按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

တစ်နိုင်ငံလုံး၌ အမှတ်စဥ် ၉ နှင့် အမှတ်စဥ် ၁၀ အောက်တွင်ပါရှိသူများ ဆန္ဒမှတ်ပုံတင်သွင်းခြင်းကို ယနေ့မှစ၍ ဖွင့်လှစ်မည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/07/12
  • 點閱次數:236

COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် ညွှန်ကြားရေးစင်တာသည် ယမန်နေ့ (၇) ရက်နေ့ မွန်းလွဲပိုင်း၌ ဒေသန္တရအစိုးရအသီးသီး၏ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့ပြီး “ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူများ မှတ်ပုံတင်သွင်းခြင်းနှင့် ရက်ချိန်းယူခြင်းစနစ်” နှင့်ပတ်သတ်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ရရှိခဲ့သော သဘောတူညီမှုနှင့် ဆုံးဖြတ်ချက်တို့မှာ အောက်ပါအတိုင်းဖြစ်ကြောင်းကို ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၈)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။


၁။ ညွှန်ကြားရေးစင်တာသည် တစ်နိုင်ငံလုံး၌ အမှတ်စဥ် ၉ နှင့် အမှတ်စဥ် ၁၀ အောက်တွင်ပါရှိသူများ ဆန္ဒမှတ်ပုံတင်သွင်းခြင်းကို ယနေ့မှစ၍ ဖွင့်လှစ်မည့်အပြင် “ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူများ မှတ်ပုံတင်သွင်းခြင်းနှင့် ရက်ချိန်းယူခြင်းစနစ်” တို့ကို တရားဝင်စတင်မည်ဖြစ်သောကြောင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ဆန္ဒရှိပြည်သူများအနေဖြင့် ဦးစွာမှတ်ပုံတင်သွင်းနိုင်သည်။


(၁) ဆန္ဒမှတ်ပုံတင်သွင်းခြင်း - ယနေ့မှစတင်၍ ဇူလိုင်လ ၁၂ရက် မွန်းလွဲ ၅ နာရီထိ။


(၂) အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ ကာကွယ်ဆေးထိုးနှံနိုင်သည့် အခွင့်အရေးကို အာမခံနိုင်ရန်အတွက် ဆန္ဒရှိသူများအနေဖြင့် အဆိုပါစနစ်ကို အသုံးပြုပြီး ဆန္ဒမှတ်ပုံတင်သွင်းခြင်းကို အချိန်ဇယားအတိုင်း လုပ်ဆောင်ပါ။


၂။ “ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူများ မှတ်ပုံတင်သွင်းခြင်းနှင့် ရက်ချိန်းယူခြင်းစနစ်” ကို အသုံးပြုရန် အဆင်မပြေသည့် ပြည်သူများ ဆန္ဒမှတ်ပုံတင်သွင်းနိုင်ရန်အတွက် ဒေသန္တရအစိုးရများအနေဖြင့် ဒေသအလိုက် ဝန်ဆောင်မှုအထူးလိုင်း သို့မဟုတ် သတ်မှတ်ဝန်ထမ်းများကို သတ်မှတ်ပေးရမည်။


ညွှန်ကြားရေးစင်တာမှ “ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူများ မှတ်ပုံတင်သွင်းခြင်းနှင့် ရက်ချိန်းယူခြင်းစနစ်” ကို ဦးစွာ ဆန္ဒမှတ်ပုံတင်သွင်းပြီးမှသာလျှင် ရက်ချိန်းအတွက် အကြောင်းကြားစာကို ရရှိမည်ဖြစ်သည်။ စနစ်ပလက်ဖောင်းတွင် ကာကွယ်ဆေးဖြန့်ဝေမှုအခြေအနေအရ ဆန္ဒမှတ်ပုံတင်သွင်းထားသည့် ပြည်သူများကို သုံးသပ်ပြီး ရက်ချိန်းသတ်မှတ်ချက်နှင့်ကိုက်ညီသော ပြည်သူများကိုသာ အကြောင်းကြားစာပေးပို့မည်ဖြစ်ပြီး အကြောင်းကြားစာရရှိသူများသည် နောက်တစ်ဆင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အကြောင်းကြားစာမရရှိသေးသည့် ပြည်သူများအနေဖြင့် ရက်ချိန်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့်အခါတွင် အကြောင်းကြားစာကို ရရှိမည်ဖြစ်ကာ တင်သွင်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို စနစ်တကျသိမ်းဆည်းထားမည်ဖြစ်သည့်အတွက် ပြည်သူများယုံကြည်စိတ်ချနိုင်ပါသည်။ ညွှန်ကြား‌ရေးစင်တာမှလည်း “ကာကွယ်ဆေးထိုးနှံရန်ဆန္ဒရှိသူများ မှတ်ပုံတင်သွင်းခြင်းနှင့် ရက်ချိန်းယူခြင်းစနစ်” တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို တည်တည်ငြိမ်ငြိမ်နှင့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး ဗဟိုနှင့် ဒေသန္တရအစိုးရများအနေဖြင့် လက်တွဲညီညီ ကာကွယ်ဆေးထိုးနှံမှုမြှင့်တင်ခြင်း၊ အုပ်စုလိုက်ကာကွယ်မှုမြှင့်တင်ခြင်းနှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်းကို အလေးထားပြောဆိုခဲ့သည်။


မှတ်ချက် -

အမှတ်စဥ် ၉ အောက်တွင်ပါရှိသူများမှာ အသက် ၁၈-၆၄ နှစ်ကြားဖြစ်ပြီး  ပြင်းထန်ရောဂါများ အလွယ်တကူ ဖြစ်ပွားနိုင်ခြေများသူများ၊ ရှားပါး‌ရောဂါနှင့် ပြင်းထန်ရောဂါဝေဒနာသည်များဖြစ်သည်။

ပြင်းထန်ရောဂါဖြစ်ပွားနိုင်ခြေများသူများဆိုင်ရာသတ်မှတ်ချက် - https://reurl.cc/R02Qx6

ရှားပါးရောဂါဆိုင်ရာသတ်မှတ်ချက် - https://reurl.cc/Nr2E36

ကျန်းမာရေးအာမခံကဒ်ပြားတွင်ပါရှိသော သတ်မှတ်ချက် သို့မဟုတ် ပြင်းထန်ရောဂါဝေဒနာကဒ်ပြားကို အဓိကထားပြီး ပြင်းထန်ရောဂါဝေဒနာသည်ဖြစ်ကြောင်းသတ်မှတ်သည်။ 

အမှတ်စဥ် ၉ အောက်တွင်ပါရှိသူများမှာ အသက် ၅၀-၆၄ နှစ်ကြား လူကြီးများဖြစ်သည်။

top