိုင်း စီးနှင်းနိုင်သည်။ အများဆုံး သယ်ဆောင်နိုင်ခွင့်ကို ကန့်သတ်မည်မဟုတ်ပါ။

၃။ အနုပညာ ဖျော်ဖြေပွဲများ ၊ အားကစားပွဲများ နှင့် ပတ်သက်သော အခမ်းအနားများ -

(၁) အမည်နှင့် မှတ်ပုံတင်ခြင်း ၊ ခန္ဓာကိုယ် အပူချိန်တိုင်းခြင်း ၊ နှာခေါင်းစည်းကို အချိန်တိုင်း တပ်ဆင်ခြင်း ၊ အစားအစာ စားခွင့်ကို တားမြစ်ခြင်း။

(၂) အခန်းအတွင်း - ဝင်ရောက်သူဦးရေသည် သတ်မှတ်လူဦးရေနှင့် ကိုက်ညီမှု ရှိရမည်ဖြစ်ပြီး လူဦးရေ ၈၀ အထိသာဟူ၍ ကန့်သတ်မှု မရှိပါ။ အမှန်တကယ် ထိုင်ခုံအရေအတွက်အတိုင်း ထိုင်နိုင်မည်ဖြစ်ပြီး တစ်ဝိုင်းလေးယောက်ထိုင် / ခုံခြားထိုင် ဟူ၍ ကန့်သတ်မှု မရှိပါ။

(၃) အခန်းအပြင် - လူဦးရေ အရေအတွက်အား ၅၀% (အမှန်တကယ် ထိုင်ခုံအရေအတွက်၏ ၅၀%) ကို လျှော့ချမည်ဖြစ်ပြီး လူဦးရေ ၃၀၀ အထိသာဟူ၍ ကန့်သတ်မှု မရှိပါ။

(၄) အခန်းအတွင်းနှင့် အပြင် တန်းစီချိန်၌ သတ်မှတ်လုံခြုံအကွာအဝေးကို ထိန်းသိမ်းထားနိုင်သော အခြေအနေတွင် သတ်မှတ်နေရာတွင် ဝယ်ယူနိုင်ပြီး ကြိုတင်ဝယ်ယူခြင်းစနစ်အဖြစ် ကန့်သတ်ထားခြင်းမရှိပါ။

(၅) ပြပွဲမစခင် ၊ ပြပွဲအလယ်အနားယူချိန်နှင့် ပြပွဲအဆုံးတွင်  အခန်းအတွင်းနှင့် အပြင် သတ်မှတ်လုံခြုံအကွာအဝေးကို ထိန်းသိမ်းရမည်။  

ခ။ အပန်းဖြေ ဖျော်ဖြေရေးနေရာ အချို့ကိုလည်း (အောက်တိုဘာလ ၅ ရက်နေ့ မှစတင်၍) အခြေအနေအရ ဖွင့်လှစ်သွားပြီး စီးပွားရေးဝန်ကြီးဌာနမှ ကြေညာထားသော သက်ဆိုင်ရာ ကပ်ရောဂါကာကွယ်ရေးစီမံခန့်ခွဲမှု လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်။

(၁) ကြိုတင်ရက်ချိန်းယူစနစ် ၊ အမှန်အကန်ဆက်သွယ်မှုစနစ် ၊ ခန္ဓာကိုယ် အပူချိန်တိုင်းခြင်း ၊ နှာခေါင်းစည်းကို အချိန်တိုင်း တပ်ဆင်ခြင်း ၊ လူစီးဆင်းမှု ထိန်းချုပ်ခြင်း ၊ လေဝင်လေထွက် ကောင်းမွန်စေခြင်းတို့ကို လုပ်ဆောင်ရမည်။ အစောင့်အကြပ် ဝန်ဆောင်မှုကို ခွင့်ပြုမည်မဟုတ်ပါ။

(၂) တာဝန်ရှိ ဝန်ထမ်းများ၏ ၆၀ ရာခိုင်နှုန်းအထက်မှာ ကာကွယ်ဆေး ပထမအကြိမ်ကို ထိုးနှံထားရမည်ဖြစ်ပြီး ၁၄ ရက် ပြည့်ပြီးသူများဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးစီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ရမည်။

