按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ညွှန်ကြားရေးစင်တာသည် စက်တင်ဘာလ ၇ရက်နေ့ မှ စက်တင်ဘာလ ၂၀ရက်နေ့ ထိ ကပ်ရောဂါသတိပေးချက် အဆင့်ကို အဆင့်(၂) အဖြစ် ဆက်လက်သတ်မှတ်ထားပြီး အများပြည်သူများအနေဖြင့် ပြည်တွင်းရပ်ကွက်ဘေးကင်းလုံခြုံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ကာကွယ်ရေးလမ်းညွှန်ချက်များကို စဥ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/09/10
  • 點閱次數:243

ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၆) ရက်နေ့တွင် ပြည်တွင်းရှိ ကပ်ရောဂါအခြေအနေမှာ ကျဆင်းသွားပြီဖြစ်သော်လည်း ကူးစက်မှု မူရင်းဇာတ်မြစ်ကို မသိရှိရသည့် ပြည်တွင်းကူးစက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအကဲဖြတ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ယနေ့ (၂၀၂၁)ခုနှစ် စက်တင်ဘာလ ၇ရက်နေ့မှ စက်တင်ဘာလ ၂၀ရက်နေ့ထိ ကပ်ရောဂါသတိပေးချက် အဆင့်ကို အဆင့်(၂)အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ ထိန်းသိမ်းထားဆဲ သို့မဟုတ် ပြောင်းလဲလိုက်သော ကန့်သတ်စည်းမျဥ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ ယေဘူယျနိယာမ (အောက်ဖော်ပြပါ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ၏ သက်ဆိုင်ရာ ကန့်သတ်ချက်များကို ပြောင်းလဲသတ်မှတ်ထားသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ကြေညာသောနေ့စွဲမှစတင်၍ အကျုံးဝင်မည်ဖြစ်သည်။) 

၁။ စားသောက်ချိန်မှလွဲ၍ အပြင်သို့သွားရောက်ချိန်တိုင်းတွင် နှာခေါင်းစည်းကို တပ်ဆင်ထားရမည်။

၂။ အမည်နှင့် မှတ်ပုံတင်ခြင်း၊ သတ်မှတ်လုံခြုံအကွာအဝေးတွင်သာ နေရမည်။

၃။ စီးပွားရေးနေရာများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် လူစုလူဝေးထိန်းချုပ်မှု (သို့) စုစုပေါင်းလူဦးရေထိန်းသိမ်းချုပ် - မိုးလုံလေလုံနေရာတွင် အနည်းဆုံး ၁.၅ မီတာ/လူ (၂.၂၅ စတုရန်းမီတာ/လူ) ၊ လဟာပြင်နေရာတွင် အနည်းဆုံး ၁ မီတာ/လူ (၁ စတုရန်းမီတာ/လူ) ဖြစ်သည်။

၄။ လှုပ်ရှားမှုများအတွက် အမြင့်ဆုံး ကန့်သတ်ဦးရေ - အတွင်းနေရာတွင် ၈၀ ယောက် ၊ အပြင်နေရာတွင် ၃၀၀ ယောက် အဖြစ် လျှော့ပေါ့သတ်မှတ်ထားသည်။ အကယ်၍ သတ်မှတ်ဦးရေထက် ကျော်လွန်ပါက ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ ကာကွယ်ရေးအစီအစဥ်များနှင့်တကွ အစီရင်ခံတင်ပြရမည်။

၅။ စားသောက်မှု စီမံခန့်ခွဲမှု - ကျန်းမာရေးနှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းမည်။

၆။ မင်္ဂလာဆောင်အခမ်းအနား ၊ နာရေးအခမ်းအနား

(၁) နာရေးအခမ်းအနားများအတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ ကာကွယ်ရေး

(၂) မင်္ဂလာဆောင်အခမ်းအနားအတွက် အခန်းတစ်ခန်းလျှင် အများဆုံး လူ၈၀ ဦး ၊ အခန်းပြင်ပ ဖြစ်ပါက အများဆုံး လူ၃၀၀ဦး ဖြစ်ပြီး  အစားအသောက်ကျွေးမွေးမှုအပိုင်းတွင် သတ်မှတ်စည်းမျဥ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး တစ်ဝိုင်းမှ တစ်ဝိုင်းသို့ သွားရောက်ပြီး အရက်ခွက်မြှောက်၍ ဆုတောင်းမင်္ဂလာပြုခြင်းများမပြုလုပ်ရပါ။

၇။ ရေကူးကန်နှင့် အားကစားရုံများ - သတ်မှတ်စံနှုန်းဖြင့်ကိုက်ညီသော ရေချိုးရာတွင် အသုံးပြုနိုင်သော ပစ္စည်းပစ္စယများ၊ ရေအေးရေပူကန်များ၊ SPA ဧရိယာများ၊ ကလေးရေကူးကန်များ အစရှိသည့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းပစ္စယများ။

