按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ညွှန်ကြားရေးစင်တာသည် ဇူလိုင်လ ၂၇ရက်နေ့ မှ ဩဂုတ်လ ၉ရက်နေ့ ထိ ကပ်ရောဂါသတိပေးချက် စံသတ်မှတ်ချက်ကို အဆင့်(၂) အဖြစ် လျှော့ချပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြည်သူများအနေဖြင့် ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်ပြီး အများပြည်သူတို့၏ ကျန်းမာရေးကို အတူတကွကာကွယ်ပေးကြရန် တောင်းဆိုခဲ့သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/07/26
  • 點閱次數:222
ညွှန်ကြားရေးစင်တာသည် ဇူလိုင်လ ၂၇ရက်နေ့ မှ ဩဂုတ်လ ၉ရက်နေ့ ထိ ကပ်ရောဂါသတိပေးချက် စံသတ်မှတ်ချက်ကို အဆင့်(၂) အဖြစ် လျှော့ချပြောင်းလဲသတ်မှတ်ခဲ့ပြီး ပြည်သူများအနေဖြင့် ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများကို ပူးပေါင်းလိုက်နာဆောင်ရွက်ပြီး အများပြည်သူတို့၏ ကျန်းမာရေးကို အတူတကွကာကွယ်ပေးကြရန် တောင်းဆိုခဲ့သည်။

ကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၂၃) ရက်နေ့တွင် ပြည်တွင်းကပ်ရောဂါနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများကို  ထည့်သွင်းစဥ်စားပြီး ဒေသန္တရအစိုးရအသီးသီးတို့နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ဇူလိုင်လ ၂၇ ရက်နေ့ မှ ဩဂုတ်လ ၉ ရက်နေ့ ထိ ကပ်ရောဂါသတိပေးချက် စံသတ်မှတ်ချက်ကို အဆင့်(၂) အဖြစ် လျှော့ချပြောင်းလဲသတ်မှတ်ခဲ့သည်။ ဝန်ကြီးဌာနအသီးသီးအနေဖြင့် ညွှန်ကြားရေးစင်တာမှ ချမှတ်ထားသော အထွေထွေစည်းမျဥ်းစည်းကမ်းများနှင့်အညီ သီးခြားလမ်းညွှန်ချက်များကို ရေးဆွဲနိုင်သည်။ ဒေသန္တရအစိုးရအသီးသီးမှလည်း အဆိုပါမူအတိုင်း ကပ်ရောဂါ၏ လိုအပ်ချက်များအပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။ သို့ရာတွင် အများပြည်သူများ လိုက်နာနိုင်ရန်အတွက် သက်ဆိုင်ရာလမ်းညွှန်ချက်များသည် သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ ရှင်းလင်းပြတ်သားရန်လိုအပ်သည်။ ဖော်ပြချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အထွေထွေ စည်းမျဥ်းစည်းကမ်းများ -

(၁) အစာစားသောက်ချိန်မှလွဲ၍ အပြင်သွားရောက်ချိန်တိုင်း နှာခေါင်းစည်း အပြည့်တပ်ဆင်ရမည်။

(၂) အမည်ဖြင့် မှတ်ပုံတင်ခြင်းနည်းစနစ်ကို အမှန်တကယ် လုပ်ဆောင်ရမည်။

(၃) Social Distancing သတ်မှတ်အကွာအဝေးကို လိုက်နာရမည်။

(၄) စီးပွားရေးလုပ်ငန်းဆောင်တာနေရာများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် လူအဝင်အထွက်စီးဆင်းမှုကို ကန့်သတ်ခြင်း သို့မဟုတ် (မိုးလုံလေလုံနေရာတွင် ၁.၅ မီတာ/လူတစ်ယောက် (၂.၂၅ စတုရန်းမီတာ/လူတစ်ယောက်) သို့မဟုတ် လဟာပြင်နေရာတွင် ၁ မီတာ/လူတစ်ယောက် (၁ စတုရန်းမီတာ/လူတစ်ယောက်) စုစုပေါင်းလူဦးရေကို ကန့်သတ်ခြင်းများ ရှိရမည်။

(၅) လူထုစည်းဝေးပွဲအနေဖြင့် မိုးလုံလေလုံနေရာတွင် လူအယောက် ၅၀ ၊ လဟာပြင်နေရာတွင် လူအယောက် ၁၀၀ အဖြစ် သတ်မှတ်ထားပြီး သတ်မှတ်အရေအတွက်ထက် ကျော်လွန်ပါက ကပ်ရောဂါကာကွယ်ရေးအစီအမံကို သတိပြုရမည်။