၂။ အီလက်ထရောနစ်ဂိမ်းဆိုင်များနှင့် သတင်းအချက်အလက်နှင့် အပန်းဖြေနေရာများ -

(၁) ဖောက်သည် ၁ ဦး ကို စက် ၁ ဦး ဖြင့် ကစားခြင်း ၊ စက်များအကြား ကြားခံအကာများကို တပ်ဆင်ထားခြင်း သို့မဟုတ် တစ်ဝိုင်းလေးယောက်ထိုင် / ခုံခြားထိုင် စနစ်ကို အသုံးပြုခြင်းတို့ကို လုပ်ဆောင်ရမည်။ စားသောက်ခြင်းကို ခွင့်မပြုရပါ။

(၂) စောင့်ကြည့်ရေးကိရိယာများကို တပ်ဆင်ထားပြီး လိုအပ်သည့်အချိန်အခါတွင် စစ်ဆေးရေးအတွက် ဗီဒီယိုဒေတာများကို ပေးပို့ရမည်။

(၃) ပတ်ဝန်းကျင်နှင့် စက် သန့်ရှင်းရေးကို ပုံမှန်လုပ်ဆောင်ပြီး ဖောက်သည်မှ ဂိမ်းဆော့ပြီး ထွက်ခွာချိန်တွင် စက်ကို ချက်ချင်း ပိုးသတ်သန့်စင်ရမည်။ သန့်စင်ခန်း သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။

ဂ၃။ ရိုက်ကူးရေးအစီအစဥ်ထုတ်လွှင့်ရာနေရာများ (MTV)

(၁) သတ်မှတ်ထိုင်ခုံနေရာ ၊ တစ်ဝိုင်းလေးယောက်ထိုင် သို့မဟုတ် ခုံခြားထိုင်စနစ်။ ထိုင်ခုံနေရာကို သတ်မှတ်ထားခြင်းမရှိပါက အကွာအဝေး ၁.၅ မီတာ အထက်ရှိရမည်။ စားသောက်ခြင်းကို ခွင့်မပြုရပါ။

(၂) ဖောက်သည်အဖွဲ့တစ်ဖွဲ့ ဝယ်ယူအားပေးပြီးချိန်တိုင်းတွင် အခန်းပတ်ဝန်းကျင်နှင့် အသုံးအဆောင်များကို သန့်ရှင်းရေး လုပ်ရမည်။ နောက်ဖောက်သည်အဖွဲ့တစ်ဖွဲ့ အသုံးပြုချိန်နှင့် အနည်းဆုံး မိနစ် ၃၀ ခွာထားရမည်ဖြစ်သည်။

(၃) အခန်းပတ်ဝန်းကျင် လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ပါ။ ၂ နာရီ ပြီးတိုင်းတွင် လေပြောင်းလဲမှုကိုလုပ်ဆောင်ပြီး အခန်းတွင်းရှိ လေလည်ပတ်မှုကို အရှိန်မြှင့်လုပ်ဆောင်ပါ။

၄။ ရုပ်မြင်သံကြားသီချင်းဆိုရာနေရာများ (ကိုယ်ထူကိုယ်ထစနစ် KTV နှင့် တယ်လီဖုန်းရုံငယ် KTV)

(၁) ရေသောက်ခြင်းမှလွဲ၍ စားသောက်ခွင့်မရှိပါ။ အချိန်တိုင်း (မိုက်ခရိုဖုန်းအသုံးပြုချိန်အပါအဝင်) တွင် နှာခေါင်းစည်းတပ်ဆင်ထားရမည်။

(၂) ဖောက်သည်အဖွဲ့တစ်ဖွဲ့ ဝယ်ယူအားပေးပြီးချိန်တိုင်းတွင် အခန်းပတ်ဝန်းကျင်နှင့် အသုံးအဆောင်များကို သန့်ရှင်းရေး လုပ်ရမည်။ နောက်ဖောက်သည်အဖွဲ့တစ်ဖွဲ့ အသုံးပြုချိန်နှင့် အနည်းဆုံး မိနစ် ၃၀ ခွာထားရမည်ဖြစ်သည်။