၈။ ထိုင်ဝမ်မီးရထား - ရထားထိုင်ခုံအားလုံးကို ထိုင်ခုံနံပါတ်နှင့်သာ ရောင်းချခြင်းကိုသာလျှင် ဖွင့်လှစ်ပေးပြီး မတ်တပ်ရပ်လက်မှတ်များကို မရောင်းချပါ။

၉။ အမြန်မီးရထား - ရထားထိုင်ခုံအားလုံးကို ရောင်းချခြင်းအား ဖွင့်လှစ်ပေးထားပြီး ထိုင်ခုံနံပါတ်ဖြင့်သာ ရောင်းချခြင်းကို ထိန်းသိမ်းထားသည်။

၁၀။ အမျိုးသားရှုခင်းဥယျာဥ်များနှင့် ခရီးသွားလာရေးနှင့် အပန်းဖြေလုပ်ငန်းများ - ရပ်နားခွင့်လူဦးရေကန့်သတ်ချက်ကို ၈၀ ရာခိုင်နှုန်းအထိ ပြောင်းလဲသတ်မှတ်ထားသည်။

၁၁။ ခရီးသွားကားများပေါ်တွင် ခရီးသည်ဦးရေကို အမြင့်ဆုံး ၈၀ ရာခိုင်နှုန်းအထိသာ ခွင့်ပြုပေးထားပြီး လမ်းတစ်လျှောက်တွင် နှာခေါင်းစည်းကို တပ်ဆင်ရမည်။ ထို့အပြင် အစာစားသုံးခွင့်မရှိပါ။

ခ။ ဆက်လက်ပိတ်ပင်ထားဆဲနေရာများ -

၁။ ဂီတရုံများ၊ အကရုံများ၊ နိုက်ကလပ်များ၊ ကလပ်များ၊ အရက်ဆိုင်များ၊ ဘားများ၊ ဟိုတယ် (သီးသန့်အရက်ခန်းများ)၊ ရိုက်ကူးရေးအစီအစဥ်ထုတ်လွှင့်ရာနေရာများ(KTV)၊ ရုပ်မြင်သံကြားသီချင်းဆိုရာနေရာများ(KTV)၊ ဆံပင်အလှပြင်ဆိုင်များ (အလည်အပတ်ဆံပင်အလှပြင်ဆိုင်များ၊ ရုပ်သံဆံပင်အလှပြင်ဆိုင်များ)

၂။ အပန်းဖြေနေရာများ၊ အီလက်ထရောနစ်ဂိမ်းဆိုင်များ၊ သတင်းအချက်အလက်နှင့် အပန်းဖြေနေရာများ၊ မာကျောက်အပန်းဖြေနေရာနှင့် အခြားသော အလားတူနေရာများ)

ညွှန်ကြားရေးစင်တာမှ လက်ရှိတွင် ပြည်တွင်းကူးစက်ရောဂါအခြေအနေသည် တည်ငြိမ်သောထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ပြည်သူတို့၏ လူနေမှုဘ၀အရည်အသွေးကို ထည့်သွင်းစဉ်းစားသောအားဖြင့် နောက်ပိုင်းတွင် ကပ်ရောဂါအခြေအနေကို စောင့်ကြည့်ခြင်း၊ တဖြည်းဖြည်းတိုးတက်လာစေခြင်းနှင့် ထိန်းချုပ်မှုအစီအမံများကို အတန်အသင့် ဖြေလျှော့ပေးမည်။ ဗိုင်းရပ်စ်မျိုးကွဲများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ဖြေရှင်းခြင်းအတွက် နယ်စပ်စောင့်ကြည့်ခြင်းနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်မည်။ ထို့အပြင် အများပြည်သူများအား လက်သန့်ရှင်းရေးကို မှန်မှန်ကန်ကန်လုပ်ဆောင်ရန်၊ ချောင်းဆိုးရာတွင် လိုက်နာရမည့် ကိုယ်အမူအရာများကို လုပ်ဆောင်ရန်နှင့် နှာခေါင်းစည်းများကို တပ်ဆင်ရန်၊ မလိုအပ်သောသွားလာမှုများ၊ လှုပ်ရှားမှုများ သို့မဟုတ် စုဝေးမှုများကို လျှော့ချရန်၊ လူထူထပ်သောနေရာများ သို့မဟုတ် ကူးစက်နိုင်ခြေမြင့်မားသောဒေသများသို့ ၀င်ထွက်ခြင်းကို ရှောင်ကြဉ်ရန်တို့ကို နှိုးဆော်တိုက်တွန်းထားသည်။ ထို့အပြင် ရပ်ရွာကာကွယ်ရေးလိုင်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး ကပ်ရောဂါကာကွယ်တားဆီးရေးအစီအမံမျိုးစုံကို တက်ကြွစွာပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

top