按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

“အဆင့် လျှော့ချလိုက်ပြီ။ နိုင်ငံခြားသားများအနေဖြင့် သတ်မှတ်ချက်အတိုင်း နေထိုင်ရပ်နားခွင့်လျှောက်လွှာတင်သွင်းခြင်း သို့မဟုတ် နိုင်ငံမှထွက်ခွာခြင်းတို့ကို လိုက်နာဆောင်ရွက်ပါရန်။”

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2021/08/05
  • 點閱次數:451

၁။ နေထိုင်ခွင့်သက်တမ်းတိုးမည့်၊ ပြည်တွင်းသို့ဝင်ရောက်ပြီး ပထမဦးဆုံးအကြိမ် နေထိုင်ခွင့်ကတ်ပြားလျှောက်မည့်၊ ထိုင်ဝမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော နေထိုင်ခွင့်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ အချက်အလက်များကို ပြုပြင်ပြောင်းလဲပြီး မှတ်ပုံတင်သွင်းမည့် နိုင်ငံခြားသားများအနေဖြင့် ကပ်ရောဂါသတိပေးချက်အဆင့်ကို ဒုတိယအဆင့်အဖြစ် လျှော့ချသတ်မှတ်လိုက်သည့်နေ့မှ ရက် ၃၀ အတွင်း (ဇူလိုင်လ ၂၇ရက် မှ ဩဂုတ်လ ၂၅ရက် ထိ) ဝန်ဆောင်မှုဌာနများသို့ သွားရောက်ပြီး နေထိုင်ခွင့်လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပေးပါ။

၂။ ပြည်တွင်း၌ ရပ်နားခွင့် သို့မဟုတ် ပြည်တွင်းမှ မထွက်ခွာသေးပဲ ဆက်လက် သက်တမ်းတိုးခွင့်ရှိသော အထောက်အထားများနှင့် ပြည့်စုံသော နိုင်ငံခြားသားများအနေဖြင့် ကပ်ရောဂါသတိပေးချက်အဆင့်ကို ဒုတိယအဆင့်အဖြစ် လျှော့ချသတ်မှတ်လိုက်သည့် နောက်တစ်နေ့မှ စတင်၍ ၁၀ ရက်အတွင်း (ဇူလိုင်လ ၂၈ရက် မှ ဩဂုတ်လ ၆ရက် ထိ) သက်ဆိုင်ရာ အချက်အလက်များကို ပြင်ဆင်၍ ဝန်ဆောင်မှုဌာနများသို့ သွားရောက်ပြီး သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပေးပါ။

၃။ ပြည်တွင်း၌ ရပ်နားခွင့် သို့မဟုတ် ပြည်တွင်းမှ မထွက်ခွာသေးပဲ ဆက်လက် သက်တမ်းတိုးခွင့် မရှိတော့ နိုင်ငံခြားသားများအနေဖြင့် ကပ်ရောဂါသတိပေးချက်အဆင့်ကို ဒုတိယအဆင့်အဖြစ် လျှော့ချသတ်မှတ်လိုက်သည့် နောက်တစ်နေ့မှ စတင်၍ ၁၀ ရက်အတွင်း (ဇူလိုင်လ ၂၈ရက် မှ ဩဂုတ်လ ၆ရက် ထိ) လေဆိပ်သို့ တိုက်ရိုက်သွားရောက်ပြီး ထွက်ခွာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပေးပါ။ အဆိုပါ ခွင့်ပြုထားသော ရက်အတွင်းကို နေထိုင်ခွင့်သက်တမ်းကျော်လွန်၍ နေထိုင်ခြင်းဟူ၍ သတ်မှတ်မည်မဟုတ်ပါ။ ဝန်ဆောင်မှုဌာနများသို့ သွားရောက်ပြီး ပြည်တွင်းမှထွက်ခွာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန်လည်းမလိုအပ်ပါ။

top