(၃) အခန်းပတ်ဝန်းကျင် လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ပါ။ ၂ နာရီ ပြီးတိုင်းတွင် လေပြောင်းလဲမှုကိုလုပ်ဆောင်ပြီး အခန်းတွင်းရှိ လေလည်ပတ်မှုကို အရှိန်မြှင့်လုပ်ဆောင်ပါ။

၅။ စားပွဲဂိမ်း ၊ မာကျောက် အပန်းဖြေနေရာများ

(၁) မတူညီသော ဝိုင်းမှ ဖောက်သည်များ အကွာအဝေး ၁.၅ မီတာနှင့် အထက် ခပ်ခွာခွာနေခြင်း သို့မဟုတ် သီးသန့်အခန်းများ ၊ ခန်းဆီးအကာ သို့မဟုတ် အကာပြားများ ထားရှိခြင်းတို့ကို လုပ်ဆောင်ရမည်။ တစ်ဝိုင်းတည်း အတူရှိသူများ အကာပြားများကို အသုံးပြုရမည်။

(၂) ပစ္စည်းများကို အသုံးမပြုမီနှင့် အသုံးပြုပြီးတိုင်း လက်သန့်ရှင်းကို လုပ်ဆောင်ရမည့်အပြင် လက်အိတ်ကိုပါ ဝတ်ဆင်ထားရမည်။ စားသောက်ချိန်တွင် သက်ဆိုင်ရာ စားသောက်စည်းမျဥ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(၃) ပစ္စည်းများနှင့် မျက်နှာပြင်များကို အသုံးပြုပြီးတိုင်း သန့်ရှင်းရေးကို ချက်ချင်းလုပ်ဆောင်ရမည်။ ကြားတွင် အနည်းဆုံး ၁၅ မိနစ် ခြားပြီးမှသာ နောက် ဖောက်သည်အဖွဲ့တစ်ဖွဲ့ကို အသုံးပြုခွင့်ပေးရမည်ဖြစ်သည်။

ဂ။ ဆက်လက်ပိတ်ပင်ထားဆဲနေရာများ - ဂီတရုံများ၊ အကရုံများ၊ နိုက်ကလပ်များ၊ ကလပ်များ၊ အရက်ဆိုင်များ၊ ဘားများ၊ ဟိုတယ် (သီးသန့်အရက်ခန်းများ)၊ ဆံပင်အလှပြင်ဆိုင်များ (အလည်အပတ်ဆံပင်အလှပြင်ဆိုင်များ၊ ရုပ်သံဆံပင်အလှပြင်ဆိုင်များ)

ညွှန်ကြားရေးစင်တာမှ ပြည်တွင်းပြည်ပကပ်ရောဂါအခြေအနေများကို မျက်ခြေမပြတ်စောင့်ကြည့်သွားပြီး တဖြည်းဖြည်းတိုးတက်လာမှုနှင့်အညီ  ထိန်းချုပ်မှုအစီအမံများကို အတန်အသင့် ဖြေလျှော့ပေးမည်။ ထို့အပြင် အများပြည်သူများအား လက်သန့်ရှင်းရေးကို မှန်မှန်ကန်ကန်လုပ်ဆောင်ရန်၊ ချောင်းဆိုးရာတွင် လိုက်နာရမည့် ကိုယ်အမူအရာများကို လုပ်ဆောင်ရန်နှင့် နှာခေါင်းစည်းများကို တပ်ဆင်ရန် အစရှိသည့် တစ်ကိုယ်ရည် ကာကွယ်ရေးအစီအမံများကို လုပ်ဆောင်ပြီး ကာကွယ်ရေးအစီအမံအားလုံးကို တက်တက်ကြွကြွ လက်တွဲညီညီပူးပေါင်းဆောင်ရွက်မှသာလျှင် ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ပြည်သူတို့၏ လူနေမှုဘ၀အရည်အသွေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

top