(၆) စားသောက်ဆိုင်အတွင်း၌ စားသောက်ခြင်းစည်းမျဥ်းစည်းကမ်းများကို ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ချမှတ်လမ်းစဥ်အတိုင်း လုပ်ဆောင်ရမည်။

၂။ မင်္ဂလာဆောင်အခမ်းအနားနှင့် ပူဇော်ရေးအခမ်းအနားများကို ဆင်နွှဲနိုင်သည်။

(၁) ပူဇော်ရေးအခမ်းအနားများတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကပ်ရောဂါလမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ရမည်။

(၂) မင်္ဂလာဆောင်အခမ်းအနားများအနေဖြင့် မိုးလုံလေလုံနေရာတွင် လူ အယောက် ၅၀ ၊ လဟာပြင်နေရာတွင် လူအယောက် ၁၀၀ သည် အမြင့်ဆုံးဖြစ်ပြီး ဧည့်ခံကျွေးမွေးမှုနှင့် ပတ်သက်၍ တစ်ဝိုင်းမှ တစ်ဝိုင်းသို့ သွားရောက်၍ အရက်ခွက်ပြိုင်တူ မြှောက်၍ ဆုတောင်းမင်္ဂလာပြုခြင်းများ မလုပ်ဆောင်ရပါ။

၃။ ဆက်လက်ပိတ်ထားဆဲနေရာများ -

(၁) အပန်းဖြေနေရာများ - ဂီတခန်းမများ၊ ကပွဲရုံများ၊ နိုက်ကလပ်များ၊ ကလပ်များ၊ အရက်ဆိုင်များ၊ ဘားများ၊ ဟိုတယ်များရှိ သီးသန့် (အရက်ခန်းများ)၊ တီဗွီရုပ်သံသီချင်းရုံများ (MTV)၊ ကာရာအိုကေခန်းများ (KTV)၊ ဆံသဆိုင်များ၊ မိုးလုံလေလုံ တီဗွီဖန်သားပြင်ပေါ်တွင် လေ့ကျင့်ကစားရသည့် ဂေါက်ကွင်းရုံများ၊ amusement arcade များ၊ ဗွီဒီယိုဂိမ်းဆိုင်များ၊ သတင်းအချက်အလက်အပန်းဖြေရုံများ၊ အပန်းဖြေမာကျောက်ရုံများ၊ စားပွဲပေါ်တင်ဂိမ်းရုံများနှင့် အခြားသောအလားတူနေရာများ။  

(၂) ပညာသင်ကြားလေ့လာရေးနေရာများ - ကွန်မျူနီတီကောလိပ် (Community College) များ (ဆောင်းဦးရာသီအတန်းများအတွက် ကျောင်းအပ်နှံနိုင်ရန် ဖွင့်လှစ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်တက်ရောက်ရမည့် အတန်းများကို ဖွင့်လှစ်ခြင်းမရှိပါ။)၊ သက်ကြီးရွယ်အိုများအတွက် ဖွင့်လှစ်ထားသော လေ့လာသင်ကြားရေးစင်တာ (Senior Citizens Learning Center) များ၊ K စာကြည့်စင်တာ (Study Center) များ၊  ရေကူးကန်များကဲ့သို့သော အခြားသောအလားတူနေရာများ။

ညွှန်ကြားရေးစင်တာမှ ပြည်တွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ အတူတကွ ကြိုးပမ်းမှုများကြောင့် ပြည်တွင်းရှိကပ်ရောဂါကို ထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်ရှိပြီဖြစ်ပြီး ကပ်ရောဂါကာကွယ်ရေးနှင့် လူနေမှုဘဝအရည်အသွေးတို့ကို ထည့်သွင်းစဥ်းစားကာ ကပ်ရောဂါကာကွယ်တားဆီးရေးစည်းမျဥ်းစည်းကမ်းများကို တဖြည်းဖြည်းလျှော့ချပေးနေကြောင်း ဖော်ပြခဲ့သည်။ ထပ်မံ၍ ညွှန်ကြားရေးစင်တာမှ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းစဥ်သည် နိုင်ငံသူနိုင်ငံသားအားလုံး စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကာကွယ်ရေးနည်းလမ်းသတ်မှတ်ချက်များကို ဆက်လက်ပူးပေါင်းပါဝင်ဆင်နွှဲပေးကြရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ ထို့အပြင် မိမိ၏ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်း (နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း အစရှိသော) အကျင့်ကောင်းများကို ဆက်လက်ဆောင်ရွက်ခြင်း၊ Social Distancing သတ်မှတ်အကွာအဝေးကို လိုက်နာခြင်း တို့ကို လုပ်ဆောင်မှသာလျှင် ကပ်ရောဂါကူးစက်ပျံ့ပွားမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး အများပြည်သူတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

top